Tuesday, August 13, 2013

ကလစ်တစ်ချက်နှိပ်ရုံဖြင့် Win, Myanmar 3 နှင့် Zawgyi Font တစ်ခုမှ တစ်ခုသို့ ပြောင်းပေးနိုင်သည့် Process Font Converter ထွက်ရှိ

ကလစ်တစ်ချက်နှိပ်ရုံဖြင့် Win, Myanmar 3 နှင့် Zawgyi Font တစ်ခု မှ တစ်ခုသို့ ပြောင်းပေးနိုင်သည့် Process Font Converter ထွက်ရှိ လာကြောင်း သိရသည်။ “ကွန်ပျူ တာပေါ်မှာ Win Font ဖြင့် ရိုက်ထား တဲ့ Text များကို Zawgyi (သို့) Myanmar 3 တို့ကို ပြောင်းလဲ လိုသော အခါမျိုးမှာ မဖြစ်မနေ အခက်အခဲ များကို ရင်ဆိုင်ရလေ့ ရှိပါတယ်။ English နှင့် Myanmar Text များ ရောထွေးနေသော စာ သား များကို မှန်ကန်စွာ ပြောင်းလဲ မပေးနိုင်ခြင်း၊ English Text များကိုပါ Myanmar Text ကဲ့သို့ မှားယွင်းစွာ ပြောင်းလဲ ပေးခြင်း၊ Image များကို နားမလည်ခြင်း၊ Tablet များအတွင်းမှ Text များကို ပြောင်းလဲမပေးနိုင်ခြင်း စတဲ့အခက်အခဲတွေ တစ်ပုံတစ်ပင်ကြီး ကြုံတွေ့ရတတ်ပါတယ်။ဒီ Converter က Win Font (eg. Win-Innwa, WinResearcher, ...)၊ Zawgyi Font နှင့် Myanmar 3 Font တို့ကို တစ်ခုမှတစ်ခုသို့ အပြန် အလှန် လျင်မြန်မှန်ကန်စွာဖြင့် ပြောင်းလဲပေးနိုင်သော Process Font Converter ဖြစ်ပါတယ်” ဟု Process Group မှ တာဝန်ရှိသူ တစ်ဦးကပြောသည်။ အဆိုပါ Software သည် Microsoft Word Add In အမျိုးအစားတစ်မျိုးဖြစ်သည့် အတွက်အခြားမည်သည့် Text Editor မှ သုံးစရာမလိုအပ်ကြောင်း၊ Ms Word မှာပင် Add In တစ်ခုအဖြစ် လွယ်ကူစွာ အသုံးပြုနိုင်မည်ဖြစ်ကြောင်း၊ စာပိုဒ်များသာမက Tablet အတွင်း မှ Text များကိုပါ ပြောင်းလဲပေးနိုင်ခြင်း၊ Image များကိုလည်း နဂိုမူလအတိုင်းရှိနေစေပြီး Shape များအတွင်းမှ Text များကို ပါ ပြောင်းလဲပေးနိုင်ခြင်း၊ Hyper Link များကိုပါ မှန်ကန်စွာပြောင်းလဲ ပေးနိုင်ခြင်း စသည့် အားသာချက်များပါရှိမည်ဖြစ်ကြောင်း သိရသည်။ အသေးစိတ် အချက်အလက်များကို Process Group ဖုန်း- ၀၉-၃၃၀၁၉၃၅၃ သို့ ဆက်သွယ်စုံစမ်းနိုင်မည် ဖြစ်သည်။
 
ကိုအောင်
Internet Journal 

No comments:

Post a Comment