Friday, July 26, 2013

ပရိသတ်ရင်ထဲလည်း မရောက်နိုင်ဘူးဆိုရင် မရိုက်ချင်တော့ဘူးလို့ဆိုတဲ့ သရုပ်ဆောင် နဝရတ်နှင့် တွေ့ဆုံခြင်း

Thursday, July 25, 2013
အဆင့်မြင့် ရုပ်ရှင်ရုံကြီးများတွင် ရုံတင်ပြသတော့မည့် တိမ်မင်းသမီးရဲ့ဒဏ္ဍာရီ ရုပ်ရှင်ဇာတ်ကား နှင့်အတူ ပရိသတ်များနှင့် တစ်ကျော့ပြန်ပြန်လည်ထိတွေ့ဖို့ ကြိုးစားလာသော သရုပ်ဆောင် နဝရတ်နှင့် တွေ့ဆုံပြီး ရုပ်ရှင်ဇာတ်ကားအကြောင်း၊ ဇာတ်ကားရိုက်ကူးမှု များ ကို ၂ နှစ်နီးပါးကြာ ရပ်နားထားရသည့် အကြောင်း အရင်းနှင့်မလေးရှားနိုင်ငံတွင် ရိုက်ကူးမည့် မဟာဆန် တဲ့ မာယာမျက်နှာဖုံး ရုပ်ရှင်ဇာတ်ကားများအကြောင်း ကို The Voice က မေးမြန်းထားခြင်း ဖြစ်သည်။
Voice : တိမ်မင်းသမီးရဲ့ဒဏ္ဍာရီ ရုပ်ရှင်ဇာတ်ကား ရိုက်ကူးဖြစ်သွားပုံကနေ စပြောပေးပါဦး။
NWR : ဒီရုပ်ရှင်ကား ရိုက်ဖြစ်သွားပုံက နဝရတ်က ဒါရိုက်တာနေပိုင်နဲ့ မြခွာညို အိမ်ရာမှာ ဇာတ်ကား ရိုက်နေတုန်း ဈေးထဲက မိန်းမတစ်ယောက်က ကလေးလေးချီပြီးတော့ ရောက်လာပြီး တိမ်မင်းသ မီး ရဲ့ ဒဏ္ဍာရီ ဝတ္ထုအရမ်းကောင်းတယ်တဲ့။ မနဝရတ်နဲ့လည်း လိုက်တယ်၊ ရိုက်ပါလားလို့ပြောတော့   မနက်ဖြန် ရိုက်ကွင်းကို ယူလာခဲ့၊ ဖတ်ကြည့်မယ်လို့ ပြောလိုက်တယ်။ သူယူလာတော့ ဒါရိုက် တာနေပိုင်က သူအရင် ဖတ်ကြည့်မယ်ဆိုပြီး ယူသွားတယ်။ သူဖတ်ပြီးတော့ ငိုရတယ်လို့ ပြောတယ်။ နဝရတ်မဝယ်ရင်ကျွန်တော် ဝယ်မယ်လို့ ပြောတော့ နဝရတ်လည်း ဝယ်ဖြစ်သွားတယ်။ ဝတ္ထုဝယ် ပြီးတော့ ဇာတ်ကားရိုက်ဖို့ ၂နှစ်လောက် ငွေစုရတယ်။ ဇာတ်ရုပ်နဲ့လိုက်ဖက်တဲ့ သရုပ်ဆောင်တွေ ကိုသေချာရွေးပြီး ပရိသတ်တွေအတွက် စေတနာ အပြည့်နဲ့ အကောင်းဆုံး ရိုက်ကူးခဲ့တယ်။ အများ ကြီး လည်း ကုန်တယ်။ သူများကားတွေထက် နှစ်ဆလောက် ကုန်တယ်။
Voice : ဒီဇာတ်ကား ရိုက်ကူးစဉ်က ကြုံခဲ့ရတဲ့အခက်အခဲတွေ၊အမှတ်တရတွေရှိရင် ပြောပြပေးပါဦး။
NWR : အမှတ်တရတွေ ကြုံခဲ့ရတာတော့ အများကြီးပါပဲ။ ရိုက်မယ်လို့စပြီး ကန်တော့ပွဲပေးကတည်း ကထူးထူးဆန်းဆန်း တွေချည်းပဲ ဖြစ်တာ။ မြွေတွေ တွေ့တယ်။ကန်တော့ပွဲထိုးဖို့အတွက်အလိုတော်ြ  ပည့် ဆရာတော်က ပိတောက်ပန်းမှရမယ်လို့ ပြောတော့ လိုက်ရှာပေမယ့် ပိတောက်ပန်းက ရှာလို့မ ရဘူး။ ရှုတင်မန်နေဂျာ ကိုဆွေက သူတို့ရပ်ကွက်ထဲမှာ မိုးတွေရွာတော့ ကျိုးကျတဲ့ ပိတောက်ကိုင်း မှာ ပိတောက် ပန်းလေးတစ်ခက်တည်း ပါတာကို ယူလာပေးလို့ အဆင်ပြေသွားတယ်။ အဲ့ဒီလိုမျိုး ထူး ဆန်းတာလေးတွေ တောက်လျှောက် ဖြစ်တယ်။
Voice : ဒီကားမှာ နှစ်ကိုယ်ခွဲ သရုပ်ဆောင်ရတာဆိုတော့ ဇာတ်ကောင်စရိုက် ကွဲပြားဖို့အတွက်ဘယ် လို အားထုတ်ခဲ့ရလဲ။
NWR : နဝရတ် ဒီကားကို ရိုက်တော့မယ် ဆိုတဲ့အချိန်မှာ ဇာတ်ကောင်ရဲ့ Mood ကတော့ ကိုယ့်မှာ အပြည့် ပဲ။ ဇာတ်ကောင်က ကိုယ်နဲ့လည်း အရမ်း လမိုင်းကပ်တယ်။ ရိုက်ကူးရေးပိုင်း မှာလည်း မိုး တွင်း ရိုက်ခဲ့ပြီး တော့ မိုးတစ်စက်မှ မရွာဘူး။ မိုးရွာလို့ ထိုင်စောင့်နေရတာမျိုး မရှိခဲ့ဖူးဘူး။ သရုပ်ဆောင်တွေ များပေမယ့် လည်း အားလုံးက ငြိမ်းငြိမ်းချမ်းချမ်းပဲ။ အရမ်းရိုက်လို့ကောင်း တယ်။  ကိုယ်သရုပ်ဆောင်ခဲ့ရတဲ့ အခန်းတွေကို လည်း ကျေနပ်တယ်။ အခုအချိန် ပြန်လုပ် ရင်တောင် မ ရနိုင်တော့တဲ့ အိုက်တင်တွေကို လုပ်ခဲ့ရတာဆိုတော့ ကိုယ့်ကိုယ်ကိုယ် အရမ်းကျေနပ် တယ်။ အစ်မတို့ အနုပညာလောက စကားနဲ့ပြောရရင် လမိုင်းကပ်တယ်လို့ ခေါ်မှာပေါ့။
Voiceးသစ်ရိပ်စံနဲ့ မေမြတ်ထန်ဆိုတဲ့ဇာတ်ကောင်နှစ်ခုမှာကိုယ်ကိုယ်တိုင်ကရောဘယ်ဇာတ်ကောင်  စရိုက်ကို သရုပ်ဆောင်ရတာ ပိုအားရလဲ။
NWR : သစ်ရိပ်စံကတော့ ဒရာမာ ဇာတ်ကားတွေမှာ အစ်မလုပ်နေကျ ပုံစံမျိုးပဲ။ မေမြတ်ထန်လို ပုံစံမျိုး ကတော့ အစ်မအတွက် နည်းနည်းခက်တယ်။ အဲဒီအတွက် မေမြတ်ထန်နေရာမှာ သရုပ်ဆောင်နိုင် ဖို့ ပိုပြီး ကြိုးစားခဲ့ရတယ်။
Voice : ဒီဇာတ်ကားမှာ နှစ်ကိုယ်ခွဲလည်း သရုပ်ဆောင်ထားတယ်၊ ကိုယ်ကိုယ်တိုင်ကလည်း အားရ တယ်ဆို တော့ ထူးချွန်ဆုတစ်ဆု မျှော်လင့်ထားတာမျိုး ရှိလား။
NWR : အစ်မက ဒီဇာတ်ကားလေးကို ပရိသတ်ရဲ့ရင်ထဲ အနက်ရှိုင်းဆုံးနေရာအထိ ရောက်ရင်ကျေ နပ်ပြီ။ ကျန်တာကတော့ အစ်မရဲ့ကံပါပဲ။
Voice : ဒီဇာတ်ကားကို ပြည်တွင်းမှာအပြင် ပြည်ပမှာပြဖို့ စီစဉ်ထားတာရှိရင်ပြောပြပေးပါဦး။
NWR : အစကတော့ ဒီကားကို ပြည်ပမှာအရင်ပြဖို့ စီစဉ်ထားတာ။ ကိုယ့်ရဲ့ ပရိသတ်တွေအတွက် သူများ ထက် နှစ်ဆလောက် အကုန်ခံပြီး သေချာလေး ရိုက်ထားတဲ့ကားဆိုတော့ ဦးဦးဖျား ဖျား မြန် မာ ပရိသတ်ေ တွကို အရင်ပြချင်တယ်။ အမေရိကမှာ ပြိုင်ပွဲဝင်ဖို့ အစီအစဉ်လုပ်ထားတာကို အစ်မ ဖျက် လိုက်ပြီးတော့ မြန်မာပြည်မှာပဲ အရင်ရုံတင်မယ်။ နောက်နှစ်ကျမှ နိုင်ငံခြားမှာ ပြဖို့ လုပ်တော့ မယ်။
Voice : နဝရတ်က ဇာတ်ကားတွေမရိုက်ဖြစ်တာ တော်တော်လေးကြာပြီနော်။ ဘာကြောင့် နားဖြစ် သွား တာလဲ။
NWR : ဇာတ်ကားတွေ မရိုက်တော့တာ ၂ နှစ်လောက်ရှိပြီ။ လုံးဝကို အပြင်ထုတ်လုပ်ရေး တွေနဲ့ မရိုက် တော့တာ။ အဓိကကတော့ ကိုယ်လုပ်ချင်တာလေးတွေကို စိတ်ပါမှပဲ လုပ်ချင်တော့တယ်။ ဇာတ်လမ်းက လည်း ဘာမှလည်းမထူးဆန်းဘူး။ပရိသတ်ရင်ထဲလည်းမရောက်နိုင်ဘူးဆိုရင် မရိုက် ချင်တော့ဘူး။ဆယ်ကား ရိုက်မယ့်အစား ကောင်းတဲ့တစ်ကားလောက်ပဲ ရိုက်မယ်ဆိုပြီး ရွေးလိုက်တဲ့ သဘောပေါ့။ ကိုယ့်ကိုယ်ပိုင် ငွေလမင်း ထုတ်လုပ်ရေးနဲ့ပဲ ပရိသတ်တွေအတွက် ကိုယ်ချပြချင်တဲ့ ဇာတ်ကားလေးတွေကို ပရိသတ်တွေ အတွက် ရိုက်ပြချင်တယ်။အရင်တုန်းကလို တစ်နှစ်ကို သုံး ကားလောက် လှည့်ပတ်ရိုက်ပြီးတော့ကိုယ့်အတွက် ဘာမှမကျန်တဲ့ ဇာတ်ကားမျိုးတွေဆို မရိုက် ချင်တော့ဘူး။
Voice : ငွေလမင်း ထုတ်လုပ်ရေးကနေရော ဇာတ်ကားတွေ ဘယ်နှကားလောက် ရိုက်ပြီးသွားပြီလဲ။
NWR : နဝရတ်တို့ ငွေလမင်း ထုတ်လုပ်ရေးကနေ ဗီဒီယိုဇာတ်ကား ခြောက်ကားနဲ့ ရုပ်ရှင်ဇာတ် ကား သုံး ကား ရိုက်ပြီးသွားပြီ။
Voice : မလေးရှားမှာရိုက်မယ့် မဟာဆန်တဲ့ မာယာမျက်နှာဖုံး ရုပ်ရှင်ဇာတ်ကား အကြောင်း ပြော ပပေး ပါဦး။
NWR:ဒီရုပ်ရှင်ရိုက်ဖို့အစ်မတို့မလေးရှားကိုသြဂုတ်လ၁၀ရက်နေ့သွားမယ်။အစ်မကမလေးရှားရောက်   မြန်မာအလုပ်သမား တစ်ယောက်နေရာက သရုပ်ဆောင်ရမယ်။
Voice : ဒီဇာတ်ကားမှာ သရုပ်ဆောင်ဖို့ မူလကသဘောတူထားတဲ့ မင်းသားတစ်ယောက် ကတော့နုတ် ထွက် သွားတယ်။ နဝရတ် ကရော ဒီကားကိုရိုက်ဖို့ ဘယ်လိုယုံကြည်ချက်တွေနဲ့ လက် ခံဖြစ်တာလဲ။
NWR : အစ်မနဂိုကတည်းက ဒီကားရဲ့ ရည်ရွယ်ချက်ကို ကြိုက်တဲ့အတွက် ရိုက်ဖို့လက်ခံဖြစ်တယ်။ ဟိုမှာ ဘယ်လိုအန္တရာယ် မှလည်း မတွေ့နိုင်ဘူးလို့ ယုံကြည်တယ်။ အခုဆိုရင် အားလုံးငြိမ်း ချမ်း သွား ပြီ။ မြန်မာ ပရိသတ်တွေ အပေါ်မှာထားတဲ့ အစ်မရဲ့စေတနာ အကျိုးပေးတယ် လို့ ပြောရ မှာပေါ့။
Voice:တိမ်မင်းသမီးရဲ့ဒဏ္ဍာရီရုပ်ရှင်ဇာတ်ကားနဲ့ပတ်သက်ပြီးပရိသတ်တွေကို ပြောချင်တာရှိရင်ပြော   ပြပေးပါဦး။
NWR:တိမ်မင်းသမီးရဲ့ဒဏ္ဍာရီဇာတ်ကားကနဝရတ်ကိုအားပေးတဲ့ပရိသတ်တွေအတွက် ကျေးဇူးဆပ် တဲ့ အနေနဲ့ ရိုက်ကူးထားတဲ့ ကားလေးပါ။ ပရိသတ်တွေရဲ့ရင်ထဲကို အနက်ရှိုင်းဆုံး ရောက်လိမ့်မယ် ထင် လို့ ခက်ခက်ခဲခဲ ကြိုးကြိုးစားစားနဲ့သရုပ်ဆောင်ထားပါတယ်။ပရိသတ်တွေက အသိအမှတ်ပြု တယ်ဆိုရင်ကျေနပ် ပါတယ်လို့ ပြောချင်ပါတယ်။
The Voice Weekly

No comments:

Post a Comment