Tuesday, July 23, 2013

အဆိုတော်ဆိုတေး သတိပြန်ရလာတဲ့အချိန် မိမိကို သူ့ဇနီးအဖြစ် လက်မခံဘူး ဆိုရင် ခိုင်လုံတဲ့သက်သေအထောက်အထားများအရ တရားစွဲဆိုသွားမည်

  မချိုချိုမှ မြန်မာနိုင်ငံသတင်းထောက်များကွန်ရက်ရုံးခန်းတွင် ၂၀-၇-၂၀၁၃ နေ့လယ် ၁၁ နာရီတွင် စာနယ်ဇင်းရှင်းလင်းပွဲကျင်းပ

ပြီးခဲ့တဲ့တနင်္ဂနွေနေ့ည ဖိုးချစ် ဇာတ် အဖွဲ့နဲ့အတူ သီချင်းသီဆိုရန် ထွက်ခွာသွားတဲ့ အဆိုတော် ဆိုတေး၊ ဇနီးဖြစ်သူမချောချောနှင့် ယာဉ်မောင်း၊ မိတ်ဆွေအမျိုး သမီး တစ်ဦးတို့ဟာ ရန်ကုန်-မန္တလေး အမြန် လမ်းမှာ ကားအက်ဆီး ဒင့်ဖြစ် ပြီး ဇနီးဖြစ်သူ မချောချော ပွဲချင်းပြီးသေဆုံးသွားသလို အဆိုတော်ဆိုတေးဟာလည်း မန္တလေး ပြည်သူ့ဆေးရုံကြီးတွင် ဆေးဝါးကုသမှုခံယူနေရဆဲအချိန်မှာပဲအွန်လိုင်းစာမျက်နှာတွေပေါ် မှာ မိမိရဲ့ခင်ပွန်းဖြစ်သူ အဆိုတော်ဆိုတေးအား ထိုင်းနိုင်ငံကို ခေါ်ဆောင်ကုသပေးမည်ဟူသည့် သ တင်းများ ကျယ်ကျယ်ပြန့် ပြန့်ပေါ်ထွက်လာခဲ့ပါတယ်။
အဲဒီနောက်မှာတော့ မြန်မာ့အလင်းသတင်းစာ ဇူလိုင် ၁၉ ရက်နေ့ထုတ်မှာတော့အဆိုတော်ဆိုတေး ရဲ့ မိဘ ညီအစ် ကိုမောင်နှမများရဲ့ ဖြေရှင်းချက်လို့အမည်တပ်ထားတဲ့ ကြေညာချက်တစ်ခုကို ထုတ်ပြန် လာပါတယ်။
ကွယ်လွန်သွားရှာတဲ့ မချောချော (ခ) မ၀င့်ကုဋေသူဟာ ကျွန်တော်ဦးတင်မြင့်ရဲ့သား ဆိုတေး၏ ဇနီးဖြစ်ပါကြောင်း၊၁၆၁၁-၂၀၁၂ နေ့တွင် နှစ်ဖက်မိဘများနှင့်သထုံခရုင်တရားသူကြီး  ဒေါ်အေးအေး သင်း တို့ ၏ရှေ့မှောက်မှာ နှစ်ဦးသဘောတူလက်မှတ်ထိုးပြီး အကြင်လင်မယားအ ရာရောက် ခဲ့ပြီးဖြစ်ကြောင်း စ သဖြင့် ကြေညာ ချက်ထွက်ပေါ်ပြီးနောက်တစ်ရက်မှာပဲ အဆိုတော်ဆိုတေးဟာ မိမိရဲ့ခင်ပွန်းဖြစ်ကြောင်း ၂၀-၇-၂၀၁၃ ရက်နေ့ စနေနေ့ နေ့လယ် ၁၁ နာရီမှာ ကာယကံရှင် စီဆူ ဒါး ထိုင်းမိုင် (ခ) မချိုချိုက မြန်မာနိုင်ငံ သတင်းထောက် များကွန်ရက် ရုံးခန်းမှာ စာနယ်ဇင်း ရှင်း လင်းပွဲတစ်ရပ်ကို ကျင်းပခဲ့ပါတယ်။
မီဒီယာအများအပြား၊ သတင်းထောက်အများအပြားတက်ရောက်လာတဲ့ အဆိုပါသတင်းစာရှင်း လင်း ပွဲမှာ မချိုချိုက''အခုလို စာနယ်ဇင်းသတင်းမီဒီယာများနှင့် တွေ့ဆုံရှင်းလင်းရ တဲ့အကြောင်း အရင်းကတော့ ၂၀၁၃ ခုနှစ်၊ ဇူလိုင်လ ၉ ရက်နေ့ကစပြီး မိမိနှင့်အဆိုတော် ဆိုတေးတို့ဟာ အကြင် လင်မယားအဖြစ် အတူတူပေါင်း သင်းနေ ခဲ့ကြကြောင်း အဆိုတော် ဆိုတေး သတိမရသေး တဲ့အ ချိန်မှာ မိမိဟာ အဆိုတော်ဆိုတေးနဲ့ မပတ်သက်ကြောင်း ထုတ်ပြန်ကြေညာလာတဲ့အတွက် မိမိ အနေနဲ့ ဂုဏ်သိက္ခာထိခိုက်ခဲ့ကြောင်း၊ မိမိ အနေနဲ့ သက်သေအထောက်အထားပြစရာ အများကြီး ရှိကြောင်းနဲ့ အသိ သက်သေတွေလည်းရှိပါကြောင်း တကယ် လို့ အဆိုတော်ဆိုတေး သတိပြန်ရ လာတဲ့အချိန်မှာ မိမိကိုသူ့ဇနီးအဖြစ် လက်ခံ၊ မခံဆိုတာ တိကျတဲ့ အဖြေ ပေါ်ထွက်လာ မှာဖြစ်ကြောင်း၊  အကယ်ရွေ့ အဆိုတော်ဆိုတေးမှ မိမိအား ၄င်း၏ဇနီးအဖြစ် လက် မခံ၊ ငြင်းပယ်ခဲ့ မယ်ဆိုရင်ဖြင့် သက်သေအထောက်အထား ခိုင်လုံစွာဖြင့် တင်ပြကာ တရားစွဲ ဆိုသွား မှာဖြစ်ကြောင်း တက်ရောက်လာကြတဲ့ သတင်းမီဒီယာတွေကို ရှင်းလင်းပြောကြားခဲ့ကြောင်းလည်း သိရှိရ ပါတယ်။
ဘယ်သတင်းဟာ အမှန်အမှားဆိုတာနဲ့ ဘယ်ဇနီးဟာ မိမိရဲ့တရားဝင်ဇနီးဖြစ်ကြောင်း အတည်ြ ပုေ ပးနိုင် မယ့် ကာယကံရှင်ဖြစ်သူ အဆိုတော်ဆိုတေးကတော့ ယခုအခါ မန္တလေးပြည်သူ့ဆေး ရုံကြီး တွင် သတိပြန် လည်ရ ရှိလာစေ ဖို့အတွက် သက်ဆိုင်ရာဆရာဝန်ကြီးများ၊ မိသားစုများက အပူတပြင်း ဂရုစိုက်ဆေး ၀ါးကု သနေကြောင်း သိရှိရတဲ့အတွက် ဘယ်သတင်းအမှန်၊ အမှားနဲ့ ဘယ်သူဟာ တရားဝင် ဇနီး အစစ် အမှန် ဆိုတာကို အဆိုတော် ဆိုတေးမှာအပ ဘယ်သူမှ သိနိုင် မှာမဟုတ်ကြောင်းလည်း အဆိုပါ သတင်းစာ ရှင်းလင်းပွဲကိုတက်ရောက်လာတဲ့ သတင်းထောက် များက မှတ်ချက်ပြုခဲ့ကြကြောင်း သိရှိရပါတယ်။
The First Media Group

No comments:

Post a Comment