Wednesday, July 24, 2013

မြန်မာနိုင်ငံ နယ်စပ်တစ်လျှောက် လမ်းကြောင်းပေါင်း ၄၀ မှ တရားမ၀င် ကားသွင်းမှုများ ပြုလုပ်နေပြီး တရုတ်နှင့် ထိုင်းနယ်စပ်များမှ အများဆုံး ခိုးသွင်းကာ အစိုးရသစ်လက်ထက် ၂၀၀၇ စီးနှင့်အထက် ဖမ်းမိ


car-july24

မြန်မာနိုင်ငံနယ်စပ်တစ်လျှောက်ရှိလမ်း
ကြောင်းပေါင်း ၄၀ မှ တရားမ၀င် ကားတင် သွင်း မှုများ ပြုလုပ်လျက်ရှိကြောင်း ဇူလိုင် ၂၃ရက်ကကျင်းပသည့်အမျိုးသား လွှတ်တော် အစည်းအဝေးတွင်စီးပွားရေးနှင့်ကူးသန်း
ရောင်းဝယ်ရေးဝန်ကြီးဌာန ဒေါက်တာပွင့်
ဆန်း ၏ ရှင်းလင်းချက်အရ သိရသည်။
အစိုးရသစ်လက်ထက်၂၀၁၁၂၀၁၂ဘဏ္ဍာ 
 ရေးနှစ်မှ၂၀၁၃ခုနှစ် ဇွန်လအထိ ပြည်ထဲရေး ၀န်ကြီးဌာန၊ စီးပွား/ကူးသန်း ၀န်ကြီးဌာန၊ ဘဏ္ဍာ/အခွန် ၀န်ကြီးဌာနနှင့် ပြည်နယ်သုံးခု၊ တိုင်းဒေသကြီး တစ်ခုတို့မှ ဖမ်းဆီးရမိသည့် လိုင်စင်မဲ့ ကားစီးရေမှာ ၂၀၀၇ စီးနှင့် အထက်ရှိကြောင်း သိရသည်။
နယ်စပ်မှ တရားမ၀င် ကားတင်သွင်းရာတွင် ကချင်ပြည်နယ်မှ လမ်းကြောင်းငါးခု၊ ကယားပြည် နယ် မှ လမ်းကြောင်းနှစ်ခု၊ ကရင်ပြည်နယ်မှ လမ်းကြောင်း ၁၇ ခု၊ တနင်္သာရီမှ လမ်းကြောင်းလေး
ခု၊ ရှမ်းပြည်နယ်မှ လမ်းကြောင်း ၁၂ ခု စုစုပေါင်း လမ်းကြောင်း ၄၀ ရှိကြောင်း သိရသည်။

car2-july24
သောင်ရင်းမြစ် တစ်ဖက်ကမ်း ၁၃ ဂိတ် ကားဝင်းအတွင်း မြန်မာနိုင်ငံဘက်သို့ ရောင်းချမည့် လိုင်စင်မဲ့ကားများ
"တရားမ၀င် လိုင်စင်မဲ့ယာဉ် ၀င်ရောက်နိုင် တဲ့ လမ်းကြောင်းတွေက ၄၀ ရှိပါတယ်။ ပြည် နယ်အတွင်း ခရီးသွားလာမှု အဆင်ပြေဖို့နဲ့ ကား ၀ယ်ယူ သုံးစွဲရတာ အဆင်ပြေဖို့အတွက် တရားဝင်ကားတွေကိုအရစ်ကျငွေ ချေစနစ်နဲ့ ၀ယ်ယူသုံးစွဲနိုင်အောင် ကုမ္ပဏီတွေနဲ့ ဆက် သွယ်ပြီး အရောင်းပြခန်း ဖွင့်လှစ်ပေးသွားဖို့ စီစဉ်နေပါတယ်"ဟုဒုတိယ၀န်ကြီး ဒေါက်တာ
ပွင့်ဆန်းက တနင်္သာရီတိုင်းဒေသကြီး မဲဆန္ဒ နယ်အမှတ် (၁၂) အမျိုးသားလွှတ်တော် ကိုယ် စားလှယ် ဦးတိုးဝင်း၏ လိုင်စင်မဲ့ကားများ တ ရား ၀င်ဖွင့်လှစ်ထားသည့် နယ်စပ်ဂိတ်များ မှသော် လည်းကောင်း၊ တရားမ၀င် နယ်စပ်ဂိတ်များမှသော် လည်းကောင်း ၀င်ရောက်လာခြင်းကို သိရှိခြင်း ရှိ၊ မရှိ မေးမြန်းချက်အပေါ် ပြန်လည်ဖြေကြားရာတွင် ထည့်သွင်းပြောကြားသည်။
တရားမ၀င် လိုင်စင်မဲ့ကားများ ၀င်ရောက်နေမှုအပေါ် လက်ရှိတွင် ပြည်ထဲရေး ၀န်ကြီးဌာန၊ နယ်ခြားစောင့်တပ်၊ ကျေးရွာအုပ်ချုပ်ရေး၊ ပြည်သူ့စစ်တပ်ဖွဲ့များမှ စောင့်ကြည့်စစ်ဆေးသည့်အပြင် ကူးသန်းရောင်း ၀ယ်ရေးနှင့် စားသုံးသူရေးရာ ဦးစီးဌာနက အဖွဲ့ခေါင်းဆောင်အဖြစ် တာဝန်ယူ ထားပြီး အကောက်ခွန်၊ မြန် မာနိုင်ငံ ရဲတပ်ဖွဲ့၊ မြို့နယ် ထွေ/အုပ်၊ ကုန်သည်များ အသင်းရုံးတို့မှ အဖွဲ့ဝင်အဖြစ် ပါဝင်သည့်  Mobile Team အဖွဲ့ဖြင့်လည်း နယ်စပ်ကုန်သွယ်မှု လမ်းကြောင်း တစ်လျှောက် တားဆီးစစ်ဆေးလျက်ရှိကြောင်း သိရသည်။
နယ်စပ်မှတစ်ဆင့် လိုင်စင်မဲ့ကားများ တင်သွင်းရာတွင် စီးပွား/ကူးသန်း ဦးစီးဌာန၏ ဖမ်းဆီးရမိ သည့် စာရင်းများအရ ထိုင်းနှင့်တရုတ် နယ်စပ်များမှ ခိုးသွင်းလျက်ရှိကြောင်း သိရသည်။
စီးပွား/ကူးသန်း ၀န်ကြီးဌာနမှ ၂၀၀၅ ခုနှစ်မှ ၂၀၁၁ ခုနှစ်အတွင်း ဖမ်းမိသည့် အစီးရေသည် ၅၉၆ စီးအထိ ရှိပြီး ကျပ် ၁၇ ဒသမ ၈၁၁ ဘီလျံကျော် တန်ဖိုးရှိကြောင်း သိရသည်။

No comments:

Post a Comment