Wednesday, July 31, 2013

သမ္မတခရီးစဉ်၏ ရလာဒ်တစ်ခုကြောင့် ဗြိတိန်-မြန်မာ ပူးတွဲစစ်ရေး လေ့ကျင့်မှု သြဂုတ်လတွင် စမည်

သမ္မတဦးသိန်းစိန်၏ ဗြိတိန်ခရီးစဉ်အတွင်း
 နှစ်နိုင်ငံ အစိုးရအရာရှိများ၏ သဘောတူညီ
ချက်များအရ ဗြိတိန်-မြန်မာ တပ်မတော်များ ပူးတွဲလေ့ကျင့်ရေးကို လာမည့် သြဂုတ် လ အတွင်း စတင်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆိုင်ရာ ဗြိတိန်သံရုံးမှ နိုင်ငံရေးဌာန ဒုတိယ အတွင်းဝန် Mr.Joseph Fisher က ပြောကြား သည်။ ဗြိတိန်အစိုးရ၏ အဆိုပါ ပူးပေါင်းဆောင် ရွက်မှု များသည် မြန်မာ့တပ်မတော်က တာဝန် သိသော၊ တာဝန်ယူနိုင်သော တပ်မတော် ဖြစ် လာစေရန်နှင့် လူ့အခွင့်အရေးကို အပြည့်အဝ အကာအကွယ်ပေးနိုင်ရန် အတွက် ရည်ရွယ်ကြောင်း
၎င်းက ရှင်းပြသည်။  ယင်းသို့ ပူးပေါင်းဆောင်ရွက်ခြင်းမှာ ဗြိတိန်အစိုးရက မြန်မာ့တပ်မတော်ကို အထောက်အပံ့များ ပေးအပ်၍ လူ့အခွင့်အရေး ချိုးဖောက်ခြင်းနှင့် ပြည်တွင်း မငြိမ်မသက်မှုများကို အားပေးအားမြှောက် ပြုလုပ်ခြင်း မဟုတ်ကြောင်း ၄င်းက ဆိုသည်။ အဆိုပါ စစ်ရေး လေ့ကျင့်မှုကို မည့်သည်နိုင်ငံတွင် ကျင်းပသွားမည်၊ မည်သို့ ကျင်းပမည် ဆိုသည်ကိုမူ အသေးစိတ် မသိရှိရသေးသော်လည်း နှစ်နိုင်ငံ ကြည်း၊ ရေ၊ လေတပ်များ ပူးတွဲစစ်ရေး လေ့ကျင့်မည်ဖြစ်ကြောင်း Mr.Joseph Fisher ထံမှ သိရသည်

No comments:

Post a Comment