Tuesday, July 30, 2013

ငွေကျပ် ၁၅၀၀ တန် မိုဘိုင်းဖုန်းများ Ringtune များထည့်သွင်းနိုင်ပြီဖြစ်

ယခုလက်ရှိ ငွေကျပ် ၁၅၀၀ တန်မိုဘိုင်းဖုန်းတွေ မှာယခင်မိုဘိုင်းဖုန်းတွေလို Ringtune များထည့် သွင်းနိုင်ပြီဖြစ်တယ်လို့ ဇူလိုင်လ ၂၇ ရက်နေ့က Sakura Towerမှာကျင်းပတဲ့ ငွေကျပ်တစ်ထောင့် ငါးရာ တန် မိုဘိုင်းဖုန်းများ Ringtune စတင် အသုံးပြုနိုင်မှုနဲ့ ပတ်သက်ပြီးမိတ်ဆက်တဲ့အခမ်း အနားမှ သိရပါတယ်။ ငွေကျပ် တစ်ထောင့်ငါး ရာ တန် မိုဘိုင်းဖုန်းများအတွက် Hello Music  ၀န်ဆောင်မှုကိုMIS(Myanmar Telecommunication & Technology Services) ကုမ္ပဏီမှ စီစဉ် ပြုလုပ်တာ ဖြစ်ပါတယ်။
အဆိုပါဝန်ဆောင်မှုကို ဆောင်ရွက်လိုသူတွေအနေနဲ့ ငွေကျပ် တစ်ထောင့် ငါးရာ တန်မိုဘိုင်းဖုန်းနဲ့ ၁၂၁၂ သို့ ခေါ်ဆိုပြီး အမည်၊ ဖုန်းနံပါတ်၊ မှတ်ပုံတင်အမှတ်နဲ့ နေရပ်လိပ်စာ တို့ကိုပေးပို့ ကာ ပြု လုပ်နိုင်သလို အသုံးပြုမယ့်မိုဘိုင်းဖုန်းနဲ့ နံပါတ် ၃၃၃ ကို Register လို့ ရိုက်နှိပ်ပြီး SMS ပေးပို့ကာ Ringtuneအစီအစဉ်ကိုအသုံးပြုနိုင်တယ်လို့လည်းသိရပါတယ်။အဆိုပါဝန်ဆောင်မှုကိုတော့ ပြီးခဲ့တဲ့မေ လက တည်းက စတင်ပြီး ပြုလုပ်နိုင်တာဖြစ်ပြီး လက်ရှိမှာတော့ အသုံးပြုသူအနေနဲ့ ၁၈၇၅၀ ဦးခန့်ရှိပြီး ဖြစ် တယ်လို့လည်း သိရပါတယ်။ အဆိုပါ ၀န်ဆောင်မှုအတွက် သံစဉ်တွေကိုလည်း www.hellomusic.com မှ mylibrary မှာ ၀င်ရောက်ကြည့်ရှုနိုင်တယ်လို့ သိရပါတယ်။ အဆိုပါRingtune  များအသုံးပြုမှုကိုတော့ ၀န်ဆောင်ခအတွက်လစဉ်ကြေးအနေနဲ့  ၁ လကို ငွေ နှစ်ထောင် ကျပ်နဲ့ သီ ချင်း တစ်ပုဒ်အတွက် ၃၀၀ ကျပ် ဖြစ်တယ်လို့ သိရှိရပါတယ်။
From:MRTV

No comments:

Post a Comment