Saturday, July 20, 2013

စယ်လီဗစ်တီတွေရဲ့ ဖြစ်ရပ်မှန် ဇာတ်လမ်းကြီးကို မကြည့်ချင်ကြဘူးလားဟင်

ပြောလဲပြောတတ်တယ်ကွာ..အပျင်းပြေပေါ့..တကယ်ဇာတ်ကားထွက်လာနေအုန်းမယ်


ဇာတ်လမ်းအကျဉ်းကတော့.....
ဇာတ်ကတော့ ဇာတ်ကြမ်းပဲဗျ။ ဇာတ်လမ်းအစမှာ မင်းသား ရဲတိုက် က ဘုရားရှိခိုးကျောင်း ရှေ့မှာကတ် ထူပြားကြီး ကိုင်ပြီးတော့ အင်္ဂလိပ် လို ဆန္ဒပြမယ်။ အဲဒီမှာ ဘုရားရှိ ခိုး ကျောင်းထဲကလူတစ်စုထွက်လာ ပြီးတော့ထိုးကြိတ်ကြမယ်။မင်းသား က ဖိုက်တင်ခန်းတွေ လှလှပပ က စာြး ပမယ်။ ဒါပေမယ့် အများနဲ့ တစ်ယောက် ဆိုတော့ လမ်းကြားထဲ ထွက်အပြေးမှာ မင်းအုပ်စိုးနဲ့ ဆုံ မယ်။ မင်းအုပ်စိုးက ဒုတ်ပြ ခဲပြနဲ့ ရဲတိုက်ကို ကယ်တင် လိုက်မယ်။ (လူရှိန်သွားအောင် မီးသတ်ကား မှန် ကို ခွဲပြမယ်)
အဲဒီမှာ ရဲတိုက်နဲ့ မင်းအုပ်စိုးက အရမ်းခင်တဲ့ မိတ်ဆွေတွေ ဖြစ်သွားမယ်။ မင်းအုပ်စိုးက ဒီကားမှာ

ဒုစရိုက် ရာဇာဗျ။ မူးယစ်ရာဇာ ကြီးပေါ့။ မင်းအုပ်စိုးက ရဲတိုက်ရဲ့ လုပ်ရည် ကိုင်ရည်ကို သဘောကျ ပြီးတော့ ကျောက်တံခါး ဘက်ကို မူးယစ်ဆေးဝါး ကယ်ရီ လုပ်ခိုင်းမယ်။ သူနဲ့အတူ ဘုန်းလျှံ ကိုပါ အဖော် ထည့်ပေးလိုက်မယ်။ ရဲတိုက်က မမျှော်လင့်ဘဲ မေဇွန်နဲ့ ဆုံမယ်။ မေဇွန်က အိမ်ဖော်ကိုသတ် ပြီးတော့ ထွက်ပြေးရင်း ၀ရမ်းပြေး ဖြစ်လာတာ။ သူတို့နှစ်ယောက် ကြိုက်သွားမယ်။
မင်းသားနဲ့ မင်းသမီး Love Scene လေးကို ဆူးလေ ဘုရားလမ်း ပေါ်မှာ ရိုက်မယ်။ သူတို့ နှစ်ယောက် အပြိုင် ကနေတုန်း ကုလားကား ထဲကလို နောက်ကနေ ယာဉ်ထိန်းရဲ တွေရော၊ ဈေးသည်တွေရော လိုက်ကမယ်။ ယာဉ်ထိန်းရဲ နေရာမှာ မင်းမင်းထွန်းကို သရုပ်ဆောင် ခိုင်းမယ်။ အဲဒီ အကကွက် တွေ ကို ဒါရိုက်တာ ဇော်ကိုကိုက ကြီးကြပ်မယ်။ နောက်ဆုံးမှာ မင်းမင်းထွန်းကို ရဲတွေလာဖမ်းတဲ့အကွက် နဲ့ တစ်ခန်းရပ်မယ်။
ရဲတိုက်နဲ့ မေဇွန်က မူးယစ်ဆေးဝါး ကယ်ရီလုပ်ဖို့အသွားလမ်းမှာကားပျက်သွားလို့ ဖြတ်သွားတဲ့ကား တစ်စီး လှမ်းတားမယ်။ ရပ်ပေးတာက ဆိုတေးတို့စီးလာတဲ့ကား။ဆိုတေးကတစ်လမ်းလုံးသူ့ကောင် မလေးနဲ့ စကားများ နေတယ်။ ကောင်မလေးက ဘန်ကောက်မှာ မယားကြီး ရှိရက်သားနဲ့ ဘာကြောင့် သူ့ ကို လာကြူသလဲ ဆိုပြီး ပြဿနာ ရှာနေတာ။ ကြာလာတော့ရဲတိုက်တို့အတွဲလည်း  နား ငြီးလာတာနဲ့ ၁၁၅ မိုင်မှာ ဆင်းနေခဲ့ကြမယ်။
ဆိုတေးတို့ အတွဲက စကားများရင်းနဲ့ မိတ္တီလာ အရောက်မှာ လက်တွေ ခြေတွေပါလာပြီးကားထဲမှာ  ရုန်းရင်းဆန်ခတ် ဖြစ်မယ်။ ဒရိုင်ဘာလည်း စီယာတိုင် မထိန်းနိုင်ဘဲ လမ်းဘေးကို ကားထိုးကျ သွားမယ်။ အဲဒီမှာ ဆိုတေးရဲ့ ကောင်မလေး ပွဲချင်းပြီး ဆုံးမယ်။ ဆိုတေးက အလောင်းကို ဖက်ပြီး ငိုမယ်။ နောက်ခံ သီချင်းက "ငါ့ဘ၀ရဲ့ မီးအိမ်ရှင်" ဆိုပြီးတော့ Playback ဖွင့်ပေး ထားမယ်။

ရဲတိုက်နဲ့ မေဇွန်က တခြားကား စီးပြီး ခရီးဆက်ထွက် လာမယ်။ ရဲတိုက်က အမှတ်တမဲ့ မေဇွန်ရဲ့ ဖုန်းကို ယူကြည့်မယ်။ ဖုန်းထဲမှာ ရိုတရဲ့ ပဲမြစ်ကြော်ငြာ ပုံတွေ တွေ့မယ်။ အဲဒီမှာ ရိုတက မေဇွန်ရဲ့ တိတ်တိတ်ပုန်း လင်ဆိုပြီး စွပ်စွဲမယ်။ နှစ်ယောက်သား အထင်တွေ လွဲမယ်။ တစ်ယောက် တစ်လမ်းစီ လမ်းခွဲပြီး သွားမယ်။ ရဲတိုက်က ကျောက်တံခါး အရောက်မှာ ရိုတနဲ့ ဆုံမယ်။ သူနဲ့ မေဇွန် ဘာမှ မပတ်သတ်ကြောင်း ရှင်းပြလိုက်လို့ အဖြစ်မှန်ကို သိသွားမယ်။ မေဇွန်ကို ဖုန်းဆက်ပြီး လက်ဘက်ရည်ဆိုင် တစ်ဆိုင်မှာ ထိုင်စောင့်နေမယ်။
ဖြစ်ချင်တော့ ဒီဘက်မှာ ဘုန်းလျှံကို မူးယစ်ဆေးဝါး တွေနဲ့ လက်ပူးလက်ကြပ် ဖမ်းမိမယ်။ ဒီတော့ သူ့ကို စစ်မေးရင်း ရဲတိုက် ရောက်တဲ့နေရာကို သိသွားမယ်။ ချက်ချင်း နယ်မြေခံ ရဲစခန်း ဖုန်း ဆက်ပြီး လူအင်အားနဲ့ ၀ိုင်းမယ်။ အဲဒီအချိန်မှာ မေဇွန်ကလည်း ရဲတိုက်ရှိတဲ့ ဆိုင်ထဲ ၀င်လာမယ်။ သူတို့နှစ်ယောက် တစ်ယောက်နဲ့ တစ်ယောက် ပြေးဖက်ကြ ချိန်မှာ ရဲတွေက လက်ထိပ် ၀င်ခတ် မယ်။ နှစ်ယောက်စလုံး တစ်ယောက် မျက်နှာ တစ်ယောက် ကြည့်ပြီးမျက်ရည်တွေ ကျနေတဲ့ အခန်း နဲ့  ဇာတ်သိမ်းမယ်။
ကဲ .... ဘယ်လိုလဲ။ အချစ်၊ အလွမ်း၊ အကြမ်း ရသစုံ ပါဝင်တဲ့ ဇာတ်ကားကြီးကို မကြည့်ချင် ကြဘူး လား။

FROM-Zin Thaw Naing

No comments:

Post a Comment