Wednesday, June 11, 2014

"NLD နဲ့ ၈၈ ဦးဆောင်ပြီး ၄၃၆ ပြင်ဖို့လုပ်နေတာ နည်းလမ်းလွဲနေတယ်" ~ ဒေါက်တာ ဆလိုင်းငွန်ကျုံးလျန် (ဖွဲ့စည်းပုံဆိုင်ရာ ကျွမ်းကျင်သူ)

From : .. KMY
ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လူထု
လက် မှတ်ကောက်ယူမှုတွေ လုပ်နေတဲ့
လုပ်ရပ်ဟာ နည်းလမ်းဘွဲနေတယ် လို့
 မြန်မာငြိမ်းချမ်းရေးစင်တာကအကြံပေး ပညာရှင်ဒေါက်တာငွန်ကျူံးလျန် ကပြောဆိုပါတယ်။ဒီလုပ်ရပ်ဟာ နည်းလမ်းလွဲနေတယ်လို့ဘာ့ကြောင့်ပြော တာလဲ။
လက်ရှိ မြန်မာနိုင်ငံအသွင်ကူးပြောင်းရေးကာလမှာဖွဲ့စည်းပုံပြင်ဖို့ တွန်းအားပေးနေရင် တိုင်းပြည် အတွက် အန္တရာယ်များသလို တကယ်ပြင်ဆင်ရမှာ လွှတ်တော်တွင်းကဖြစ်တာကြောင်­့ NLD နဲ့ ၈၈မျိုးဆက်ဦးဆောင်ပြီး ၄၃၆ ပြင်ဆင်ရေးလုပ်ဆောင်နေတာဟာ နည်းလမ်းလွဲနေတယ်လို့ ဇွန် ၇ရက်နေ့က UMFCCI က ဟောပြောပွဲမှာ ပြောဆိုခဲ့ပါတယ်။
မြန်မာ့နိုင်ငံရေး အသွင်ကူးပြောင်းမှုကာလ အနာဂတ်မှန်းဆချက်များဆိုတဲ့ ခေါင်းစဉ်နဲ့ UMFCCI မှာကျင်းပတဲ့ဒီဟောပြောပွဲကို ဒေါက်တာဆလိုင်းငွန်ကျူံးလျန်၊ ဒေါက်တာမင်းဇော်ဦး၊ ဦးအောင် သူငြိမ်းနဲ့ ဦးတင်မောင်သန်းတို့က ဦးဆောင်ဆွေးနွေးခဲ့ပါတယ်။ သမ္မတရုံးဝန်ကြီး ဦးအောင်မင်း လည်း တက်ရောက်ခဲ့ပါတယ်။

ပြောဆိုချက် အပြည့်အစုံ ဗွီဒီယို https://www.youtube.com/watch?v=uw2XoZmqmKY&feature=youtu.be နှင့် https://www.facebook.com/photo.php?v=650901201670672 တွင့် ကြည့်ရှုနိုင်ပါသည်။

No comments:

Post a Comment