Tuesday, July 30, 2013

မြ၀တီတွင် သုံးနှစ်အတွင်း အဆိုးရွားဆုံး ရေလွှမ်းမိုးမှုကြောင့် လူသောင်းချီ ရေဘေးသင့်

7.30.10
မြ၀တီမြို့အတွင်း ရေကြီးရေလျံမှု ဖြစ်ပေါ်နေ

မိုးရက်ဆက်ရွာသွန်းမှုကြောင့် သောင်ရင်းမြစ်
ရေ မြင့်တက်ကာ သုံးနှစ်အတွင်း အဆိုးရွား ဆုံး ရေကြီးရေလျှံမှု ဖြစ်ပေါ်ခဲ့ပြီး လူသောင်းနှင့် ချီ၍ ရေဘေးသင့်နေကြောင်း သိရသည်။
ဇူလိုင် ၂၈ ရက် ညမှစ၍ မြ၀တီမြို့ရှိ ရပ်ကွက် အား လုံး၏ အနိမ့်ပိုင်း နေရာများ ရေနစ်မြုပ် လျက်ရှိကြောင်း သိရသည်။ မြ၀တီမြို့တွင်း ရပ်ကွက်တချို့ သုံးနှစ်ဆက်တိုက် ရေလွှမ်း မိုး မှု ဖြစ်ပွားခဲ့ရာယခုနှစ်သည် သောင်ရင်းမြစ် ရေတက်မှု အမြင့်ဆုံး ဖြစ်ကြောင်း၊ အမှတ်(၄)ရပ်ကွက်၊ ဘုရင့်နောင် လမ်းပေါ် ရှိ အထက်တန်း ကျောင်းကြီးနှင့် အမှတ်(၂) ရပ်ကွက်ရှိ အ-ထ-က(၂) အပါ အ၀င် အခြားစာသင်ကျောင်း များပါ ရေလွှမ်းမိုးပြီး ကျောင်းများ ပိတ်ထားရကြောင်း သိရသည်။


မြ၀တီမြို့တွင်း ရပ်ကွက်တချို့ သုံးနှစ်ဆက်တိုက် ရေလွှမ်းမိုးမှု ဖြစ်ပွားခဲ့ရာ ယခုနှစ်သည် သောင်ရင်းမြစ် ရေတက်မှု အမြင့်ဆုံး ဖြစ်ကြောင်း၊ အမှတ်(၄)ရပ်ကွက်၊ ဘုရင့်နောင်လမ်းပေါ်ရှိ အထက်တန်း ကျောင်းကြီးနှင့် အမှတ်(၂) ရပ်ကွက်ရှိ အ-ထ-က(၂) အပါအ၀င် အခြားစာသင်ကျောင်းများပါ...

7.30.11ဇူလိုင် ၂၉ ရက်နံနက်တွင် သောင်ရင်းမြစ်ရေ ပို မိုမြင့်တက်လာကာချစ်ကြည်ရေးတံတားထိပ်နှ
င့်ဘုရင့်နောင်လမ်းမကြီးအထိ ရေနစ်မြုပ်ပြီး
 နေထိုင်သွားလာရန်ခက်ခဲနေကြောင်းသိရ
သည်။ မြ၀တီ မြို့တွင် ရပ်ကွက်ငါးခုရှိရာ ယ ခင်နှစ်ကရပ်ကွက်(၄)ရှိ နေအိမ်များ ရေနစ်မြုပ်
ခြင်း မရှိခဲ့သော်လည်း ယခုနှစ်တွင် ဘုရင့်နောင် လမ်းမဘေးရှိ နေအိမ်များ၊ ဈေးဆိုင်များ နစ်မြုပ်နေကြောင်း သိရသည်။
''ဇူလိုင် ၂၈ ရက် ညကတည်းက ကယ်ဆယ်ရေး လုပ်ငန်းတွေ လုပ်နေကြတာပါ။ အရင်နှစ်က ကယ်ဆယ်ရေး စခန်းဖွင့်ခဲ့တဲ့ နေရာတွေ ရေနစ်နေ တယ်။ ဒါကြောင့် ကယ်ဆယ်ရေး စခန်းကို ကြခတ္တောကျောင်းမှာ နေရာချထားရတယ်။ သံတံတား လမ်းမှာ ရေများနေတဲ့အတွက်အရင်နှစ်ကကယ်ဆယ်ရေးစခန်းဖွင့်ခဲ့တဲ့ဖားခြောက်ကောင် ကျောင်း ကိုလည်းသွားလို့ မရတော့ပါဘူး'' ဟု ကယ်ဆယ်ရေး လုပ်ငန်းတွင် ပါဝင်သည့် တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။
မြ၀တီမြို့ ရေလွှမ်းမိုးမှုကြောင့်အချို့အိမ်များ ခေါင်မိုးထိ မြုပ်သွားခဲ့ပြီး နေအိမ် ထောင်ပေါင်းများစွာရှိ လူပေါင်းသောင်းချီ ရေဘေးသင့်လျက်ရှိရာ မြ၀တီခရိုင်၊ မြို့နယ်၊ ရပ်ကွက်တာဝန်ရှိသူများနှင့် လူမှုရေး အသင်း အဖွဲ့များက ရေဘေးကယ်ဆယ်ရေး လုပ်ငန်းများ လုပ်ဆောင်လျက်ရှိကြောင်းသိ ရသည်။ မိုးဆက်တိုက် ရွာသွန်းနေမှုကြောင့် သောင်ရင်းမြစ်ရေ လျော့ကျသွားခြင်းမရှိဘဲ ဆက်လက် မြင့်တက် လာဖွယ် ရှိသည်ဟု မြို့ခံများက ပြောကြားကြသည်။
EMG

No comments:

Post a Comment