Wednesday, July 17, 2013

ကေတီဗွီအချို့ ပါတီအမည်ခံ ဖွင့်ထားကြောင်း တာဝန်ရှိသူပြောကြား

ကလေးမြို့၊တပ်ဦးသီတာ ရပ်ကွက် ပါတီအချို့ အမည်ခံများဖြင့်ဖွင့်လှစ်ထား သော ကေတီဗွီ
များ ရှိနေကြောင်း၊ အဆိုပါ ရပ်ကွက်ရှိ တာဝန် ရှိ သူ တစ်ဦးမှ ပြောကြားခဲ့သည်။ ကလေးမြို့ မူးယစ်ဆေးဝါးကိစ္စများနှင့်ပတ်သက်၍နေပြည်
 တော်မှ ဒုရဲချုပ်ဦးဆောင်သော အဖွဲ့ ကလေး မြို့သို့ ရောက်ရှိလာချိန်ကတည်းကတရားမ၀င် အမှု များအားလိုက်လံဖော်ထုတ်လျက် ရှိရာ ကလေးမြို့ ကေတီဗွီများလည်းပိတ်ထားပြီး မြို့ နယ်အုပ်ချုပ် ရေးရုံးမှလည်း ဇူလိုင်လ (၄) ရက် ကတည်းက တရားမ၀င် လုပ်ကိုင် နေသောကေတီဗွီလုပ်ငန်းများအား သက်ဆိုင်ရာရပ် ကွက် အသီးသီးရှိ အုပ်ချုပ်ရေးမှူးများသို့ ဖမ်းဆီး အရေးယူရန် အကြောင်းကြား ထားပြီး ဖြစ်ကြောင်း သိရသည်။
““လက်ရှိ ကျွန်တော်တို့ ရပ် ကွက်မှာ ကေတီဗွီ သုံးခုရှိတယ်။ တစ်ခုက NLDပါတီစည်းရုံးရေးမှူး ကသူ့ အမည်နဲ့ ဖွင့်ထားတယ်။တစ်ခုက ကလေးဝက ၈၈မျိုးဆက်ကျောင်းသားဆိုတဲ့သူက လူတစ်   ယောက်  နာမည်နဲ့ ဖွင့်ထားတာ၊ အခု မိန်းမက မန်နေဂျာလုပ်နေ တယ်။အခုတော့ မလာတော့ ဘူး။ အရင်ကတော့ တစ်ပတ်တစ် ခေါက်လာတယ်။ နောက်တစ်ခု ကတော့ ကျားဖြူပါတီ အမည်ခံ နဲ့ပါ”” ဟု ၎င်းကဆက်လက်ပြောကြား ခဲ့သည်။ လက်ရှိအချိန်တွင် ကေတီဗွီများ ဖွင့်လှစ်ခြင်း မရှိ သော်လည်း တိတ်တဆိတ် ပြည်တန်ဆာ လုပ်ငန်းများ ဆက် လက်လုပ်ကိုင်နေကြောင်း ၎င်းကဆက်လက်ပြောကြား ခဲ့သည်။
From: MIN YE SIS NAING

No comments:

Post a Comment