Wednesday, July 10, 2013

ကမ္ဘာ့ အကြီးဆုံး အပျော်စီး သင်္ဘောကြီးအား ပင်လယ်ပြင် အတွင်း စတင် စမ်းသပ် မောင်းနှင်

ကမ္ဘာ့ အကြီးဆုံး အပျော်စီး သင်္ဘောကြီးအား ပင်လယ်ပြင် အတွင်း စတင် စမ်းသပ် မောင်းနှင်
လန်ဒန် ဇူလိုင် ၈
ကမ္ဘာ့အကြီးဆုံး အပျော်စီး သင်္ဘောအဖြစ် သတ်မှတ် ထားသော Azzam သင်္ဘောကြီးအား ပင် လယ်ပြင် အ တွင်းစမ်းသပ် မောင်းနှင်မှု များကို  သုံးရက်ကြာ ပြု လုပ်ခဲ့သည်ဟု အင်တာနက် သတင်း တစ်ရပ် အရ သိရသည်။
Azzamအပျော်စီးသင်္ဘောကြီးအား ဂျာမနီကုမ္ပဏီ တစ် ခုဖြစ်သော Lurssen ကုမ္ပဏီက တည်ဆောက် ခဲ့ခြင်းဖြစ်သည်။ သင်္ဘော၏ ကိုယ်ထည်မှာ ၅၉ဝ ပေ ရှည်လျားပြီး တည်ဆောက် စရိတ်မှာ စတာ လင်ပေါင်သန်း ၄ဝဝ ကုန်ကျ ခဲ့သည်ဟု သိရသည်။ Azzam သင်္ဘောကြီးကို ပထမဆုံး အကြိမ်အဖြစ် ယခုနှစ်ဧပြီလအတွင်းကထုတ်ဖော်ပြသခဲ့ပြီးယင်း သင်္ဘော ကြီးအား  အပြီး တည်ဆောက်ရန်အချိန် သုံးနှစ်ကြာမြင့် ခဲ့သည်ဟု သိရသည်။
ဗဖဖောအပျော်စီးသင်္ဘောကြီးအားပင်လယ်ပြင် အတွင်း သုံးရက်ကြာ စမ်းသပ် မောင်းနှင်ခဲ့ရာတွင် သင်္ဘောသည် ခရီး အကွာအဝေး ရေမိုင် ၃၁ ဒသမ ၅ အထိ ခုတ်မောင်း သွားနိုင်ခဲ့သည်ဟု သိရ သည်။ Azzam အပျော်စီး သင်္ဘောကြီးအား ယခုနှစ် ကုန်ပိုင်းတွင် ၎င်း၏ ပိုင်ရှင် ဖြစ်သူထံသို့ ပေးပို့ သွားမည်ဟု သိရသည်။

No comments:

Post a Comment