Friday, July 19, 2013

၂၀၁၅ အတွက် မစဉ်းစားနိုင်သေးသည့် သမ္မတကြီး

ဇူလိုင်လ ၁၈ ရက်နေ့ ညနေ France 24 ရုပ် သံလိုင်းနဲ့ တွေ့ဆုံမေးမြန်းခန်းမှာ သတင်း  ထာက်က ၂၀၁၅ ခုနှစ်မှာ သမ္မတအဖြစ်ပြန် လည်အရွေးခံဖို့ ရှိပါသလား ဆိုတဲ့မေးခွန်း ကို မေးခဲ့ပါတယ်။
သမ္မတကြီးက ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲ  အတွက် မစဉ်းစားနိုင်သေးပါဘူး။ကျွန်တော့် အနေ နဲ့ အခုအချိန်မှာ အရေးကြီး ကိစ္စအဖြစ် စဉ်းစားဆောင်ရွက်နေတဲ့ လုပ်ငန်းသုံးခုပဲရှိပါ တယ်။ အဲဒါတွေ ကတော့
၁။ နိုင်ငံအတွင်းမှာ ထာဝစဉ်တည်တံ့မယ့် ငြိမ်းချမ်းရေးတည်ဆောက်နိုင်ဖို့။
၂။ နိုင်ငံနဲ့ နိုင်ငံသားများရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်ဖို့။
၃။ လူငယ်တွေအတွက် ကောင်းမွန်တဲ့အနာဂတ်တစ်ခု တည်ဆောက်ပေးနိုင်ဖို့
ဖြစ်ပါတယ်၊ လို့ ဖြေကြားခဲ့ပါတယ်။
အဲဒီနေ့ ညနေ နိုင်ငံခြားရေးရာစာစောင်နဲ့ တွေ့ဆုံတဲ့အခါမှာတော့ သတင်းထောက်က ပြီး ခဲ့ တဲ့ နှစ်နှစ်ကျော် ကာလအတွင်း ဆောင်ရွက်နိုင်ခဲ့တဲ့ စီးပွားရေး ပြုပြင်ပြောင်းလဲများအပေါ် သမ္မတ ကြီး ရဲ့ အမြင်ကို မေးခဲ့ပါတယ်။
 

သမ္မတကြီးက ပြီးခဲ့တဲ့နှစ်နှစ်တာကာလအတွင်းမှာ အစိုးရအဖွဲ့အနေနဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု အတွက်လိုအ ပ်တဲ့အခြေခံကောင်းတွေ တည်ဆောက်နိုင် အောင် အဓိကထားပြီး ကြိုးစားခဲ့ရပါ တယ်။ဥပမာ နိုင်ငံခြားရင်းနှီးမြှတ်နှံမှုဥပဒေကိုလွှတ်တော်ကအတည်ပြုနိုင်ဖို့အတွက်တစ်နှစ်ကျော် အချိန်ယူကြိုး စားခဲ့ရတယ်။ စီးပွားရေးပိတ်ဆို့မှုများ ဖယ်ရှားနိုင်ဖို့ အတွက် နှစ်နှစ်နီး ပါးကြိုး စားဆောင်ရွက်ခဲ့ရတယ်။ အခြားမူဝါဒဆိုင်ရာပြောင်းလဲမှုတွေ အများကြီးလုပ်ခဲ့ရတယ်။
အဲဒီလုပ်ငန်းတွေလုပ်ဆောင်နေရတဲ့အတွက် စီးပွားရေးပြုပြင်ပြောင်းလဲမှုရဲ့ ရလဒ်တွေကို ပြည် သူတွေ တိုက်ရိုက်ခံစားနိုင်အောင် လုပ်ဆောင်ပေးနိုင်မှု အားနည်းခဲ့ ရတယ်။ ဒီအချက်ကိုတော့ အားမရဘူး။
အခုအချိန်မှာတော့ နိုင်ငံခြားရင်းနှီးမြှတ်နှံမှုဥပဒေအပါအ၀င်လိုအပ်တဲ့အခြေခံအချက်များ လည်း ပြည့် စုံနေပြီ။ မြန်မာနိုင်ငံ အပေါ် ချမှတ်ထားတဲ့ စီးပွားရေးပိတ်ဆို့မှုများကိုလည်း ရုပ် သိမ်းသွားပြီ   ဖြစ်တဲ့အ တွက် အောက်ခြေပြည်သူများ အနေနဲ့ စီးပွားရေးပြုပြင်ပြောင်းလဲမှုများရဲ့ အကျိုးကို မြန်မြန်ခံစားနိုင်အောင် ကြိုးစား ဆောင်ရွက်ရမယ့်အချိန်ဖြစ်တယ်။
ကျွန်တော်တို့ အစိုးရအဖွဲ့တာဝန်ယူရတဲ့အချိန်မှာ ဒါကို အဓိကထားဆောင်ရွက်သွားပါ့ မယ် လို့ ဖြေကြားခဲ့ပါတယ်။

No comments:

Post a Comment