Tuesday, July 16, 2013

မြန်မာနိုင်ငံတွင် အကောင်အထည်ဖော်မည့် လူမှုရေး၊ စီးပွားရေး အထောက်အကူပြု စီမံချက်များနှင့် ပတ်သက်ပြီး အိုင်အယ်လ်အို ရှင်းလင်းမည်

အိုင်အယ်လ်အို၏ မြန်မာနိုင်ငံတွင် အကောင်အထည်ဖော်မည့် လူမှုရေး၊ စီးပွားရေး အထောက် အကူပြု စီမံချက်များနှင့် ပတ်သက်ပြီး ဇူလိုင် ၁၇ ရက် ညနေပိုင်းတွင် ရန်ကုန်မြို့ ရန်ကင်းမြို့နယ် သစ္စာလမ်း အမှတ် ၁(က)ရှိ အိုင်အယ်လ်အိုရုံးတွင် သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်သွား မည် ဖြစ်ကြောင်း  အိုင်အယ်လ်အို ရန်ကုန်ရုံးမှ သတင်းရရှိသည်။
သတင်းစာ ရှင်းလင်းပွဲတွင် ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့၌ ဇွန် ၅ ရက်မှ ၂၀ ရက် အထိ ကျင်းပပြု လုပ်ခဲ့ သည့် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာ ညီလာခံ၏ ရလဒ်များ၊ အထူး သဖြင့် မြန် မာနိုင် ငံ ၏ တိုးတက်မှုနှင့် မြန်မာနိုင်ငံအပေါ် အိုင်အယ်လ်အို၏ အရေးယူ ပိတ်ဆို့မှုအားလုံး ရုပ် သိမ်းသည့် ဆုံးဖြတ် ချက် စသည့် ကိစ္စရပ်များအား ရှင်းလင်းပြောကြား သွားမည်ဖြစ်ကြောင်း သိရ သည်။
'အိုင်အယ်လ်အို ဆက်ဆံရေး အရာရှိမှ မြန်မာနိုင်ငံ အစိုးရနဲ့ အိုင်အယ်လ်အို ဆက်ဆံရေး၊ မြန်မာနိုင် ငံ မှာ မကြာမီ အကောင်အထည်ဖော် ဆောင်ရွက်မည့် လူမှုရေး၊ စီးပွားရေး အထောက်အကူပြု စီမံချက်များ အပါအ၀င် လက်ရှိ ဆောင်ရွက်ချက်တွေကိုတင်ပြသွားမယ်' ဟု အိုင်အယ်လ်အို ရန် ကုန် ရုံး၏ စာနယ်ဇင်း ဖိတ်ကြားစာတွင် ဖော်ပြထားသည်။
မြန်မာနိုင်ငံ၌ အဓမ္မစေခိုင်းမှု ပပျောက်ရေးနှင့် လူမှုရေး ညီညွတ်မျှတမှု ပိုမိုဖြစ်ထွန်းရေးအတွက် အိုင်အယ်လ်အို၏ အကူအညီဖြင့် မြန်မာနိုင်ငံ အစိုးရ၏ ကြိုးပမ်းအားထုတ်မှုများ အတွက် ငွေကြေးအထောက်အပံ့နှင့် လိုအပ်သည့် အကူအညီများကို အလုပ်သမားနှင့် အလုပ်ရှင် အဖွဲ့အစည်းများ အပါအ၀င် အစိုးရ၊ အလုပ်သမား၊ အလုပ်ရှင်တို့ဖြင့် ဖွဲ့စည်းထားသည့် အိုင်အယ်လ်အို အဖွဲ့ဝင်များ၊ နိုင်ငံတကာ အဖွဲ့အစည်းများမှ ပံ့ပိုးပေးကြရန်လည်း တိုက်တွန်း...
မြန်မာနိုင်ငံအပေါ် ချမှတ်ထားသည့် တားမြစ်ကန့်သတ်ချက် အလုံးစုံကို ရုပ်သိမ်းပေးခဲ့ပြီး အဓမ္မစေခိုင်းမှု ပပျောက်ရေးလုပ်ငန်း စီမံချက်များကို ဆက်လက်လုပ်ဆောင်ရန် အိုင်အယ်လ်အိုရုံးနှင့် မြန်မာနိုင်ငံ အစိုးရတို့ကို အပြည်ပြည်ဆိုင်ရာ အလုပ်သမား ညီလာခံမှ တိုက်တွန်းခဲ့ကြောင်း အလုပ်သမား၊ အလုပ် အကိုင်နှင့် လူမှုဖူလုံရေး ၀န်ကြီးဌာနမှ ဇွန် ၁၈ ရက်က သတင်းထုတ်ပြန်ထားသည်။
မြန်မာနိုင်ငံ၏ အဓမ္မစေခိုင်းမှု ပပျောက်ရေးဆိုင်ရာ ဆောက်ရွက်ချက်များနှင့် စပ်လျဉ်း၍ ၁၉၉၉ ခုနှစ်နှင့် ၂၀၀၀ ပြည့်နှစ်များတွင် ပြုလုပ်ခဲ့သည့် (၈၇) ကြိမ်မြောက်နှင့် (၈၈) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာ ညီလာခံတို့မှ မြန်မာနိုင်ငံအပေါ် တားမြစ်ကန့်သတ်သော ဆုံးဖြတ်ချက်များ ချမှတ် ခဲ့ကြောင်း သိရသည်။
ယင်းသို့ မြန်မာနိုင်ငံအပေါ် တားမြစ်ကန့်သတ် ထားမှုများနှင့် ပတ်သက်ပြီး (၈၇) ကြိမ်မြောက် ညီလာခံမှ တားမြစ်ခဲ့သည့် အချက်များ အားလုံးနှင့် (၈၈) ကြိမ်မြောက် ညီလာခံမှ အချက်အချို့ကို ၂၀၁၂ ခုနှစ် ဇွန်လအတွင်းက ပြုလုပ်ခဲ့သည့် (၁၀၁)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာ ညီလာခံမှ ရုပ်သိမ်းပေးခဲ့ပြီး ဖြစ်ပြီး ယခုနှစ် ဇွန်လတွင် ပြုလုပ်သည့် ညီလာခံတွင် တားမြစ်ကန့်သတ်ချက် အားလုံးကို ရုပ်သိမ်းပေးခဲ့ခြင်း ဖြစ်သည်။
ယခုနှစ် ညီလာခံ မျက်နှာစုံညီ အစည်းအဝေး ဆုံးဖြတ်ချက်တွင် မြန်မာနိုင်ငံတွင် အဓမ္မစေခိုင်းမှု ပပျောက်သည့် အချိန်အထိ အိုင်အယ်လ်အို ညွှန်ကြားရေးမှူးချုပ်မှ မတ်လ အုပ်ချုပ်မှုအဖွဲ့ အစည်းအဝေးများသို့ အစီရင်ခံစာတစ်စောင် တင်သွင်းရန်နှင့် မြန်မာနိုင်ငံ၌ အဓမ္မစေခိုင်းမှု ပပျောက်ရေးနှင့် လူမှုရေး ညီညွတ်မျှတမှု ပိုမိုဖြစ်ထွန်းရေးအတွက် အိုင်အယ်လ်အို၏ အကူ အညီဖြင့် မြန်မာနိုင်ငံအစိုးရ၏ ကြိုးပမ်းအားထုတ်မှုများ အတွက် ငွေကြေးအထောက်အပံ့နှင့် လိုအပ် သည့် အကူအညီများကို အလုပ်သမားနှင့် အလုပ်ရှင် အဖွဲ့အစည်းများ အပါအ၀င် အစိုးရ၊ အလုပ်သမား၊ အလုပ်ရှင်တို့ဖြင့် ဖွဲ့စည်းထားသည့် အိုင်အယ်လ်အို အဖွဲ့ဝင်များ၊ နိုင်ငံတကာ အဖွဲ့အစည်းများမှ ပံ့ပိုးပေးကြရန်လည်း တိုက်တွန်းခဲ့ကြောင်း သိရသည်။
From...EMG


No comments:

Post a Comment