Monday, July 15, 2013

ပွင့်လင်းရာသီကာလမှ စတင်ကာ နိုင်ငံတကာ လေကြောင်းလိုင်းသစ် သုံးခု မြန်မာနိုင်ငံနှင့် တိုက်ရိုက်ခရီးစဉ် ပျံသန်းရန် စီစဉ်

7.14.12
၂၀၁၃ ခုနှစ် ပွင့်လင်းရာသီ ကာလမှ စတင်ကာ နိုင်ငံတကာလေ ကြောင်းလိုင်းသစ် သုံးခုမန်မာနိုင်ငံနှင့် တိုက်ရိုက်ခရီးစဉ် ပျံသန်း ရန် စီစဉ်လျက် ရှိကြောင်း ရန်ကုန် အပြည်ပြည် ဆိုင်ရာ လေဆိပ်မှ တာဝန်ရှိသူ တစ်ဦး ၏ ပြော ကြားချက်အရ သိရသည်။ ယင်းလေကြောင်းလိုင်းများမှာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ အခြေပြု ပြေးဆွဲလျက်ရှိသော Nok Air လေကြောင်းလိုင်းနှင့် Business Air  လေကြောင်းလိုင်း၊ စင်ကာပူနိုင်ငံ အခြေပြု ပြေးဆွဲနေသော Tiger Air လေကြောင်း လိုင်း
တို့  ဖြစ်သည်။ အဆိုပါ လေကြောင်းလိုင်းများသည် ၂၀၁၃ ခုနှစ် ပွင့်လင်းရာသီ ကာလဖြစ်သော စက်တင်ဘာလ ဆန်း မှ စတင်ကာ မြန်မာနိုင်ငံနှင့် တိုက်ရိုက်ခရီးစဉ်များ ပြေးဆွဲနိုင်ရန် ရန်ကုန် အပြည်ပြည်ဆိုင် ရာ လေဆိပ်မှ တာဝန်ရှိသူထံသို့ လာရောက် ဆွေးနွေးခဲ့သည်ဟု သိရသည်။ ''Nok Air၊ Business Air နဲ့ Tiger Airways စတဲ့ လေကြောင်းလိုင်း သုံးခုက လာမယ့်ပွင့်လင်း ရာသီ ကစပြီး မြန်မာနိုင်ငံနဲ့ တိုက်ရိုက် ခရီးစဉ် ပျံသန်းဖို့ လာပြောထားတာ ရှိပါတယ်။ သူတို့ အနေနဲ့ မြန် မာနိုင်ငံ လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနကို ဆက်လက် တင်ပြရမယ့် အဆင့်တွေ ရှိပါသေးတယ်'' ဟု ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ အထွေထွေ မန်နေဂျာ ဦးဝင်းကို က ပြောကြားသည်။ လက်ရှိတွင် မြန်မာနိုင်ငံနှင့် တိုက်ရိုက်ခရီးစဉ် ပျံသန်းပြေးဆွဲနေသော ပြည်ပ လေကြောင်းလိုင်း ၂၂ လိုင်းရှိပြီး ပြည်တွင်း လေကြောင်းလိုင်း ခုနစ်လိုင်းရှိသည်။ ၂၀၁၂ ခုနှစ် ပွင့်လင်းရာသီ မတိုင်မီအထိ မြန်မာနိုင်ငံသို့ ပျံသန်း ပြေး ဆွဲနေသော ပြည် ပလေကြောင်း  လိုင်း ၁၅ လိုင်းသာရှိပြီး ၂၀၁၂ ခု နှစ် ပွင့်လင်းရာသီ ကာလမှ စတင်ကာ ပြည် ပလေကြောင်းလိုင်း ခုနစ် လိုင်းမှ မြန်မာနိုင်ငံနှင့် တိုက်ရိုက်လေကြောင်း ခရီးစဉ်များ စတင်ပျံသန်း ခဲ့ခြင်းဖြစ်သည်။ အဆိုပါ နိုင်ငံ များမှာ ဂျပန်၊ ကာတာ၊ ထိုင်ဝမ်၊ ကိုရီးယား၊ ဂျာမနီနှင့် စင်ကာပူနိုင် ငံ တို့ ဖြစ်သည်။ မြန်မာနိုင်ငံ ရန်ကုန်မြို့နှင့် တိုက်ရိုက်လေကြောင်း ခရီးစဉ် စတင်ပျံသန်းမည့် နိုင်ငံများ၏ ဆင်း သက် ချိန် အား နေ့အချိန်တွင် ဆင်းသက်နိုင်ရန် ဦးစားပေးညှိနှိုင်းသွားမည်ဖြစ်ပြီး လက်ရှိပျံသန်း လျက်ရှိ သည့် နိုင်ငံတကာ လေကြောင်းလိုင်းများမှ ခေါက်ရေတိုးမြှင့် ပျံသန်းခြင်းအား ညအချိန် တွင်သာ ခွင့်ပြုပေးသွားမည် ဖြစ်ကြောင်း လေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ သတင်းရရှိသည်။ လက်ရှိတွင် ရန်ကုန်မြို့နှင့် တိုက်ရိုက်ခရီးစဉ် ပျံသန်းခြင်း မရှိသေးသည့် နိုင်ငံများဖြစ်သော အာဆီယံ နိုင်ငံများဖြစ်သည့် ဘရူနိုင်းနှင့် ဗီယက်နမ် နိုင်ငံများမှ ရန်ကုန်မြို့နှင့် တိုက်ရိုက်ခရီးစဉ် ပျံသန်းပြေးဆွဲရန် ညှိနှိုင်းမှုများ ရှိနေပြီး လက်ရှိခရီးစဉ်များ ပြေးဆွဲနေသည့် နိုင်ငံတကာ လေကြောင်း လိုင်းများမှလည်း အခေါက်ရေ တိုးမြှင့်ပျံသန်းရန် ညှိနှိုင်းမှုများ ရှိနေသည်ဟု သိရသည်။

No comments:

Post a Comment