Wednesday, July 10, 2013

ရန်ကုန်သတင်း (၁၀-၇-၂၀၁၃) ဗုဒ္ဓဟူးနေ့

ဥရောပသမဂ္ဂ နိုင်ငံများ မြန်မာနိုင်ငံမှ ဆန်ဝယ်ယူပါက ဆန်ဝယ်ယူများသည် သွင်းကုန် တစ်တန်လျှင် အမေရိကန် ဒေါ်လာ ၂၀၀ ကျော် သက်သာမည်
ဥရောပ သမဂ္ဂ နိုင်ငံများသည် မြန်မာနိုင်ငံ မှ ဆန်စပါး ၀ယ်ယူပါက အခွန် အထူးသက်သာခွင့် ( GSP ) ရရှိပြီး ဖြစ်သောကြောင့် ဆန်ဝယ်သူများ သည် သွင်းကုန်အတွက် အခွန် တစ်တန်လျှင် အမေရိကန် ဒေါ်လာ ၂၀၀ ကျော် သက်သာ သွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ တောင်သူ လယ်သမား အသင်း အစည်းအရုံး မှ ယာယီ ဥက္ကဋ္ဌ ဒေါက်တာ စိုးထွန်း က ပြောကြားကြောင်း သိရသည်။ အခွန် ကင်းလွတ်ခွင့် ကို မြန်မာ ၊ ကမ္ဘောဒီးယား တို့က ရရှိကြောင်း ၊ မြန်မာနိုင်ငံ က GSP ရပြီး ဖြစ်၍ ဆန်အများဆုံး ထုတ်လုပ်သော နိုင်ငံများ ဖြစ်သည့် ထိုင်း ၊ ဗီယက်နမ် တို့နှင့် ယှဉ်လာ နိုင်မှာ ဖြစ်ကြောင်း သိရသည်။
လက်ရှိတွင်ဥရောပ ဈေးကွက်သို့စူပါ ၅ မှတ်( အကျိုးကြေ ၅ ရာခိုင်နှုန်း ) နှင့် အလတ်စား (ခေါ်) ဆန်ကွဲအမှတ် ၂၅ ( အကျိုးအကြေ ၂၅ ရာခိုင်နှုန်း ) ရှိသော ဆန်များကို တင်ပို့နေကြောင်း သိရသည်။ပဲခူမြို့အရှေ့ခြမ်းတွင် သင်္ကြန် မတိုင်မီ က နွေစပါး ပေါ်ကြောင်း ၊ ၅ လပိုင်းတွင် စပါး လုပ်ငန်း အကုန်ပြီး သွားပြီ ဖြစ်ကြောင်း ၊ လက်ထဲရှိသော စပါးများကို ကြိတ်ခွဲပြီး ပဲခူးက Export ကို ရန်ကုန် ကုမ္ပဏီများမှ တစ်ဆင့် ရောင်းချကြောင်း ၊ အရည်အသွေး မြင့်သဖြင့် ဈေးမြင့်မြင့် ရရှိခဲ့ကြောင်း ဆန်စပါး ရောင်းဝယ်ရေး မှ လုပ်ငန်းရှင် တစ်ဦးက ပြောသည်။ မြန်မာနိုင်ငံ သည် ၂၀၁၂ - ၂၀၁၃ ခု ဘဏ္ဍာနှစ်တွင် ဆန်တန်ချိန် ၁ ဒသမ ၆ သန်း ( မက်ထရစ်တန် ) ပြည်ပသို့ တင်ပို့ နိုင်ခဲ့ကြောင်း သိရှိရသည်။
တောင်ကိုရီးယား နိုင်ငံက ဒလမြို့တွင် စက်မှုဇုန် ထူထောင်ရန် စီစဉ်နေ
မြန်မာနိုင်ငံ၏ ပွင့်လင်း ပြောင်းလဲနေသော အခြေအနေ များကြောင့် အိမ်နီးချင်း နိုင်ငံများ သာမ က ဒေသတွင်း နိုင်ငံများ မှလည်း ကောင်းမွန်သော ဆက်ဆံရေးများ တည်ဆောက် နိုင်လျက် ရှိရာ တောင်ကိုရီးယား နိုင်ငံသည် မြန်မာနိုင်ငံ တွင် ရင်းနှီးမြှုပ်နှံမှု များ တိုးမြှင့် ပြုလုပ်လျက် ရှိပြီး ရန်ကုန်မြို့ အနီးတွင် စက်မှုဇုန် တစ်ခု ထူထောင်ရန် အစီအစဉ် ရှိကြောင်း ထိုင်းနိုင်ငံထုတ် ချိန်းရိုင်တိုင်းမ် သတင်းစာတွင် ဖော်ပြ ပါရှိကြောင်း သိရသည်။ မြန်မာနိုင်ငံ တွင် လာမည့် ၂၀၁၃ ခုနှစ်မှ ၂၀၁၇ ခုနှစ် ကာလ၌ တောင်ကိုရီးယား နိုင်ငံက ချေးငွေ အမေရိကန် ဒေါ်လာ သန်း ၅၀၀ ကူညီ ထောက်ပံ့ရန် သဘောတူညီ ထားခဲ့ပြီး ဖြစ်သည်။ ထို့အပြင် ရန်ကုန်မြို့ အနီး ဒလမြို့နယ် တွင် စက်မှုဇုန် တစ်ခု ထူထောင်ရန်လည်း မျှော်မှန်း ထားကြောင်း သိရသည်။
တောင်ကိုရီးယား နိုင်ငံက ရန်ကုန်မြစ်ကို ဖြတ်ကာ ဒလဘက်သို့ တံတား တစ်စင်း ဖြတ်သန်း တည်ဆောက်ရန် အစီအစဉ် ရှိကြောင်း ၊ ဒလ မှ ရန်ကုန်သို့ အလုပ်သမား ၅ သောင်းခန့် နေ့စဉ် ကူးတို့ သင်္ဘော ၊ စက်တပ် ရေယာဉ် များဖြင့် ဖြတ်သန်း သွားလာလျက်ရှိပြီး ဖွံ့ဖြိုး တိုးတက်ရေး အတွက် ရန်ကုန် မြစ်ကူးတံတား ဆောက်လုပ်ရန် စီစဉ်ခြင်း ဖြစ်ကြောင်း သိရှိရသည်။

City Taxi များ တင်သွင်းခွင့် ရရှိရန် ထောက်ခံချက် ထုတ်ပေးခြင်းများ ဆိုင်းငံ့ထား
ရန်ကုန်တိုင်း ဒသကြီး အတွင်းသို့ စီးတီး တက္ကစီများ တင်သွင်းခွင့် ရရှိရန် အတွက် ထောက်ခံချက် ထုတ်ပေးခြင်း ကို ဆိုင်းငံ့ထားရာ လက်ရှိတွင် စီးတီး တက္ကစီ တင်သွင်းခွင့် ထောက်ခံချက် လို ချင် ၍ လာရောက် တင်ပြ ထားသော ကုမ္ပဏီ ၁၅၀ ကျော် ရှိနေကြောင်း ရန်ကုန်တိုင်း ဒေသကြီး အစိုးရ အဖွဲ့မှ သိရသည်။
ရန်ကုန်တိုင်း ဒေသကြီး အတွင်းသို့ ယာဉ်အို ယာဉ်ဟောင်း လဲလှယ်ရေး အစီအစဉ်ဖြင့် ပြည်ပမှ ခရီးသည်တင် စီးတီးဘတ်စ် ကြီးများကို လွတ်လပ်စွာ တင်သွင်းခွင့် ပြုထားသော်လည်း တင် သွင်းခွင့် ပြုထားသည့် ကိုရီးယား ၊ ဂျပန် စသော နိုင်ငံများမှ ၂၀၀၇ မော်ဒယ်လ် အထက်ယာဉ် များမှာ ဈေးနှုန်းကြီးမြင့် နေခြင်းကြောင့် စီးတီးဘတ်စ် ကားများထက် စီးတီး တက္ကစီ များသာ တင်သွင်းမှု များပြားကြောင်း ၊ ထို့ကြောင့် စီးတီး တက္ကစီ တင်သွင်းခြင်း အတွက် ထောက်ခံချက် ထုတ်ပေးခြင်းကိုပြီးခဲ့သည့်၂၀၁၂ခုနှစ်မေလတွင် ဆိုင်းငံ့ထား သည်ဟု သိရ သည်။ ထောက်ခံ ချက်များ ပြန်လည် ထုတ်ပေးမည် ဆိုပါက အစီးရေ အများဆုံး ၁၀၀ အထိ ခွင့်ပြု ထားသဖြင့် ကုမ္ပဏီ တစ်ခုလျှင် တက္ကစီ အစီးရေ ၁၅၀၀၀ ကျော် ထပ်မံ ၀င်ရောက် လာမည် ဖြစ်ကြောင်း သိရှိရသည်။
ဗီယက်နမ် ဆောက်လုပ်ရေးအဖွဲ့ ရန်ကုန်မြို့လယ်တွင် ဒေါ်လာသန်း ၄၄၀ တန် စင်တာတစ်ခု တည်ဆောက်မည်
ဗီယက်နမ် အခြေစိုက် အိမ်ခြံမြေ တည်ဆောက်ရေး အဖွဲ့ Hoang Anh Gia Lai Group သည် အမေရိကန် ဒေါ်လာ သန်း ၄၄၀ တန် Hoang Anh Gia Lai Myanmar Center ကို ရန်ကုန် မြို့လယ် တွင် တည်ဆောက်ရန် စီစဉ် နေကြောင်း သိရသည်။ အဆိုပါ စီမံကိန်း သည် ရန်ကုန် မြို့ လယ် တွင် တည်ရှိမည် ဖြစ်ပြီး ဆောက်လုပ်ရေး လုပ်ငန်းကို ၂ ပိုင်းခွဲ၍ တည်ဆောက်ရန် စီ စဉ် နေကြောင်း သိရသည်။ ဗီယက်နမ် အခြေစိုက် အိမ်ခြံမြေ တည်ဆောက်ရေး အဖွဲ့သည် အဆိုပါ စင်တာ တည်ဆောက်မှု အတွက် သဘောတူ စာချုပ် ချုပ်ဆို နိုင်ခဲ့ကြောင်း ကုမ္ပဏီ က ဇွန်လ ၅ ရက်တွင် သတင်း ထုတ်ပြန် ခဲ့သည်။
ပထမစီမံကိန်း ကို ၂၀၁၃ နှင့် ၂၀၁၄ ခုနှစ်အတွင်း အပြီးသတ် တည်ဆောင်ရန် စီစဉ်ထားပြီး အ ခန်း ၄၀၀ ပါဝင်သော ကြယ်ငါးပွင့် ဟိုတယ် နှင့် အထပ် ၂၇ ထပ် ပါသော ရုံးအဆောက်အအုံ ပါဝင် မည် ဖြစ်သည်။ ဒုတိယ စီမံကိန်း ကို ၂၀၁၆ ခုနှစ်တွင် အပြီးသတ် တည်ဆောက်ရန် ရည်မှန်း ထားပြီး အခန်းပေါင်း ၄၈၀၀ ပါဝင်သော အဆောက်အအုံ ၄ ခုနှင့် ရုံးခန်းများ ပါဝင် မည် ဖြစ်ကြောင်း သိရသည်။ အဆိုပါ စီမံကိန်းများ အတွက် မြေနေရာ စတုရန်း မီတာ ၆၄၀၀၀ လိုအပ်မည် ဖြစ်ပြီး ဆောက်လုပ်ရေး ပစ္စည်း ကိရိယာများ ကို ဗီယက်နမ် မှ မြန်မာနိုင်ငံ သို့ ၂၀၁၄ ဖေဖော်ဝါရီလ အတွင်း တင်သွင်းမည် ဖြစ်ကြောင်း သိရှိရသည်။
ရွှေဈေးကျဆင်းမှုကြောင့် အခေါက်ရွှေ ၀ယ်ယူစုဆောင်းမှုများပြား
ပြည်တွင်း ရွှေဈေးကွက် ၌ ဇွန်လကုန် ပိုင်းတွင် ရျွှေဈေး ကျဆင်းခြင်းကြောင့် အခေါက်ရွှေစတိ လက်စွပ် လက်ကောက်ကွင်း များနှင့် အခေါက် ရွှေတုံးများ အ၀ယ် လိုက် နေကြောင်း ပြည် တွင်း ရွှေဈေးကွက် အတွင်းက သိရသည်။ အခေါက် ရွှေတုံးများ အရောင်းသွက် လာရခြင်းမှာ အလျော့တွက် နှင့်လက်ခသက်သာပြီးလခစားဝန်ထမ်းများဝယ်ယူစုဆောင်းမှုများကြောင့်  ဖြစ်ကြောင်း ရန်ကုန်မြို့ရှိ ရွှေဆိုင် များမှ သိရသည်။ အခေါက် ရွှေတုံးများကို တစ်ဆယ် ကျပ်သား အတုံးများမှ စ၍ အတုံး အမျိုးအစား အလိုက်ရှိကြောင်း ၊ အဆိုပါ ရွှေတုံးများအား ပြန်လည် ရောင်းချ လိုပါက ၀ယ်ဈေး ရောင်းဈေး ကွာဟမှု ငွေကျပ် ၂၅၀၀ ၀န်းကျင်ခန့်သာ ရှုံးနိုင်ကြောင်း သိရသည်။ ဇူလိုင် လ ၇ ရက်နေ့ မြန်မာ့ ရွှေဈေးနှုန်း မှာ အခေါက်ရွှေ တစ်ကျပ်သား ၆၇၀၀၀၀ ကျပ် ၀န်းကျင်တွင် ရှိနေပြီး ကမ္ဘာ့ရွှေ ပေါက်ဈေးမှာ တစ်အောင်စုလျှင် အမေရိကန် ဒေါ်လာ ၁၂၃၀ ၀န်းကျင် ရှိကြောင်း ရွှေဈေးကွက်မှ သိရသည်။ အမေရိကန် ဗဟိုဘဏ်၏ မူဝါဒ ပြောင်းလဲ လာမှုကြောင့် ကမ္ဘာ့ ရွှေဈေးနှုန်း နှင့်အတူ မြန်မာ့ ရွှေဈေးမှာ ဇွန်လ ၂၀ ရက်ဝန်းကျင် မှ စတင် ကျဆင်း ခဲ့ကြောင်း သိရှိရသည်။
ရိုင်းပျသည့် သီချင်းစာသားများ နှင့် ပတ်သက်၍ ဂီတအစည်းအရုံးတွဲဖက် အတွင်းရေးမှူးပြော
ဘာသာရေး ၊ လူမှုရေး ပဋိပက္ခများ ဖြစ်စေနိုင်သော တေးသီချင်း နှင့် ပတ်သက်၍ မြန်မာနိုင်ငံ ဂီတ အစည်းအရုံး မှ ဆောင်ရွက်နေသည့် အတိုင်း မူပိုင်ခွင့်ကို မှတ်ချက် ရေးသား ပေးမည့်အပြင် သက်ဆိုင်ရာ ၀န်ကြီးဌာနသို့ လည်း အကြောင်းကြား သွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ဂီတ အစည်းအရုံး တွဲဖက် အတွင်းရေးမှူး ဦးမြင့်မိုးအောင် က ပြောကြား ခဲ့သည်ဟု သိရသည်။ မြန်မာ့ ယဉ်ကျေးမှု နှင့် မဆီလျှော်သော ဗီစီဒီ ထဲတွင် နမ်းတာ ၊ ရှုံ့တာတွေ ပါရှိနေတာ ဗီဒီယို ဆင် ဆာ နဲ့ပဲဆိုင်ပြီးဆင်ဆာကပဲ ဆုံးဖြတ် ရမှာ ဖြစ်ကြောင်း ၊ သီချင်းစာသား ကို အစည်းအရုံးဆီ လာတင် စဉ်က ရေးသားထားသည်မှာ " သောက် " ဖြစ်သော်လည်း သီချင်းဆို သည့်အခါ " စောက် " ဖြစ် သွားကြောင်း၊ဒီလို ဖြစ်လျှင်ကိုယ့်သမိုင်းကိုယ်ရေးရမှာ ဖြစ်ကြောင်း၊ ပြဿနာကိုရှင်းရမှာ ဖြစ်ကြောင်း ၊ ဂီတ အစည်းအရုံး အနေဖြင့် မူပိုင်ခွင့် အတွက် အချက်အလက် များကို မှတ်တမ်းတင်ခြင်း ၊ ဗီစီဒီ ရိုက်ကူးခွင့် အတွက် လိုအပ်သော ထောက်ခံချက် များကိုသာ ပေးခြင်းတို့ကို သာ လုပ်ဆောင်ကြောင်း ပြောကြား သည်ကို သိရှိရသည်။

No comments:

Post a Comment