Saturday, July 20, 2013

ဖုန်းကံစမ်းမဲပေါက်ကြောင်း လိမ်လည်ငွေတောင်းခံသူ များအား ဖမ်းဆီးရမိခဲ့ပြီး စစ်ဆေးရာမှ အလားတူလိမ်လည်မှုပေါင်း(၁၇)မှု ထပ်မံဖေါ်ထုတ်နိုင်

Photo: ဖုန်းကံစမ်းမဲပေါက်ကြောင်း လိမ်လည်ငွေတောင်းခံသူ များအား ဖမ်းဆီးရမိခဲ့ပြီး စစ်ဆေးရာမှ အလားတူလိမ်လည်မှုပေါင်း(၁၇)မှု ထပ်မံဖေါ်ထုတ်နိုင်

ရန်ကုန်၊ ဇူလိုင် ၁၈

၁၁.၇.၂၀၁၃ ရက်နေ့ ၀၉၄၆ အချိန် တနင်္သာရီတိုင်းဒေသကြီး၊
မြိတ်မြို့နေ ကိုမောင်မောင်(ခ)ကိုစိုးသိန်း၏ လက်ကိုင်ဖုန်းသို့ ရန်ကုန်တိုင်းဒေသကြီးတွင်နေထိုင်သူ ဦးဝဏ္ဏထွန်းဆိုသူမှ ဆက်သွယ်လာပြီး နိုင်ငံတော်မှ ဖုန်းနံပါတ်များကိုမဲဖောက်
ပေးခဲ့ရာ ငွေကျပ်သိန်း ၂၈၀၀ မဲပေါက်ကြောင်း ၊ ပြောဆိုလိမ်လည်ပြီး
ငွေတောင်းခံသည့်ကိစ္စနှင့်ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့၊ အကူတပ်ဖွဲ့ခွဲ၊ လုံခြုံရေးတပ်ခွဲ(၂)မှတပ်ဖွဲ့ဝင်များသည် ဒေါပုံမြို့နယ်၊ ကမ္ဘောဇဘဏ်သို့ အဖွဲ့ငယ်များခွဲ၍ သွားရောက်စောင့်ဆိုင်းနေစဉ် ၁၁.၇.၂၀၁၃ ရက်နေ့ ၁၄၀၀ အချိန် ဘဏ်သို့ ငွေလာထုတ်သူ ၀ဏ္ဏထွန်း(ခ)ထက်ထက်၊ (၃၅)နှစ်၊ (ဘ)ဦးခင်ထွန်း၊ ဒဂုံ(တောင်)မြို့နယ်နေသူအား မြိတ်မြို့မှ လွှဲပေးသောခဲ့
ငွေ ၁၀၀၀၀ ကျပ်ကိုထုတ်ယူစဉ်ဖမ်းဆီးရမိခဲ့ပြီး ၎င်း၏ဖော်ထုတ်ချက်အရ ပြစ်မှု အတူ ကျူးလွန်သူများဖြစ်သည့် ချမ်းမြေ့နိုင်(ခ)မင်းခန့်(ခ)ကျော်စွာ၊ (၂၆)နှစ်၊ (ဘ)ဦးဝင်းနိုင်၊ ဒဂုံ(တောင်)မြို့နယ် နေသူနှင့် ငြိမ်းထိုက်ဖြိုး(ခ)ချန်ဒူးဝမ်၊ (၃၀)နှစ်၊ (ဘ)ဦးညွှန့်ဦး၊ သန်လျင်မြို့နယ်နေသူတို့ (၂)ဦးအား ငွေထုတ်ပြီး ၎င်းတို့တွေ့ဆုံရန်ချိန်းဆိုထားသည့် သာကေတမြို့နယ်၊ ရှုခင်းသာလမ်း၊ ဆောက်လုပ်ရေး မှတ်တိုင်တွင်လည်းကောင်း၊ ၎င်းတို့အားကြီးကြပ်စေခိုင်းသူ မင်းသူ၊ (၃၁)နှစ်၊ (ဘ)ဦးတင်လှိုင်၊ သာကေတမြို့နယ် နေသူအား ရှုခင်းသာလမ်း၊ အကောက်ခွန်အိမ်ရာဝင်းအနီးတွင်လည်းကောင်း အသီးသီး
ဖမ်းဆီးရမိပြီး တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့မရဲစခန်း
(ပ)၃၃၃/၂၀၁၃၊ ပုဒ်မ ၄၂၀ ဖြင့် အရေးယူထားရှိခဲ့ပါသည်။

ဖမ်းဆီးရမိသည့် တရားခံ(၄)ဦးအား ဆက်လက်စစ်ဆေးခဲ့ရာ ထီကံစမ်းမဲပေါက်ကြောင်း၊ ဖုန်းကံစမ်းမဲပေါက်ကြောင်းပြောဆိုကာ အလားတူငွေလိမ်လည်တောင်းခံမှုဖြစ်စဉ်များဖြစ်သော စစ်ကိုင်းတိုင်းဒေသကြီးအတွင်းမှ ဖြစ်စဉ် (၅)ခု၊ မွန်ပြည်နယ်အတွင်းမှ
ဖြစ်စဉ် (၂)ခု၊ မန္တလေးတိုင်းဒေသကြီးအတွင်းမှ ဖြစ်စဉ် (၂)ခု၊ ရခိုင်ပြည်နယ်အတွင်းမှ ဖြစ်စဉ် (၂)ခု၊ မကွေးတိုင်းဒေသကြီး
အတွင်းမှ ဖြစ်စဉ် (၁)ခု၊ တနင်္သာရီတိုင်း ဒေသကြီးအတွင်းမှ
ဖြစ်စဉ် (၅)ခု၊ စုစုပေါင်းဖြစ်စဉ် (၁၇)ခုကို ထပ်မံဖော်ထုတ်နိုင်ခဲ့ပြီး သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ အမှုဖွင့်
အရေးယူနိုင်ရေး အကြောင်းကြားထားရှိပါသည်။

ဖမ်းဆီးရမိသူ တရားခံ ၀ဏ္ဏထွန်း(ခ)ထက်ထက်၊ ချမ်းမြေ့နိုင်(ခ)မင်းခန့်(ခ)ကျော်စွာ၊ ငြိမ်းထိုက်ဖြိုး(ခ)ချန်ဒူးဝမ်နှင့် မင်းသူတို့(၄)ဦးအား မြိတ်မြို့မရဲစခန်းမှ ဒုရဲအုပ်ကျော်ဝင်းထံသို့ ၁၇.၇.၂၀၁၃ ရက်နေ့တွင်သက်သေခံပစ္စည်းများနှင့်အတူ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
https://www.facebook.com/yangonpolice တွင်ဖော်ပြထားရှိပါသည်။ရန်ကုန်၊ဇူလိုင်၁၈၁၁.၇.၂၀၁၃ရက် 
 နေ့ ၀၉၄၆ အချိန်တနင်္သာရီတိုင်း    ဒေသကြီး၊မြိတ်မြို့နေကိုမောင်
မောင် (ခ)ကိုစိုးသိန်း ၏ လက်ကိုင် ဖုန်းသို့ ရန်ကုန်တိုင်းဒေသ ကြီး တွင်နေထိုင်သူ ဦးဝဏ္ဏထွန်းဆိုသူမှ ဆက်သွယ်လာပြီး နိုင်ငံတော်မှ ဖုန်းနံပါတ်များကိုမဲဖောက်ပေးခဲ့ ရာ ငွေကျပ်သိန်း ၂၈၀၀ မဲပေါက်ကြောင်း ၊ ပြောဆိုလိမ် လည်ပြီးငွေတောင်း ခံသည့်ကိစ္စနှင့် ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့၊ အကူတပ်ဖွဲ့ခွဲ၊ လုံခြုံရေး တပ်ခွဲ(၂)မှတပ်ဖွဲ့ ၀င်များ သည် ဒေါပုံမြို့နယ်၊ကမ္ဘောဇဘဏ်သို့အဖွဲ့ငယ်များခွဲ၍သွားရောက်စောင့်  ဆိုင်းနေစဉ် ၁၁.၇.၂၀၁၃ ရက်နေ့ ၁၄၀၀ အချိန် ဘဏ်သို့ ငွေလာထုတ်သူ ၀ဏ္ဏထွန်း(ခ)ထက်ထက်၊ (၃၅)နှစ်၊ (ဘ)ဦးခင်ထွန်း၊ ဒဂုံ(တောင်)မြို့ နယ်နေသူ အား မြိတ်မြို့မှ လွှဲပေးသောခဲ့ငွေ ၁၀၀၀၀ ကျပ်ကိုထုတ်ယူစဉ်ဖမ်းဆီးရမိ ခဲ့ပြီး ၎င်း၏ဖော်ထုတ် ချက်အရ ပြစ်မှု အတူ ကျူးလွန်သူများဖြစ် သည့် ချမ်းမြေ့နိုင်(ခ)မင်းခန့်(ခ)ကျော်စွာ၊ (၂၆)နှစ်၊ (ဘ)ဦးဝင်းနိုင်၊ ဒဂုံ (တောင်)မြို့နယ် နေသူနှင့် ငြိမ်းထိုက်ဖြိုး(ခ)ချန်ဒူးဝမ်၊ (၃၀)နှစ်၊ (ဘ)ဦးညွှန့်ဦး၊ သန်လျင်မြို့ နယ်နေသူတို့ (၂)ဦးအား ငွေ ထုတ် ပြီး ၎င်းတို့တွေ့ဆုံရန်ချိန်းဆိုထားသည့် သာကေတမြို့နယ်၊ ရှုခင်းသာလမ်း၊   ဆောက် လုပ်ရေး မှတ် တိုင်တွင်လည်းကောင်း၊ ၎င်းတို့အားကြီးကြပ်စေခိုင်းသူ မင်းသူ၊ (၃၁)နှစ်၊ (ဘ)ဦးတင်လှိုင်၊ သာကေ တမြို့နယ် နေသူအား ရှုခင်းသာလမ်း၊ အကောက်ခွန်အိမ်ရာဝင်းအနီးတွင်လည်းကောင်း အသီးသီး
ဖမ်းဆီးရမိပြီး တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့မရဲစခန်း(ပ)၃၃၃/၂၀၁၃၊ ပုဒ်မ ၄၂၀ ဖြင့် အရေး ယူထား ရှိခဲ့ပါသည်။
ဖမ်းဆီးရမိသည့် တရားခံ(၄)ဦးအား ဆက်လက်စစ်ဆေးခဲ့ရာ ထီကံစမ်းမဲပေါက်ကြောင်း၊ ဖုန်းကံ စမ်း  မဲပေါက်ကြောင်းပြောဆိုကာ အလားတူငွေလိမ်လည်တောင်းခံမှုဖြစ်စဉ်များဖြစ်သောစစ်ကိုင်း တိုင်းဒေ သ ကြီး အတွင်းမှ ဖြစ်စဉ် (၅)ခု၊ မွန်ပြည်နယ်အတွင်းမှဖြစ်စဉ် (၂)ခု၊ မန္တလေးတိုင်းဒေ သကြီးအတွင်း မှ ဖြစ်စဉ် (၂)ခု၊ ရခိုင်ပြည်နယ်အတွင်းမှ ဖြစ်စဉ် (၂)ခု၊ မကွေးတိုင်းဒေသကြီးအတွင်း မှ ဖြစ်စဉ် (၁)ခု၊  တနင်္သာရီ တိုင်း ဒေသကြီးအတွင်းမှဖြစ်စဉ် (၅)ခု၊ စုစုပေါင်းဖြစ်စဉ် (၁၇)ခုကို ထပ် မံဖော်ထုတ်နိုင်ခဲ့ပြီး သက်ဆိုင်ရာ တိုင်းဒေဘ သကြီးနှင့် ပြည်နယ်များသို့ အမှုဖွင့်အရေးယူနိုင်ရေး အကြောင်းကြားထားရှိပါသည်။
ဖမ်းဆီးရမိသူ တရားခံ ၀ဏ္ဏထွန်း(ခ)ထက်ထက်၊ချမ်းမြေ့နိုင်(ခ)မင်းခန့်(ခ)ကျော်စွာ၊ငြိမ်းထိုက်ဖြိုး  (ခ)ချန် ဒူး ၀မ်နှင့် မင်းသူတို့(၄)ဦးအား မြိတ်မြို့မရဲစခန်းမှ ဒုရဲအုပ်ကျော်ဝင်းထံသို့ ၁၇.၇.၂၀၁၃ ရက်နေ့တွင် သက်သေခံပစ္စည်းများနှင့်အတူ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
https://www.facebook.com/yangonpolice တွင်ဖော်ပြထားရှိပါသည်။

No comments:

Post a Comment