Friday, July 19, 2013

ထိုင်းမှ သက်တမ်း အရင့်ဆုံး ဟွာဆင် ဟန်းရွှေဆိုင် လာဖွင့်မည်

Photo: ထိုင်းမှ သက်တမ်းအရင့်ဆုံး ဟွာဆင်ဟန်းရွှေဆိုင် လာဖွင့်မည်

Friday, July 19, 2013

ထိုင်းနိုင်ငံ မှသက်တမ်းအကြာဆုံး ရွှေအ ရောင်းအဝယ် လုပ်ငန်းကြီးဖြစ်သည့် ဟွာဆင်ဟန်း Hua Seng Heng Gold Future က လာမည့်နှစ် တွင် မြန်မာနိုင်ငံ၌ ရွှေဆိုင်များလာ ရောက်ဖွင့် လှစ် မည်ဖြစ် ကြောင်း ဘန်ကောက်ပို့စ် သတင်းအရ သိ ရသည်။

ထိုလုပ်ငန်း ၏ ဦးဆောင် ညွှန်ကြားရေးမှူး သန်နာရတ်ပိုဆ ဝေါင်က သူတို့သည် အိမ်နီးချင်း မြန်မာနိုင်ငံနှင့် စင်ကာပူတို့၌ လုပ် ငန်းများကို လာမည့်နှစ်တွင် တိုး ချဲ့မည်ဟု ပြောကြားခဲ့ခြင်းဖြစ် သည်။ ယင်းက ထိုင်းလူမျိုးများ ကဲ့သို့ပင် အာဆီယံ နိုင်ငံသားများ သည် ရွှေစုရာတွင် ဝါသနာထုံကြ ကြောင်း ဆက်လက်ပြောသည်။ ''မြန်မာပြည်ကသူတွေဟာ အိမ်မှာ ရွှေတွေစုတာ သဘောကျတယ်။ စင်ကာပူဆိုပိုခေတ်မီတယ်။ ရွှေ ကို ရင်းနှီးမြှုပ်နှံမှု တစ်ခုအဖြစ် ဝယ်ကြ တယ်။ အဲဒါကြောင့် သူ တို့လိုလူတွေရဲ့ လိုအပ်ချက်တွေနဲ့ ကိုက်ညီမယ့်နည်းပညာတွေကို ကျွန်တော်တို့ ပေးသွားမှာဖြစ် တယ်''ဟု သူက ပြောသည်။

''ရွှေဈေးနှုန်းဟာ အမေရိ ကန်ရဲ့ ဖက်ဒရယ်အရန် ဘယ်လို ထားသလဲ ဆိုတဲ့အပေါ် မှီတည်နေ တယ်။ ရွှေဈေးဟာ တစ်အောင်စ ကို ဒေါ်လာ၁၂၅ဝ ကနေ နှစ်ကုန် ပိုင်းရောက်တဲအခါ ၁၃၄ဝအထိ တက်လာလိမ့်မယ်''ဟု သူကခန့် မှန်း သည်။ ''သူတို့လာဖွင့်တာ ကောင်း ပါတယ်။ ပြည်တွင်းက ရွှေတွေကို ဝယ်ပြီး သူတို့ဒီဇိုင်းနဲ့လုပ်၊ ပြန် ရောင်းဆိုတော့ အရောင်းအဝယ် ဖြစ်တာပေါ့။ ယှဉ်ပြိုင်မှုအနေအ ထားနဲ့ကတော့ အားကောင်းလာ မယ် လို့ပြောလို့ရတယ်။ ထိုင်းက ရွှေဆိုင် လုပ်ငန်းရှင် သုံးလေးဦး လောက် ကျွန်တော်တို့အသင်းမှာ လာဆွေးနွေးတာရှိတယ်။ အဓိက ကတော့ သူတို့ဆီမှာရှိတဲ့ပန်းထိမ် ဆိုင်အကြီးကြီးတွေကို အော်ဒါ ပေးမလားဆိုတာက များတယ်။ လက်ရှိ နိုင်ငံခြား ရင်းနှီး မြှုပ်နှံမှု ဥပဒေ အရတော့ ဒီကလူနဲ့တွဲလုပ်၊ ဒါမှမဟုတ် ဒီကလူတစ်ဦးရဲ့နာ မည်ခံလုပ်ဆိုတာပဲ လုပ်လို့ရမယ် ထင်တယ်။ တိုက်ရိုက်ကြီးတော့ အဆင်မပြေသေးဘူး ထင်ပါတယ်'' ဟု မြန်မာနိုင်ငံရွှေလုပ်ငန်းရှင်များ အသင်းအတွင်းရေးမှူး ဦးကျော် ဝင်း (ဦးထုံရွှေပန်းထိမ်ဆိုင်)က သုံးသပ်ပြောသည်။

ဟွာဆင်ဟန်းရွှေဆိုင် မှ ရွှေထည်ပစ္စည်းများကိုတွေ့ရစဉ်။

Yangon Media Group

ညီလတ် ထိုင်းနိုင်ငံ မှသက်တမ်းအကြာဆုံး ရွှေအ ရောင်း
အဝယ်လုပ်ငန်းကြီးဖြစ်သည့် ဟွာဆင်ဟန်း Hua Seng Heng Gold Future ကလာမည့်နှစ်တွင်    မြန်မာနိုင်ငံ၌ ရွှေဆိုင်များလာရောက်ဖွင့် လှစ် မည်ဖြစ် ကြောင်း ဘန်ကောက်ပို့စ် သတင်းအရ သိရသည်။ထိုလုပ်ငန်း၏ဦးဆောင်ညွှန်ကြားရေး
မှူး သန်နာရတ်ပိုဆ ဝေါင်က သူတို့သည် အိမ် နီးချင်းမြန်မာ နိုင်ငံနှင့် စင်ကာပူတို့၌ လုပ်ငန်း များကိုလာမည့်နှစ်တွင်တိုးချဲ့မည်ဟု ပြောကြား ခဲ့ခြင်းဖြစ်သည်။ ယင်းက ထိုင်း လူမျိုးများ ကဲ့ သို့ပင် အာဆီယံနိုင်ငံသားများသည် ရွှေစုရာတွင် ဝါသနာထုံကြ ကြောင်း ဆက်လက်ပြော သည်။ ”မြန်မာပြည်ကသူတွေဟာအိမ်မှာ ရွှေတွေစုတာသဘောကျတယ်။စင်ကာပူဆိုပိုခေတ်မီတယ်။ ရွှေကို
ရင်းနှီးမြှုပ်နှံမှုတစ်ခုအဖြစ်ဝယ်ကြတယ်။ အဲဒါကြောင့် သူ တို့လိုလူတွေရဲ့ လိုအပ်ချက်တွေနဲ့ ကိုက်ညီမယ့်နည်းပညာတွေကို ကျွန်တော် တို့ ပေးသွားမှာဖြစ် တယ်”ဟု သူက ပြောသည်။
”ရွှေဈေးနှုန်းဟာအမေရိကန်ရဲ့ဖက်ဒရယ်အရန်ဘယ်လိုထားသလဲဆိုတဲ့အပေါ်မှီတည်နေတယ်။ ရွှေဈေးဟာ တစ်အောင်စ ကို ဒေါ်လာ၁၂၅ဝ ကနေ နှစ်ကုန် ပိုင်းရောက်တဲအခါ ၁၃၄ဝအထိ တက်လာလိမ့် မယ်”ဟု သူကခန့်မှန်းသည်။ ”သူတို့လာဖွင့်တာ ကောင်း ပါတယ်။ ပြည်တွင်းက ရွှေတွေကို ဝယ်ပြီး သူတို့ဒီဇိုင်းနဲ့လုပ်၊ ပြန် ရောင်းဆိုတော့ အရောင်းအဝယ် ဖြစ်တာပေါ့။ ယှဉ်ပြိုင်မှုအနေအ ထားနဲ့ ကတော့ အားကောင်းလာ မယ် လို့ပြောလို့ရတယ်။ ထိုင်းက ရွှေဆိုင်လုပ်ငန်းရှင် သုံးလေး ဦးလောက် ကျွန်တော်တို့အသင်းမှာ လာဆွေးနွေးတာရှိတယ်။ အဓိကကတော့ သူတို့ဆီမှာ ရှိတဲ့ပန်း ထိမ် ဆိုင်အကြီးကြီးတွေ ကို အော်ဒါ ပေးမလား ဆိုတာက များတယ်။ လက်ရှိနိုင် ငံခြား ရင်းနှီး မြှုပ်နှံမှုဥပဒေအရတော့ ဒီကလူနဲ့တွဲလုပ်၊ ဒါမှမဟုတ် ဒီကလူတစ်ဦးရဲ့နာ မည်ခံလုပ်ဆို တာပဲလုပ်လို့ရမယ်ထင်တယ်။ တိုက်ရိုက်ကြီးတော့ အဆင်မပြေသေးဘူး ထင်ပါတယ်” ဟု မြန်မာ နိုင်ငံရွှေလုပ်ငန်းရှင်များ အသင်းအတွင်းရေးမှူး ဦးကျော်ဝင်း (ဦးထုံရွှေပန်းထိမ်ဆိုင်)က သုံး သပ်ပြော သည်။
Yangon Media Group

No comments:

Post a Comment