Friday, July 19, 2013

နယ်စပ် အကြမ်းဖက်မှု တားဆီးနိုင် မည့် လုံခြုံရေး တပ်ဖွဲ့ အစား ထိုးရန် အမေရိကန် တိုက်တွန်း

ရခိုင်ပြည်နယ်တွင် အခြေစိုက်သည့် နယ်စပ်ဒေသ လူဝင်မှုစစ်ဆေးရေးကွပ်ကဲမှု ဌာနချုပ် (န.စ. က) နေရာ တွင် အကြမ်းဖက်မှုများ ကာကွယ်တားဆီးပေးနိုင်သည့် လုံခြုံရေးတပ်ဖွဲ့တစ်ခုကို အစားထိုးတာဝန်ပေး သင့်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး ဒဲရစ်မစ်ချဲလ်က ဇူလိုင်လ ၁၈ ရက်နေ့က ထုတ်ပြန် ကြေညာခဲ့သည်။
လူ့အခွင့်အရေး ချိုးဖောက်မှုများ ကျူးလွန်သည်ဟု စွပ်စွဲခံနေရသည့် န.စ.က ကို နိုင်ငံတော် သမ္မတ ဦးသိန်းစိန်၏ အမိန့်ဖြင့် ယခုနှစ် ဇူလိုင်လ ၁၂ ရက်နေ့ က ဖျက်သိမ်းခဲ့သဖြင့် ကြိုဆိုကြောင်း၊ ယင်း ဌာနချုပ်ကြောင့် ရခိုင်ပြည်နယ်တွင် တရားဥပဒေစိုးမိုးရေး၊ ငြိမ်းချမ်းရေးနှင့် ကြွယ်ဝချမ်းသာမှု တို့ ကို နှောင့်နှေးစေခဲ့ကြောင်း သံအမတ်ကြီးက ပြောကြားသည်။
ရခိုင်ပြည်နယ်ရှိ ပြည်သူများကို အကြမ်းဖက်မှုများမှ အကာအကွယ်ပေးနိုင်သော၊ တည်ငြိမ်သော ပတ် ဝန်းကျင်တစ်ခုဖန်တီးပေးနိုင်သော တာဝန်ခံမှု၊ တာဝန်ယူမှု အပြည့်အဝရှိသော လုံခြုံရေး အင် အားစု တစ်ခုကို န.စ.က နေရာတွင် အစားထိုးသင့်ကြောင်း ၎င်းက တိုက်တွန်းထားသည်။
နိုင်ငံတော် သမ္မတ အမိန့်ဖြင့် ဖျက်သိမ်းခဲ့သည့် န.စ.က နေရာတွင် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က အစား ထိုး တာဝန်ယူနေကြောင်း မောင်တောခရိုင် ကျီးကန်းပြင် နယ်စပ်ဒေသလူဝင်မှုစစ်ဆေးရေး ကွပ် ကဲ မှု ဌာနချုပ်မှ ကွပ်ကဲရေးမှူးက ပြောဆိုထားသည်။
မောင်တောခရိုင်တွင် ယခင်က တာဝန်ထမ်းဆောင်ခဲ့သည့် န.စ.က ဌာနချုပ် မှ ဗိုလ်မှူး အောင်ကြီး အပါအဝင်အဖွဲ့ဝင် အချို့ကို အရေးယူထားပြီး ဒေသတွင်း တရားဥပဒေ စိုးမိုးမှု အတွက်လည်း နိုင် ငံတော်သမ္မတကြီး၏ညွှန်ကြားချက်နှင့်အညီထိထိရောက်ရောက် ဆောင်ရွက်နေကြောင်း  နိုင်ငံတော် သမ္မတရုံးမှ ညွှန်ကြားရေးမှူး ဦးဇော်ဌေးက ဆိုသည်။
မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် သောမတ်အိုဟေး ကင်တား နား  ကလည်း န.စ.က ဖျက်သိမ်းမှုနှင့် ပတ်သက်၍ ကြိုဆိုကြောင်း၊ ယင်းဌာနချုပ်က ရခိုင်ပြည်နယ် အတွင်း လူ့အခွင့်အရေး ချိုးဖောက်ခဲ့သည်များကို အရေးယူပေးရန်အချက်များပါဝင်သည့် အစီ ရင်ခံ စာ တစ်စောင် ဇူလိုင်လ ၁၇ ရက်နေ့က ထုတ်ပြန်ခဲ့သည်။
န.စ.ကကို အဓိကတာဝန်ကြီး သုံးရပ်ဖြစ်သည့် နိုင်ငံတော်ကာကွယ်ရေး၊ နယ်စပ် လုံခြုံရေး၊ နယ် စပ်ဒေသ လူဦးရေထိန်းချုပ်ရေးတို့ ထမ်းဆောင်ရန်ဖြစ်ပြီး တရားမဝင် ခိုးဝင်ခိုးထွက်မှုများကို ကာကွယ် တားဆီးရန်၊ တရားမဝင် အကောက်ခွန်မဲ့ ပစ္စည်းများ ခိုးသွင်း၊ ခိုးထုတ်မှုမှ ကာကွယ် တားဆီးရန်၊ တရားဥပဒေ စိုးမိုးရေးနှင့် မှုခင်းကျဆင်းရေး၊ စစ်ဘက်ဆိုင်ရာလုံခြုံရေးသတင်း များစုဆောင်း တင်ပြရန်၊ နယ်စပ် ဒေသများ၊ တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စိုက်ပျိုးရေးလုပ်ငန်းများတွန်းအားပေး ဆောင်ရွက်ရန်ရည်မှန်းချက်ငါးရက်ကိုအကောင်အထည်   ဖော်ရန် ဖွဲ့စည်းခြင်း ဖြစ်သည်။
အဆိုပါ ဌာနချုပ်ကို တပ်မတော်၊ ရဲတပ်ဖွဲ့၊ လူဝင်မှု ကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံတင်ရေး ဦးစီး ဌာန၊ အကောက်ခွန် ဦးစီးဌာနတို့ ပူးပေါင်းကာ ဖွဲ့စည်းထားပြီး တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း) က တိုက်ရိုက် ကွပ်ကဲသည်။
နစက သည် တပ်မတော်၊ ရဲတပ်ဖွဲ့၊ အကောက်ခွန် ဦးစီးဌာနနှင့် လူဝင်မှု ကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံတင်ရေး ဦးစီးဌာနတို့ ပူးပေါင်း ဖွဲ့စည်း ထားပြီး ရခိုင်ပြည်နယ်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ နယ်စပ်ချင်း ထိစပ်နေသော ၁၆၈ မိုင်ကျော်တွင် လုံခြုံရေး တာဝန် ထမ်းဆောင်ရခြင်း ဖြစ်သည်။

No comments:

Post a Comment