Wednesday, July 24, 2013

မရိုးနိုင်တဲ့ဖက်ရှင်နဲ့ ဒါရိုက်တာ ကြည်ဖြူသျှင်

ခေတ်ရဲ့ တိုးတက်မှုတွေနဲ့အပြိုင် ခေတ်ကိုထင်ဟပ်စေမယ့် ဖက်ရှင်ဒီဇိုင်းတွေကလည်း တစ်မျိုးထက် တစ် မျိုး ဆန်းသစ် လာနေခဲ့ပါပြီ။ ဖက် ရှင်ဒီဇိုင်းတွေ ဘယ်လောက်ဆန်း ဆန်းမြန် မာ ဆန်တဲ့ ဖက်ရှင်ဒီဇိုင်းကိုသာ နှစ်ခြို က်စွာ ဝတ် ဆင်နေတဲ့ သူကတော့ ဒါရိုက်တာကြည်ဖြူသျှင်ပဲ ဖြစ် ပါတယ်။ မြန်မာအမျိုး သမီး တစ်ယောက် အနေ နဲ့ မြန်မာဝတ်စုံကို တမြတ်တနိုးဝတ် ဆင်နေတဲ့ ဒါရိုက်တာ ကြည်ဖြူသျှင် ရဲ့ဖက်ရှင် အပေါ် အမြင်က လည်း စိတ်ဝင်စားစရာ ကောင်းလှတဲ့ အတွက် မေးမြန်းဖော်ပြ လိုက်ရပါတယ်။
အနောက်တိုင်းဖက်ရှင်မှ မြန်မာဆန်တဲ့ဖက်ရှင်
" ကျွန်မက အရင်တုန်းကဆိုရင် ဘောင်းဘီကို အဓိကဝတ် တဲ့သူ ပါ။ ထဘီဝတ်ရမှာ တအားကြောက်တယ်။ ထဘီဝတ်ရင် စိတ်ထဲ မှာ မလွတ်လပ်သလိုခံ စားရတယ်။ ဒါကြောင့်လည်း ငယ်စဉ်က တည်းက တောက်လျှောက် ဘောင်းဘီကိုပဲ ဝတ်ဖြစ်ခဲ့တယ်။ အဲဒီလိုကနေတောက်လျှောက် ထဘီပဲ ဝတ်ဖြစ်လာတာ ၂ နှစ်ကျော်လောက် ရှိသွားပြီ။ဘာကြောင့်လဲဆိုတော့ အဲဒီကာလ မှာကျွန်မရဲ့ဝန်း ကျင်မှာ ကြည့်တဲ့အခါ ထဘီဆိုတာ မဝတ်သလောက်ရှားလာတယ်။ ပိုဆိုးတာက ကျွန်မရဲ့အရှေ့မှာ ထဘီကိုပဲ ဝတ်ခဲ့တဲ့သူတွေက ဘောင်းဘီတွေ၊ စကတ်တွေပဲ ဖြစ်လာတယ်။ တောက်လျှောက် ထဘီတွေပဲဝတ်လာခဲ့ပြီးမှ ဘာကြောင့် ဘောင်းဘီတွေ ပြောင်းကုန်တာလဲ။ သူတို့ စိတ်ထဲမှာထဘီ ကို ဗမာဆန်ဆန်ဝတ်တာကပဲ သိမ်ငယ်တယ်လို့ ထင်လို့လား။ ဒါမှမဟုတ်ရင် ဘောင်းဘီတွေ၊ စကတ်တွေဝတ်တော့မှပဲ လူတောတိုးတယ်ထင်လို့လား။

ဒါကြီးက မဟုတ်သေးဘူးလို့ ခံစားရတယ်။ အဲဒီနောက် ပိုင်းမှာကိုယ်ကိုယ်တိုင်က ထဘီကို သတိ ထားပြီး ဝတ်ဖြစ်လာတယ်။ ကိုယ့်ရဲ့ယဉ်ကျေးမှုအရ ထဘီနဲ့ဗမာဆန်ဆန်ဝတ်တဲ့အခါမှနိုင်ငံခြား သားတွေရှေ့မှာလည်း ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိတယ်။ ထဘီဝတ်ရတာ သိမ်ငယ်စရာ မဟုတ် ပါဘူး။"
ရိုးရှင်းမှုနဲ့ မြန်မာဝတ်စုံ
" ဗမာဆန်တဲ့ အဝတ်အစားဝတ်တဲ့အခါမှာထွင်ပြီးဝတ်တာဝါသနာပါတယ်။ချည်ထည်ဆိုရင်တောင် မှချည်ထည်ကိုပဲ ဒီဇိုင်းအမျိုးမျိုးနဲ့ထွင်ပြီး ဝတ်တယ်။ ဒါပေမဲ့ နောက်ပိုင်းမှာတော့ ကျွန်မဝတ်တဲ့ ဖက်ရှင်ဒီဇိုင်းက ၂ မျိုးပဲ ရှိတော့တယ်။ လူတွေတော်တော်များများကလည်း ကျွန်မကိုမှတ်မိနေကြ တယ်။ ကျွန်မအနေနဲ့ ထပ်ပြီးချုံ့လိုက်ရတဲ့အကြောင်းအရင်းက တချို့မိန်းကလေးတွေ က တွေးကြ ပါလိမ့်မယ်။
အနုပညာရှင်တွေက ချည်ထည်တွေဝတ်ပေမယ့် ထွင်ဝတ် ကြတာလေ။ လှအောင်ထွင်ဝတ်ရတယ် ဆိုတာပိုက်ဆံကုန်တာပဲဆိုတဲ့အကြောင်း တွေးလာလိမ့်မယ်။ အဲဒီအတွက်ကြောင့် မထွင်တော့ဘဲနဲ့ ဒီဇိုင်း၂မျိုးတည်းကိုပဲ ဝတ်တော့တယ်။ ဒီ ၂ မျိုးက ရိုးရိုးလေးပဲ။ အဝတ် အစားတီထွင်မှုကြောင့် ကြည်ဖြူသျှင်ကို လူသိတာမဟုတ်ဘူး။ ကြည်ဖြူသျှင်ဝတ်တဲ့ ပုံစံကဒီ၂မျိုးပဲဝတ်တယ်။ ဒါပေမဲ့ ဘာကြောင့် ကြည်ဖြူသျှင်ကိုလူသိသလဲ။ ကြည်ဖြူသျှင် အနုပညာအလုပ် လုပ်တယ်။
ကြည်ဖြူသျှင်ပရဟိတတွေလုပ်နေတယ်။ ပြောချင်တာကတော့ အဝတ်အစားက အဓိကမဟုတ်ဘူး ဆိုတာပြောချင်တာ။ ဒီအဝတ်အစားရဲ့ ဒီဇိုင်းက အဓိကမဟုတ်ဘူး။ ဒီဇိုင်းဆိုတဲ့နေ ရာမှာလည်း ကျွန် မ ကအရိုးရှင်းဆုံး ဒီဇိုင်းကိုဝတ်တာ။ ကျွန်မကိုလူသိတာ အဝတ်အစားဒီဇိုင်းကြောင့် မဟုတ် ဘူး။ ကျွန်မရဲ့လုပ်ရပ်ကြောင့်လေ။
ကျွန်မကိုခင်ကြတဲ့သူတွေ၊ကျွန်မကိုချစ်ကြတဲ့သူတွေကကျွန်မရဲ့အနုပညာနဲ့လုပ်နေတဲ့ပရဟိတတွေ ကို သဘောကျတဲ့သူ တွေရှိတယ်။ ဒါကြောင့်လည်း ကြည် ဖြူသျှင်ကိုခင်ကြတာ။"
ဖက်ရှင်ပေါ်အမြင်
" ဖက်ရှင်ဆိုတာ လူတိုင်းမှာ ရှိသင့် ပါတယ်။ကိုယ်နဲ့လိုက်တဲ့ ဖက်ရှင်ကိုလည်း ရွေးနိုင်ရမယ်။ ဒီအ ဝတ် အစား တစ်ခုကသူ နဲ့ လှပေမယ့် ကိုယ်နဲ့လှချင်မှ လှတာပါ။ ကိုယ့်ရဲ့ဖက်ရှင် ကလည်း သူများလေး စားစရာ အထင်ကြီးစရာ ဖြစ်နေရမယ်။ ဝတ်ထားတဲ့ ဖက်ရှင်ပေါ်ကြည့်ပြီး သူများနှာခေါင်း ရှုံ့စရာ မဖြစ်သင့်ဘူး။ နိုင်ငံခြားသားနဲ့တွေ့တဲ့ အခါမှာ တော့မြန်မာဝတ်စုံကို တင့်တင့်တယ်တယ်ဝတ်ပါ။"
လင်းအက္ခရာ - Popular Journal

No comments:

Post a Comment