Friday, June 27, 2014

ဆက်ဒမ်ဟူစိန်ကို သေဒဏ်ပေးခဲ့သည့် တရားသူကြီးကို ISISတို့ လက်စားချေသတ်ဖြတ်

အီရတ်မြောက်ပိုင်းနှင့် အနောက်ပိုင်း ဒေသများရှိ မြို့ရွာများ ကို သိမ်းပိုက်ထားသည့် ISISစစ်သွေးကြွများသည် အာဏာရှင်ဟောင်း
ဆက်ဒမ်ဟူစိန်အား သေဒဏ်ချမှတ်ခဲ့သည့်တရားသူကြီး တစ်ဦး ကို လက်စားချေ သုတ်သင်လိုက်ကြောင်း သတင်းများ ထွက်ပေါ်လာခဲ့သည်။
ရာအော့ဖ် အက်ဘ်ဒူလ်ရာဟ်မန်သည် (၂၀၀၆)ခုနှစ်က ဟူစိန်အား ကြိုးဆွဲချ ကွပ်မျက်ရန် အမိန့်ချမှတ်ခဲ့သည့် တရားသူကြီး ဖြစ်သည်။ ISISတို့သည် ဇွန်လလယ်က ရာဟ်မန်အား ဖမ်းဆီးရမိခဲ့ပြီး ဟူစိန်အတွက် လက်စားချေသည့် အနေဖြင့် ကွပ်မျက်ခဲ့ခြင်းဟု သိရသည်။
ဂျော်ဒန် လွှတ်တော်အမတ် ခါလီ အက်တီယာနှင့် ISIS ဆွန်နီ မွတ်ဆလင်

စစ်သွေးကြွတို့၏ Facebook စာမျက်နှာများပေါ်တွင် စတင်ဖော်ပြခဲ့သော သတင်းကို အီရတ်အစိုးရ က အတည်မပြုခဲ့ချေ။ သို့သော်လည်း အီရတ်၏ နာမည်ကျော် တရားသူကြီး တစ်ဦးဖြစ်သော ရာဟ်မန် ကို ISISက သေဒဏ်စီရင်လိုက်ပြီ ဆိုခြင်းကိုလည်း အစိုးရက မငြင်းဆန်ခဲ့ချေ။ ကလေး(၃) ဦး၏ ဖခင်ဖြစ်သော ရာဟ်မန်သည် ဇွန်လ(၁၆)ရက်နေ့ကအဖမ်းခံရပြီး(၂)ရက်အကြာတွင် သေဒဏ် စီရင် ခံရသည်ဟု သတင်းများ ထွက်ပေါ်နေသည်။
ဂျော်ဒန်အမတ် အက်တီယာက ဘဂ္ဂဒက်၏ အခြေအနေ မငြိမ်သက်တော့သည့်နောက် ရာဟ်မန် သည် ကချေ သည် တစ်ဦးအသွင် ရုပ်ဖျက်ဝတ်ဆင်ကာ ထွက်ပြေးရန် ကြိုးပမ်းခဲ့သော်လည်း စစ်သွေးကြွတို့လက်ထဲသို့ တည့်တည့်မတ်မတ် ကျရောက်ခဲ့ခြင်းဟုလည်း Facebook တွင် ရေးသား ခဲ့သည်။
ရာဟ်မန်သည် (၁၉၈၈)ခုနှစ်က ဟူစိန်၏ စစ်တပ်က အဆိပ်ဓာတ်ငွေ့များဖြင့် တိုက်ခိုက်မှုကို ခံခဲ့ရ သည့် ဟာလက်ဘ်ဂျာ ဒေသတွင် မွေးဖွားခဲ့သူဖြစ်ပြီး ဟူစိန်ကို သေဒဏ်စီရင်ရာ၌ ၎င်းသည် နာ ကျည်း မှု ခံစားချက်ကို ဘက်လိုက်ပြီး ပြင်းထန်စွာ ဆုံးဖြတ်ခဲ့ကြောင်း ဝေဖန်မှုများ ကြုံခဲ့ရသည်။

_Ref: Dailymail

No comments:

Post a Comment