Friday, July 12, 2013

ရန်ကုန်တိုင်း အတွင်းရှိ ခရိုင်လေးခုအား အရေးကြီးကာလ သတ်မှတ်ကာ လုံခြုံရေးအင်အား တိုးမြှင့်

 ပြည်သူလူထုကပါပူးပေါင်းပါဝင်ဆောင်ရွက်ပါမှ....ရာနှုန်းပြည့်လုံခြုံမှု့ရမှာဖြစ်ပါတယ်..အားလုံး
တတ်နိုင်တဲ့နေရာကနေလုံခြုံရေးအသိနဲ့ပါဝင်ကြပါ
ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ခရိုင်လေးခုအား အရေးကြီးကာလအဖြစ် သတ်မှတ်ကာ လုံခြုံရေး အင်အား များ တိုးမြှင့်၍ ဆောင်ရွက်လျက်ရှိကြောင်း ရန်ကုန်တိုင်း အရှေ့ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယ ရဲမှူးကြီး မြင့်အေးထံမှ သိရသည်။
အိန္ဒိယနိုင်ငံ၊ ဗုဒ္ဓဂယာ၌ ဖြစ်ပွားခဲ့သော ဗုံးပေါက်ကွဲမှုနှင့် စပ်လျဉ်း၍ ယခုကဲ့သို့ လုံခြုံရေးအင်အား တိုးမြှင့်ခြင်းနှင့် အရေးကြီးကာလအဖြစ် သတ်မှတ်ခဲ့ခြင်းဖြစ်ကြောင်း ဒုတိယရဲမှူးကြီး မြင့်အေး

က ပြော ကြားသည်။
ဆက်လက်၍ ဒုတိယရဲမှူးကြီး မြင့်အေးက "အခုလောလောဆယ်တော့ ခရိုင်အလိုက် အရေးကြီး ကာလအဖြစ် သတ်မှတ်ပြီး လုံခြုံရေးတွေကို ဆတိုးဆောင်ရွက် နေတယ်။ အရေးပေါ်ကာလ အနေ အထား မဟုတ်သေးပေမယ့် အရေးကြီးကာလအဖြစ် သတ်မှတ်ဆောင်ရွက် နေပါတယ်။ လုံခြုံရေး တပ်ဖွဲ့ဝင် အားလုံး က သတ်မှတ်နေရာများမှာ အသင့်ရှိနေပြီး တစ်ခုခု ဖြစ်ပြီဆိုတာနဲ့ လုံခြုံရေး တပ်ဖွဲ့ ၀င်တွေက အလျင်မြန် ဆုံး ရောက်ရှိသွားမှာပါ" ဟု ၎င်းက ပြောကြားသည်။
ယခု လုံခြုံရေးယူထားသည့် ရဲတပ်ဖွဲ့ဝင်များကို သင်တန်းများပေးထားပြီး ဖြစ်ပေါ် လာသော ဖြစ်စဉ် များနှင့် စပ်လျဉ်းပြီး အလျင်မြန်ဆုံး လုပ်ဆောင်နိုင်ရန် ညွှန်ကြားထားကြောင်းလည်း ဒုတိယ ရဲမှူးကြီး မြင့်အေး ထံမှ သိရသည်။
ရန်ကုန်တိုင်းဒေသကြီးအပြင် အခြားပြည်နယ်နှင့် တိုင်းများရှိ နယ်စပ်ဂိတ်ပေါက်များ၌ အ၀င်အ ထွက် စစ်ဆေး မှုများကို ပုံမှန်ထက် ပိုမိုစစ်ဆေးနေကြောင်း တာဝန်ရှိသူများထံမှ သိရသည်။
အိန္ဒိယနိုင်ငံရှိ ဗုဒ္ဓဘာသာဝင်များ အထွတ်အမြတ် ထားရာဖြစ်သည့် ဗုဒ္ခဂယာတွင် ဇူလိုင် ၇ ရက် နံနက်ပိုင်းကဗုံးပေါက်ကွဲမှုများ ဖြစ်ပွားခဲ့ပြီး နှစ်ရက်အကြာဇူလိုင်၁၀ရက်တွင်ထိုင်းနိုင်ငံ  လေကြောင်း လိုင်း မှတစ်ဆင့် ရန်ကုန်မြို့သို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံသားနှစ်ဦး သံဃာတော် အယောင်ဆောင် ၍ ရောက် ရှိ လာခဲ့ သဖြင့် ယခုကဲ့သို့ လုံခြုံရေးအင်အားတိုးကာ ဆောင်ရွက်ခြင်း ဖြစ်သည်ဟု သိရသည်။
ရန်ကုန်လေဆိပ်မှတစ်ဆင့် သံဃာတော် အယောင်ဆောင်၍ ၀င်ရောက်လာသည့် ဘင်္ဂလားဒေ့ရှ်  နိုင်ငံ သားနှစ်ဦးအား သာသနာ ညှိုးနွမ်းစေသည့် အမှုဖြင့် သက်ဆိုင်ရာ ရဲစခန်းက အမှုဖွင့် အရေးယူ စစ်ဆေးလျက်ရှိပြီး ၎င်းတို့အား လေဆိပ်မှ စောင့်ကြို၍ တည်းခိုရန် နေရာသို့ ခေါ်ဆောင်ခဲ့သည့် မွတ်စလင် ဇနီးမောင်နှံ နှစ်ဦးကိုလည်း ဖမ်းဆီးစစ်ဆေးလျက်ရှိကြောင်း သိရသည်။

No comments:

Post a Comment