Saturday, July 13, 2013

ဇူလိုင်အတွက် GSM မိုဘိုင်းဖုန်း ၂၅ ရက်တွင် ချထားပေးမည်

(မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ မိုဘိုင်းဆက်သွယ်ရေး ဌာနမှ အင်ဂျင်နီယာချုပ် ဦးခင်မောင်ထွန်းနှင့် တွေ့ ဆုံမေးမြန်းခြင်း)အခုလမှာ မိုဘိုင်းဖုန်းတွေ ဘယ်တော့လောက် ရောင်း ဖို့စီစဉ်ထားပါသလဲ။
ဇူလိုင် ၂၅ရက်မှာ စပြီးရောင်း ဖို့ စီစဉ် ထားပါတယ်။စီဒီ အမ်အေ ၈၀၀ မဂ္ဂါဟဇ်ဖုန်းတွေချည်း ရောင်းမှာလား။ ဂျီအက်စ်အမ်ရော မပါဘူးလား သိချင်ပါတယ်။
စီဒီအမ်အေ ၈၀၀ မဂ္ဂါဟဇ်မိုဘိုင်းဖုန်း ၁၅၀၀၀၀နဲ့ ဂျီအက်စ်အမ်မိုဘိုင်းဖုန်း ၂၀၀၀၀၀ ကို ရောင်းချပေးနိုင်ဖို့ စီစဉ်ထားပါတယ်။ဒီကနေ့ မနက်ပိုင်းမှာ ဆက်သွယ်ရေးအဖွဲ့အစည်းတစ်ခုနဲ့ ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းရဲ့မိုဘိုင်းဌာနမှာဝန်ထမ်းအင်အားအမြဲတမ်းဝန်ထမ်းဦးရေ ၂၃၀ ၊ ပုတ်ပြတ်နဲ့ နေ့စားဝန်ထမ်းဦးရေ ၁၈၈ဦး၊ စုစုပေါင်း ၀န်ထမ်းဦးရေ ၄၁၈ဦးနဲ့ မြန်မာ တစ်နိုင် ငံလုံး ရဲ့ မိုဘိုင်းဖုန်းဝန်ဆောင်မှုတွေကို ဆောင်ရွက်ပေးနေပါတယ်။
ပြည်တွင်းမိုဘိုင်းဖုန်းအသုံးပြုသူအများစုကလည်း ၁၅၀၀တန် ဂျီအက်စ်အမ်မိုဘိုင်းဖုန်းများကို ၀ယ်ယူရန် စောင့်နေကြပြီး မိုဘိုင်းဖုန်းဆိုင်အများစုက လည်း ဂျီအက်စ်အမ်ကတ် များသာ ချပေး ပါက ဈေးကွက်တွင်း ဟန်းဆက်ရောင်းအား ပိုမိုကောင်းလာနိုင်သည်ဟု ခန့်မှန်းထားကြသည်။
mizzim

No comments:

Post a Comment