Tuesday, July 30, 2013

SKYNET ရုပ်သံမှ Package (၄) မျိုးခွဲပြီး ရောင်းချတော့မည်

ရွှေသံလွင်ကုမ္ပဏီရဲ့ စကိုင်းနက် အခပေး ဂြိုလ်တု ရုပ်သံလွှင့်ဌာနဟာ စတင်ဝန်ဆောင်မှုပေးစဉ်ကစ ထုတ်လွှင့်သမျှ ချယ်နယ်အားလုံးကို တစ်လ ကျပ် ၁သောင်း၊ တစ်နှစ် ကျပ် ၁ သိန်း ၂ သောင်းဝန်း ကျင်နှုန်းနဲ့ငွေကြေးကောက်ခံလျက် ရှိရာကနေ အခု သြဂုတ်လ ၁ ရက်နေ့ကစပြီး Package (၄) မျိုးခွဲပြီး ရောင်းချတော့မယ်လို့ ကြေငြာလာပါ
တယ်။
SN-1, Package မှာ ရုပ်သံလိုင်း ၂၀၊ တစ်လ ကျပ် ၃၆၀၀၊ တစ်နှစ် ၄၃၂၀၀ ကျပ်၊ SN-2, Package မှာ ရုပ်သံလိုင်း ၇၀ကျော်၊ တစ်လ ကျပ် ၁၂၀၀၀၊ တစ်နှစ် ၁၄၄၀၀၀ ကျပ်၊ SN-3, Package မှာ ရုပ်သံလိုင်း ၉၀ ၀န်းကျင်၊ တစ်လ ကျပ် ၁၆၀၀၀၊ တစ်နှစ် ၁၉၂၀၀၀ ကျပ်၊ HD Package အတွက် တစ်လ ကျပ် ၂ သောင်း၊ တစ်နှစ် ကျပ် ၂၄၀၀၀၀၊ နဲ့ အခြား ရိုးရိုးလိုင်းတွေ ကိုပါ ယူရင် ထပ်ဆောင်းငွေ ပေးရမှာ ဖြစ်ပါတယ်။စကိုင်းနက် ရုပ်သံဟာ မြန်မာပရိတ်သတ်တွေ အလွန်ကြိုက်တဲ့ အင်္ဂလန်ပရီးမီးယားလိဂ်၊ ချန်ပီ ယံလိဂ်၊ စပိန်လာလီဂါ၊ အီတလီ စီးရီးအေ စတဲ့ဘောလုံးပွဲစဉ် ထုတ်လွှင့်ခွင့်တွေကို တဦးတည်း မူပိုင် ၀ယ်ယူထားတာကြောင့်ပြည်တွင်းမှာ ပြိုင်ဘက်မရှိတော့သလို၊ ဘောလုံးပွဲကြည့် ပရိတ် သတ်တွေအနေနဲ့လည်းအခြား ရွေးချယ်စရာမရှိပဲစကိုင်းနက်ကိုပဲဝယ်ကြည့်ရမှာဖြစ်ကြောင်း ဘော လုံးပွဲကြည့် ပရိတ်သတ်တွေက ပြောပြကြပါတယ်။

FROM-AYE CHAN MON

No comments:

Post a Comment