Friday, July 26, 2013

နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးအတွက် တရုတ်နိုင်ငံကလည်း ဖြေရှင်းပေးစေလိုဟု တရုတ်တပ်မတော် ဗဟိုစစ်ကော်မရှင် ဒုတိယဥက္ကဋ္ဌနှင့် တွေ့ဆုံစဉ် ကာကွယ်ရေးဦးစီးချုပ် ပြောကြား

မြန်မာ-တရုတ် နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေး အ တွက် တရုတ်နိုင်ငံ အနေဖြင့်လည်း ဖြေ ရှင်းပေးစေလိုဟု တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော်၊ ဗဟို စစ်ကော်မရှင်ဒုတိယဥက္ကဋ္ဌGeneralFanChanglong နှင့်
 တွေ့ဆုံစဉ် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားလိုက်
သည်။
တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် General Fan Changlong တို့သည် ဇူလိုင် ၂၃ ရက်နံနက်က နေပြည်တော်တွင် တွေ့ဆုံ ခဲ့ခြင်းဖြစ်ကြောင်း ဇူလိုင် ၂၄ ရက်ထုတ် အစိုးရ သတင်း စာများတွင် ဖော်ပြထားသည်။
မြန်မာ-တရုတ်နယ်စပ်တွင်အဖွဲ့အစည်းအချို့သည် မူး ယစ်ဆေး ၀ါး လုပ်ကိုင်သည့် အထောက်အထား များ တွေ့ရှိနေရကြောင်း၊ တပ်မတော်အနေဖြင့် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးကို အမျိုးသားရေး တာဝန် တစ်ရပ်အဖြစ် ဆောင်ရွက်နေပြီး မူးယစ်ဆေးဝါး ပြဿနာသည် တရုတ်နိုင်ငံ အတွက်လည်း ကြီးမား သည့် ခြိမ်းခြောက်မှုဖြစ်၍ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်သွားရန် လိုအပ်သည်ဟု ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။
ထို့ပြင် မဲခေါင်မြစ်ကြောင်း လုံခြုံရေးနှင့်လည်း ဆက်စပ်နေသောကြောင့် မူးယစ်ဆေးဝါးနှင့် ပတ်သက်၍ အရင်း အမြစ်များအား နှစ်နိုင်ငံပူးပေါင်း၍ ဖြတ်တောက်သွားရန် လိုအပ်သည်ဟုလည်း တပ်မတော် ကာကွယ်ရေး ဦးစီး ချုပ်က ပြောကြားသည်။
"မြန်မာ-တရုတ် နှစ်နိုင်ငံအကြား နယ်စပ်ဒေသများတွင် မည်သည့်တရားမ၀င် လက်နက်ကိုင်အဖွဲ့မှ မရှိအောင် ဆောင်ရွက်ရန်မှာ နှစ်နိုင်ငံ ပူးပေါင်းပြီး အဓိက လုပ်ဆောင်ရမည့် တာဝန်ဖြစ်ကြောင်း ၊ နှစ်နိုင်ငံ နယ်စပ်ဒေသ ပြဿနာကို မြန်မာအစိုးရနှင့် တပ်မတော်အနေဖြင့် ဆောင်ရွက်ခြင်းသာမက တရုတ်နိုင်ငံ အနေဖြင့် နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးအတွက် တည်ဆဲဥပဒေများနှင့်အညီ ကိုင် တွယ်ဖြေ ရှင်း ပေးစေလိုကြောင်း" ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။
တရုတ်ပြည်သူ့ လွတ်မြောက်ရေးတပ်မတော်၊ ဗဟိုစစ်ကော်မရှင် ဒုတိယဥက္ကဋ္ဌကလည်း နှစ်နိုင်ငံ တပ်မတော်နှစ်ရပ် ပူးပေါင်း၍ နယ်စပ်ဒေသ တည်ငြိမ်ရေး၊ လုံခြုံရေးနှင့် မူးယစ်ဆေးဝါး တားဆီးရေး ကိစ္စရပ်များအား ပူးပေါင်းဆောင် ရွက် သွားမည်ဟု ပြောကြားခဲ့သည်။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် သက်ဆိုင်ရာ တိုင်းရင်းသား လူမျိုးများ၏ တိုင်းဒေသကြီး ၊ ပြည်နယ်များနှင့် ကိုက်ညီသော ဥပဒေများ၊ အခွင့်အရေး များ ပြဋ္ဌာန်းပေးပြီးဖြစ်ကြောင်း၊ လက်နက်ကိုင် ပဋိပက္ခများ ဖြေရှင်းရာတွင် အသက်ငွေကြေး၊ အချိန် များ ပေး ဆပ်ရသဖြင့် မြန်မာနိုင်ငံ အနေဖြင့် ကမ္ဘာ့နိုင်ငံများနှင့် ရင်ပေါင်တန်းကာ ဖွံ့ဖြိုးတိုးတက်အောင် ငြိမ်းချမ်းရေး ရမှ ဆောင်ရွက်နိုင် မည်ဖြစ်ကြောင်း၊ ငြိမ်းချမ်းရေးနှင့် ပတ်သက်၍ စေ့စပ် ညှိနှိုင်း ဆွေးနွေးအဖြေ ရှာနိုင်ရေး  ဆောင်ရွက် သွားမည်ဟု ပြောကြားသည်။
မြန်မာ့တပ်မတော် အနေဖြင့် အခြားနိုင်ငံ အသီးသီး၏ တပ်မတော်များနှင့် ဆက်ဆံရေး ကောင်း မွန်အောင် ကြိုးစားဆောင်ရွက်လျက် ရှိသည်ဟု တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော်၊  ဗဟိုစစ်ကော်မရှင် ဒုတိယဥက္ကဋ္ဌနှင့် တွေ့ဆုံစဉ် ပြောကြားသည်။
တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော်၊ ဗဟိုစစ်ကော်မရှင် ဒုတိယဥက္ကဋ္ဌသည် ဇူလိုင် ၂၃ ရက် မွန်းလွဲပိုင်းတွင် သမ္မတဦးသိန်းစိန်နှင့် တွေ့ဆုံခဲ့ပြီး အစိုးသစ်လက်ထက်တွင် အရှေ့-အနောက် မခွဲခြား ဘဲ နိုင်ငံအားလုံးနှင့် ချစ်ကြည်ရင်းနှီးစွာ ဆက်ဆံနေမှု၊ နိုင်ငံတော်သမ္မတနှင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သမ္မတတို့ တွေ့ ဆုံပြီး နှစ်နိုင်ငံဘက်စုံ မဟာဗျူဟာမြောက် မိတ်ဖက် ဆက်ဆံရေး နောက် တစ်ဆင့် တိုးမြှင့်ရန် ဆွေးနွေးခဲ့မှုအပေါ် ဆက်လက်အကောင် အထည် ဖော်သွားရန် ဆွေးနွေးခဲ့သည်။

No comments:

Post a Comment