Wednesday, July 17, 2013

ရွှေကူမြို့၊အမှတ်(၄) ရေပြန်ကြီးရပ်ကွက်တွင်ဖွင့်လှစ် ထားရှိသည့် ပန်းပျိုး လက် ပုဂ္ဂလိက ဘော်ဒါ ဆောင်မှ နည်းပြ ဆရာမ ဒေါ်ခိုင်ဇာနှင်း (အဖ ဦးမောင်ချို)၊ ဘော်ဒါဆောင်ပိုင်ရှင်ဦးအောင်ဇော်မိုး နှင့်နည်းပြ
ဦးအောင်ဇော်ထက်တို့သည်၎င်းတို့ ဘော်ဒါ ဆောင်တွင်ညအိပ်စာ
သင်နေသည့် ရွှေကူမြို့ ရေပြန်ကြီး ရပ်ကွက်နေ မယဉ်ကလျာဖြိုး(ခ) မရေ နဒီဖြိုး (အဖ ဦးကျော်ဝင်း) (၁၀ တန်း သူ) အား ဇူလိုင်လ ၆ ရက်နေ့ တွင် မိဘ အုပ်ထိန်း သူအား အသိ မပေးဘဲ ရွှေကူမြို့မှ မန္တလေး မြို့သို့ စည်း ရုံး ခေါ် ဆောင်သွားပြီး မန္တလေးမှတဆင့် ဇူလိုင်လ ၈ ရက်နေ့ တွင် တောင် ကြီး မြို့သိင်္ဂီတည်းခိုခန်းသို့ ရောက်ရှိတည်းခိုခဲ့ကြောင်းကြားသိရပါတယ်။
ဇူလိုင်လ ၉ ရက်နေ့ နံနက် ၁၀း၃၀ နာရီတွင် တာချီလိတ် မြို့ဘက်သို့ ဘင်ကား တစ်စီးဖြင့် စင်းလုံး ငှား ထွက်ခွာ သွားကြောင်း စုံစမ်းသိရှိရသဖြင့် ရွှေကူမြို့ မြို့မိ မြို့ဖများ၏ အကူ အညြီ ဖင့် တောင် ကြီး မြို့ရှိ မိတ်ဆွေများ ထံအကူ အညီ တောင်းခံ၍ တောင်ကြီးမြို့ လူကုန်ကူးမှု တားဆီး ကာ ကွယ်ရေး ရုံးသို့ သတင်း ပို့ပြီး ဆက်လက် ဆောင်ရွက် ခဲ့ရာ ဇူလိုင်လ ၁၀ ရက်နေ့ နံနက် ၈ နာရီတွင် တောင်ကြီး- တာချီလိတ် ကားလမ်း ပေါ်တွင် တာလေ ရဲကင်း စခန်းမှ တားဆီး ဆောင် ရွက် နိုင်ခဲ့ ကြောင်း၊
ယင်းဖြစ်စဉ်တွင် ဦးအောင်ဇော်မိုး၊ ဦးအောင်ဇော်ထက် နှင့် ဆရာမ ဒေါ်ခိုင်ဇာနှင်း တို့သည် မယဉ်ကလျာဖြိုးအား လူကုန်ကူးမှု ဆောင်ရွက်ရန် ကြိုးပမ်း အားထုတ်ခဲ့သဖြင့် ဖမ်းဆီးအရေးယူ ထားပါ တယ်။
ဦးအောင်ဇော်ဦး နှင့် ဦးအောင်ဇော်ထက် တို့သည် ရွှေကူမြို့နယ် ပညာရေးမှူး ရုံးမှ လွန်ခဲ့သော (၁၀)ရက် ခန့်တွင် ပျောက်ဆုံး ခဲ့သည့် ငွေကျပ် (၂၁)သိန်း အား ဖေါက်ထွင်း ခိုးယူသူ များဟု သံသယဖြင့် ရွှေကူ မြို့နယ်ရဲ စခန်းတွင် အမှုဖွင့် ခံထားရ သူများ ဖြစ်ကြောင်း ကြားသိရပါတယ်။
From:မြ၀တီ

No comments:

Post a Comment