Wednesday, July 24, 2013

ရန်ကုန်နှင့် မန္တလေးတက္ကသိုလ်၌ တက်ရောက်ခွင့်ရမည့် ထူးချွန်ကျောင်း သားများအတွက် ပညာသင် ထောက်ပံ့ကြေးနှင့် နိုင်ငံခြား ပညာတော်သင်

ရန်ကုန်နှင့် မန္တလေး တက္ကသိုလ် တို့တွင် ၂၀၁၃-၁၄ ပညာသင်နှစ်မှ စတင် တက်ရောက်ခွင့်ပြုမည့် ၀ိဇ္ဇာနှင့် သိပ္ပံထူးချွန် ကျောင်းသား များအတွက် ပညာသင် ထောက် ပံ့ကြေး ပေးအပ်မည့် အစီအစဉ် များ  ရှိနေကြောင်း ပညာရေး ၀န်ကြီးဌာနမှ သိရသည်။အဆို ပါ ၀ိဇ္ဇာနှင့် သိပ္ပံထူးချွန် ကျောင်းသား
များအတွက် ကျောင်းသားတစ်ဦး လျှင်ပညာသင် ထောက်ပံ့ကြေး
အဖြစ် တစ်လလျှင် ငွေကျပ် တစ် သိန်းစီ ပေးအပ်သွားရန် အစီအစဉ်များရှိပြီး ဒုတိယနှစ်မှ စတင်ကာမေဂျာတစ်ခု လျှင် ထူး ချွန်ကျောင်းသား သုံးဦးစီကို ရွေးချယ်၍ နိုင်ငံခြား ပညာတော်သင် စေလွှတ်သွားမည့် အစီအစဉ်
များ ရှိကြောင်း သိရသည်။
''၀ိဇ္ဇာနဲ့ သိပ္ပံ ထူးချွန်ကျောင်းသားတွေကို လစဉ်ပညာသင် ထောက်ပံ့ကြေးအဖြစ် တစ်ဦးကို တစ် သိန်းစီ ပေးအပ်သွားဖို့နဲ့ နိုင်ငံခြားပညာသင်စေလွှတ်မယ့်အစီအစဉ်ကိုဒုတိယနှစ်ကစပြီး ဆောင်ရွက် သွားဖို့ ရှိတယ်လို့ သိရပါတယ်။ အသေးစိတ်ကတော့ မသိရသေးပါဘူး'' ဟု ပညာရေး ၀န်ကြီးဌာန မှ အဆင့်မြင့် အရာရှိကြီး တစ်ဦးက ပြောကြားသည်။
ရန်ကုန်နှင့် မန္တလေးတက္ကသိုလ်တို့တွင် ယခုပညာသင်နှစ်မှ စတင်၍ ၀ိဇ္ဇာနှင့် သိပ္ပံဘာသာရပ် ၂၀ အတွက် ဘာသာရပ် တစ်ခုလျှင် ကျောင်းသား ၁၅ ဦးစီဖြင့် တက္ကသိုလ်တစ်ခုလျှင်ထူးချွန်ကျောင်း သား ၃၀၀ စီဖြင့် လက်ခံသင်ကြား သွားမည်ဖြစ်သည်။ အဆိုပါ တက္ကသိုလ်များသို့တက်ရောက်နိုင် မည့် ၀ိဇ္ဇာနှင့်သိပ္ပံဘာသာဘွဲ့ သင်တန်းများအတွက် သက်ဆိုင်ရာ ဘာသာရပ်အလိုက် အနိမ့်ဆုံး ၀င်ခွင်သတ်မှတ် အမှတ်များမှာ ရူပဗေဒဘာသာ ၄၉၀၊ ဓာတုဗေဒဘာသာ ၄၉၀၊ သချာင်္ဘာသာ ၄၉၀၊ သတ္တဗေဒဘာသာ ၄၉၀၊ ရုက္ခဗေဒဘာသာ ၄၉၀၊ ဘူမိဗေဒဘာသာ ၄၉၀၊ ကုန်ထုတ် ဓာတုဗေဒဘာသာ ၄၉၀၊ နိုင်ငံတကာ ဆက်ဆံရေး ပညာဘာသာ ၄၇၀၊ ဥပဒေဘာသာ ၄၇၀၊ ပထ၀ီဝင်ဘာသာ ၄၃၀၊ သမိုင်းဘာ သာ ၄၃၀၊ စိတ်ပညာဘာသာ ၄၃၀၊ ဒဿနိကဗေဒ ဘာသာ ၄၃၀၊ မနုဿဗေဒဘာသာ ၄၃၀၊ ရှေးဟောင်းသုတေသန ဘာသာ ၄၃၀၊ မြန်မာစာဘာသာ ၄၇၀၊ အင်္ဂလိပ်စာဘာ သာ ၅၀၀၊ အရှေ့တိုင်းပညာ ဘာသာ ၄၃၀၊ ကွန်ပျူတာ သိပ္ပံဘာသာ ၄၈၀နှင့် နိုင်ငံရေး သိပ္ပံဘာသာ ၄၇၀ မှတ် အသီးသီး သတ်မှတ်ထားသည်။
ယင်းကဲ့သို့ ထူးချွန်ဘာသာရပ်များ အတွက် သတ်မှတ်ထားသည့် အနိမ့်ဆုံး ၀င်ခွင့်အမှတ်များမှာ အသက်မွေးဝမ်းကျောင်း တက္ကသိုလ်များ၏ ၀င်ခွင့်အမှတ်များထက် မြင့် မားနေသော် လည်း ကျောင်းသား အများစုမှာ အဆိုပါ တက္ကသိုလ်များတွင် တက်ရောက်ရန် စိတ်ဝင်စားမှု များပြားလျက် ရှိနေသည်။

No comments:

Post a Comment