Friday, July 12, 2013

ရိုဟင်ဂျာများကို ပါကစ္စတန် လေ့ကျင့်ပေးနေကြောင်း အိန္ဒိယ စွပ်စွဲ

နယူးဒေလီ (မဇ္ဈိမ)။ ။ ပါကစ္စတန် ထောက်လှမ်းရေးအဖွဲ့ (ISI) က ကျောထောက် နောက်ခံပေး ထား သည့် အကြမ်းဖက် အဖွဲ့များဖြစ်ကြသော Harkat-ul-Jihad (HuJI) နှင့် Lashkar-e-Toiba (LeT) တို့ က  မြန်မာနိုင်ငံ မှ မူဆလင်ရိုဟင်ဂျာများကို လူသစ်စုဆောင်းနေသည်ဟူ၍ အိန္ဒိယ ထောက် လှမ်းရေး အေဂျင်စီများက စွပ်စွဲ လိုက်သည်။
LeT က HuJi အဖွဲ့၏ အထောက်အပံ့ဖြင့်ဖွင့် လှစ်ထားသော အကြမ်းဖက် သင်တန်းများသို့ ရိုဟင် ဂျာ များကို စုဆောင်း ခေါ်ယူနေသည်ကို ISI အဖွဲ့က အကူအညီပေးနေသည်ဟု အဆိုပါ ထောက် လှမ်းရေး အေဂျင်စီများအား ကိုးကား၍ အိန္ဒိယအခြေစိုက် Express News Service က ရေးသား ထား သည်။
ဇူလိုင်လ ၇ ရက်နေ့က ဗုဒ္ဓဂယာတွင် ဗုံးများ ဆက်တိုက်ပေါက်ကွဲခဲ့အပြီး အိန္ဒိယ-ဘင်္ဂလာဒေ့ရှ် နယ် စပ် တွင် လုံခြုံရေး တင်းတင်းကြပ် ကြပ် ဆောင်ရွက်ရန် လုံခြုံရေး အေဂျင်စီများက နယ်စပ်ရှိ တပ် ဖွဲ့ များကို ပြောဆို ထားသည်။ ရိုဟင်ဂျာများသည် မြန်မာနိုင်ငံမှ ထွက်ပြေးပြီး အဆိုပါလမ်းကြောင်း များ မှတဆင့် အိန္ဒိယသို့ ဝင်ရောက်လာကြ၍ ဖြစ်သည်။
အိန္ဒိယ မြို့ပေါ်ရှိ ထောင်နှင့်ချီသော ရိုဟင်ဂျာဒုက္ခသည်များအား စောင့်ကြည့်မှုများ ပြုလုပ်ခြင်း မရှိသေးသော်လည်း အကြမ်းဖက်သမား ခေါင်းဆောင်များ တရားမဝင် ခိုးဝင်လာသူများ အနေဖြင့် စိမ့်ဝင် လာခြင်း မရှိနိုင်ဟု မဆိုနိုင်ကြောင်း ထောက် လှမ်းရေး အေဂျင်စီများက ဆိုသည်။
သို့သော် အိန္ဒိယနိုင်ငံရှိ ဟိန္ဒူ၊ အစ္စလာမ်၊ ဗုဒ္ဓဘာသာနှင့် ခရစ်ယာန်တို့ အပါအဝင် ဘာသာစုံ အဖွဲ့ အစည်းများ၊ အနုပညာရှင်များ၊ ငြိမ်းချမ်းရေး လုပ်ငန်း အဖွဲ့အစည်းများ၊ လူမှု အဖွဲ့များကမူ ဗုဒ္ဓဂ ယာ ဗုံးပေါက်ကွဲမှု များနှင့်ပတ်သက်၍ မူဆလင်များအပေါ် ထင်မြင်ချက်ပေးကြ သည့် ကောလာ ဟလ များအပေါ် အလေးထား ယုံကြည်မှု မပြုကြရန် ပန်ကြားထားသည်။
အိန္ဒိယ ပြည်ထဲရေးဝန်ကြီးကလည်း ၎င်းတို့အနေဖြင့် စုံစမ်းစစ်ဆေး မှုများကို ထောင့်ပေါင်းစုံ မှ ပြု လုပ် သွားမည် ဖြစ်သော်လည်း အလျင်စလို ဖမ်းဆီးမှုများ ပြုလုပ်မည်မဟုတ်ကြောင်း သံသယဖြင့် ဖမ်းဆီး ထားသူ အမျိုးသား သုံးဦးနှင့် အမျိုးသမီး တဦးအား သက်သေ အထောက်အထား မရှိ၍ ပြန် လွှတ်ပေး လိုက် ပြီးနောက် ပြောဆိုသွားသည်။
မဇ္ဈိမ

No comments:

Post a Comment