Wednesday, July 31, 2013

နေပြည်တော်တွင် အမေရိကန်ဟိုတယ်သစ် ဖွင့်မည်


အမေရိကန်ပြည်ထောင်စုမှ Best Western International ဟိုတယ် လုပ်ငန်းအုပ်စုက၂၀၁၄ခုနှစ်  နှစ် လယ်တွင် နေပြည်တော်၌ ဟိုတယ် သစ်တစ်လုံး ဖွင့် မည်ဖြစ်ကြောင်း ယင်းကုမ္ပဏီထံမှ သိရသည်။ယင်း ဟိုတယ်တွင် အခန်းပေါင်း ၂၅၀ ပါ ဝင်မည်ဖြစ်ပြီး ကြယ်ငါး ပွင့်ဟိုတယ် အဖြစ်တည်ဆောက်မည်ဖြစ် 
 ကြောင်း နိုင်ငံတကာ မီဒီယာများ တွင် ဖော်ပြကြသည်။
"နေပြည်တော်မှာ အဆင့်မြင့်ပွဲတွေ ကျင်းပကြတယ်။ နောက်ပြီး SEA Games လို အားကစားပြိုင်ပွဲ မျိုးတွေ ကျင်းပ ကြမယ်" ဟု ဟိုတယ် လာရောက်ဖွင့်လှစ်ခြင်း နှင့်ပတ်သက်၍ Best Western

အာရှနှင့် အရှေ့အလယ်ပိုင်း ဒေသဆိုင်ရာ ဒုတိယဥက္ကဋ္ဌ Glenn De Souza က ပြောဆိုသည်။

အဆိုပါကုမ္ပဏီသည် ရန်ကုန်တွင် ထပ်မံ၍ ဟိုတယ် ဆောက်လုပ်ရန်လည်း စီစဉ်နေပြီး ခရီးသွားဧည့်သည် အလာများသော မန္တလေးနှင့် ပုဂံတွင်လည်း ဟိုတယ်သစ်များ ဆောက်လုပ်ရန် အစီအစဉ် ရှိကြောင်း နိုင်ငံတကာခရီးသွား လုပ်ငန်းဆိုင်ရာ မီဒီယာများက ဖော်ပြထားသည်။

နေပြည်တော်တွင် တည်ဆောက်မည့် ဟိုတယ်အတွက် ပြည်တွင်းရှိ အေဒင်ပဲလေ့စ် ကုမ္ပဏီနှင့် တရားဝင်စာချုပ်ချုပ် ဆိုပြီးဖြစ်ကာ Best Western ကုမ္ပဏီက အခြားဒေသများတွင် ဟိုတယ်ထပ်မံ ဆောက်လုပ်ရန်လည်း စိတ်ဝင်စားနေကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်းဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

ယခုနေပြည်တော်တွင် တည်ဆောက်မည့် ဟိုတယ်သည် မြန်မာနိုင်ငံတွင် Best Western Hotel အမည်ဖြင့် ပထမဆုံး ဖွင့်လှစ်မည့် ဟိုတယ်ဖြစ်ပြီး အဆိုပါဟိုတယ် အုပ်စုသည် ရန်ကုန်မြို့ရှိ အခန်း ၁၈၉ ခန်း ပါဝင်သော Green Hill ဟိုတယ်ကို မေလမှ စတင်၍ စီမံခန့်ခွဲ လုပ်ကိုင်နေသည်။

လက်ရှိမြန်မာနိုင်ငံတွင် နိုင်ငံတကာ ဟိုတယ်အုပ်စုများက အဆင့်မြင့် ဟိုတယ်များ တည်ဆောက်နေကြပြီး Hilton World Wide က ဟီလ်တန်ရန်ကုန်၊ Accor Group က MGallery Nay Pyi Taw၊ Novotel Yangon Max နှင့် Novotel Mandalay Mingalar တို့ကို တည်ဆောက်နေသည်။

ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန၏ စာရင်းများအရ ယခုနှစ် ဇွန်လအထိ မြန်မာနိုင်ငံ၏ ဟိုတယ် နှင့် ခရီးသွားလာရေး လုပ်ငန်းကဏ္ဍတွင် နိုင်ငံတကာမှ လာရောက် ရင်းနှီးမြှုပ်နှံမှု ပမာဏ အမေရိကန်ဒေါ်လာ ၁၅၈၅ ဒသမ ၈၁၁ သန်းရှိသည်။

မြန်မာနိုင်ငံသို့ ၂၀၁၂ ခုနှစ်အတွင်း ကမ္ဘာလှည့် ခရီးသွားဦးရေ တစ်သန်းကျော် ဝင်ရောက်ခဲ့ပြီး ယခုနှစ်တွင် ခရီးသည် တစ်သန်းခွဲ အထိဝင်ရောက်မည်ဟု ဟိုတယ်နှင့်ခရီးသွားလာရေး လုပ်ငန်း ဝန်ကြီးဌာန က ခန့်မှန်းထားသည်။

No comments:

Post a Comment