Friday, June 27, 2014

၉၆၉ နဲ့ မဘသ ဘုန်းကြီးတွေဟာ စဉ်းစားဆင်ခြင်နိုင်စွမ်း ကင်းမဲ့ပြီး ရခိုင်လူမျိုးများအား အစွန်းရောက် ၀ံသာနုရက္ခိတစိတ်ဓါတ်တွေဟု ပြောကြားလိုက်သည့် အောင်ရင်ငြိမ်း


စာပေလောက၊ လူမှုကွန်ရက် စာမျက်နှာများနှင့် ပြည်သူအများစုကြားတွင် ဝေဖန်မှုများ ထွက်ပေါ်နေ သည့် “ရိုမန်းဘော့စ်တွေရဲ့ ကမ္ဘာ” စာအုပ်မှာ အောင်ရင်ငြိမ်း ဘာတွေ ရေးခဲ့သလဲ?
အများစုက စိတ်ဝင်စားနေကြမှာပါ။ စာအုပ်ကို ဈေးကွက်ထဲမှာ ၀ယ်လို့မရနိုင်တဲ့အတွက် လက် လှမ်း မမှီဖြစ်နေသူများအဖို့ ယနေ့မှာတော့ pdf စာအုပ် ထွက်ပေါ်လာခဲ့ပါပြီ။
အပြာဆန်ဆန် အရေးသားတွေကြောင့် နာမည်ကြီးနေတဲ့ ပြင်းထန်စွာဝေဖန်ခံနေရတဲ့ စာအုပ် အပေါ် ဘာတွေများရေးထားသလဲလို့ ဖတ်ကြည့်မိပါတယ်။အင်မတန်မှ စိတ်ပျက်ဖွယ်ရာပါပဲ။ ကာမပိုင် လင်ယောင်္ကျားရှိတဲ့ အမျိုးသမီးတစ်ယောက်ဟာမိမိစိတ်ကြိုက် အခြားယောင်္ကျား တစ်ယောက်နဲ့ ဖောက်ပြန်ခွင့်ရှိပြီးအမျိုးဘာသာ၊သာသနာကိုလည်း စော်ကားထားပါသေးတယ်။ စာရေးဆရာဟာ စိတ်ဒဏ်ရာ ရနေသူတစ်ဦးဖြစ်ဖို့များပါတယ်။
ဒါ့အပြင် မိမိခေါင်းထဲမှာရှိတဲ့ ပေါက်တတ်ကရအတွေးများကိုလည်း ထည့်သွင်းရေးသားထားပြီး ဒီလိုစာပေမျိုးကို ထုတ်ဝေခဲ့တဲ့ ထုတ်ဝေသူနဲ့ ဖြန့်ချိသူတွေကိုလည်း အံ့သြမိပါတယ်။
ဒါ့အပြင် စာဖတ်ပရိသတ်ဖြစ်တဲ့ ပြည်သူလူထုနဲ့ သံဃာတွေကိုပါ စော်ကားထားပြီးရခိုင်လူမျိုး များ ကို ပါ အစွန်းရောက် အကြမ်းဖက်များအဖြစ် စာအုပ်ထဲမှာ ဝေဖန်ခဲ့တာကို တွေ့ရမှာပါ။ရခိုင်လူ မျိုးများ၊ အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့အနေနဲ့လည်း ဒီကိစ္စကိုပြန်ကြားရေးတာ ၀န်ရှိသူတွေထံတင်ပြပြီး ပြင်းပြင်းထန်ထန် အရေးယူပေးဖို့ တောင်းဆိုသင့်ပါတယ်။
အောင်ရင်ငြိမ်းဟာ အခုတော့ သာကေတဘက်ကို ထွက်ပြေးနေတယ်လို့ကြားပါတယ်။

အောင်ရင်ငြိမ်းစာအုပ်ထဲက သံဃာတော်များနဲ့ ရခိုင်လူမျိုးများကို စော်ကားထားတဲ့ စာပိုဒ် အချို့ ကို နမူနာ ဖော်ပြလိုက်ပါတယ်။

ဆင်ခြေဖုံးရပ်ကွက် တရားပွဲတွေမှာ ၉၆၉ နဲ့ မဘသ ဘုန်းကြီးတွေဟာ စဉ်းစားဆင်ခြင်နိုင်စွမ်း ကင်းမဲ့ပြီး ခေတ်ပညာမတတ်တဲ့ ပြည်သူလူထုကိုလူမျိုးဘာသာသာသနာကာကွယ်စောင့်ရှောက်ရေး တရားတွေ နိုင်ငံရေးသမားလေသံနဲ့ ဟောပြောနေကြတယ်။

အနောက်ဘက် ခြံစည်းရိုးတ၀ိုက်မှာလည်း လူမျိုးတစ်မျိုးနဲ့တစ်မျိုး လူသားအသိအမြင်တွေ ပျောက်ကွယ်ပြီး အစွန်းရောက် ၀ံသာနုရက္ခိတစိတ်ဓါတ်တွေ မီးဟုန်းဟုန်းတောက်လောင်နေသလို ၀ာာဝန်ကျေပွန်တဲ့
ခေတ်ပညာတတ် လစ်ဘရယ်ဒီမိုကရက်တစ်တွေက လူ့အခွင့်အရေး ကို သတိပြုကြဖို့ သတိပေးနေကြပေမယ့် အသိညဏ်ကင်းမဲ့တဲ့ ပြည်သူတွေရဲ့ မျက်ကန်းမျိုးချစ် စိတ်မီးလျှံတွေ ဆက်လက် ကျွမ်းလောင်နေကြတယ်.....

အထက်ပါ အရေးအသားများဖြင့် ပြည်သူလူထုနှင့် ရဟန်းသံဃာများအား စော်ကားခဲ့သော်လည်း
ရိုမန်ဘော့ထ်စာရေးဆရာ အောင်ရင်ငြိမ်းကို ဖမ်းဆီးအရေးယူလျှင် လူ့အခွင့်အရေး ချိုးဖောက်ရာ ရောက်မည် ဟု NLD ပါတီနှင့် လူ့အခွင့်အရေး လှုပ်ရှားသူများက ပြောဆိုလျက်ရှိသည်။

”၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေက စစ်အာဏာရှင်တွေ စိတ်ကြိုက်ရေးဆွဲခဲ့တာ ဖြစ်ပါတယ်။ ကျွန်တော်တို့က နိုင်ငံတကာစံနှုန်းတွေနဲ့ ကြည့်လိုက်တော့ အတော်များများ ပြင်ဆင်ရမှာ ဖြစ်ပါတယ်။ ဒီလို ပြင်ဆင်နိုင်ဖို့ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးစည်းရုံးမှုတွေ လုပ်နေတာပါ။ အခု ကိစ္စကိုလည်း နိုင်ငံတကာစံနှုန်းတွေနဲ့ ကြည့်ရပါလိမ့်မယ်။ နိုင်ငံတကာမှာ ဒီလို လုပ်ရပ်တွေကို ဘယ်လို အရေးယူသလဲ နှိုင်းယှဉ်ကြည့်ဖို့ လိုပါတယ်။ လူ့အခွင့်အရေးကို အလေးထားတဲ့ အစိုးရဆိုရင် ဒီလိုမျိုး မိမိယုံကြည်ရာကို ရေးသားဖော်ပြခဲ့ နိုင်ငံသားတွေကို အရေးယူတာမျိုး လုပ်စရာ အကြောင်း မရှိပါဘူး။ ဒါကို ကျွန်တော်တို့ NLD ပါတီက ပြင်းပြင်းထန်ထန် ကန့်ကွက်သွားမှာ ဖြစ်ပါတယ်” ဟု ဦးဝင်းမြင့်က ၄င်း၏သဘောထားကို ပြောကြားခဲ့သေးသည်။

No comments:

Post a Comment