Wednesday, July 31, 2013

အပျိုစင်ဘ၀ကို ရောင်းချခဲ့သော်လည်းဘရာဇီးမိန်းကလေး အပျိုစင်ဘ၀ကို ပိုင်ဆိုင်နေသေး


အွန်လိုင်းမှ တစ်ဆင့် အပျိုစင် ဘ၀ ကို ရောင်း ချခဲ့သည့် ၂၁ နှစ်အရွယ် ဘရာဇီး မိန်းကလေး သည် ယခု အချိန်အထိ အပျိုစင် ဘ၀ကို ပိုင် ဆိုင်လျက် ရှိနေသေးကြောင်း ပြောကြား သွားခဲ့သည်။ ကတ်ထရီနာ မင်လီယို ရေနီသည် ၎င်း၏ အပျိုစင်ဘ၀ကို အွန်လိုင်းတွင် လေ လံတင် ရောင်းချခဲ့ရာ ၅၃ နှစ် အရွယ်ရှိ ဂျပန် လူမျိုး သန်းကြွယ် သူဌေး နတ်စုက ဒေါ်လာ ၇၈၀,၀၀၀ ဖြင့် ၀ယ်ယူခဲ့သည်။ ကတ်ထရီနာ သည် နတ်စုခေါ် ဂျက်စတင်ဆစ်ဆေးထံမှ စရံငွေ ၂၀ ရာခိုင်နှုန်း ရရှိခဲ့ပြီးသြစတြေးလျ နိုင်ငံဆစ် ဒ နီမြို့တွင် နှစ်ဦးသား တွေ့ဆုံ ခဲ့သည်။
သို့သော် ဂျက်စတင် ဆစ်ဆေးသည် ကတ်ထရီနာနှင့် လိင်ဆက်ဆံခဲ့ခြင်း မရှိသည့်အပြင် ကျန်ငွေ များ ကိုလည်း ပေးအပ်ခဲ့ခြင်း မရှိကြောင်း သိရှိရသည်။ ကတ်ထရီနာသည် ဂျပန် သန်းကြွယ် သူဌေးနှင့် စာချုပ် ပျက်ပြယ် ခဲ့ပြီး ယခု အချိန်ထိတိုင်း အပျိုစင် ဖြစ်နေဆဲ ဖြစ်ကြောင်း သတင်းထောက်များကို ပြောကြား သွားခဲ့သည်။

By: swesonemedia

No comments:

Post a Comment