Friday, July 12, 2013

၁၅ဝဝ တန် ဂျီ ထုတ်မည်ဆိုလည်း လိုင်းကျပ်မည် မဟုတ်

ထပ်မံရောင်းချမည့် ကျပ်တစ် ထောင့်ငါးရာတန်
 ဂျီနှင့် WCDMA ဖုန်းကြောင့် လိုင်းကျပ်မှု မရှိအောင် တိုးချဲ့ ဆောင်ရွက်ထားကြောင်း မြန် မာ့ ဆက်သွယ်ရေးလုပ်ငန်းမှ သိရသည်။ ယခုလ ၌ ကျပ်ထောင့်ငါးရာ တန် ဂျီဖုန်းနှင့် WCDMA ဖုန်းများ ကို ရောင်းချတော့မည်ဟု သတင်းများ ထွက်ပေါ်လျက်ရှိနေပြီးမိုဘိုင်းဖုန်းဆိုင်အချို့မှာ လည်း ဂျီဖုန်းဟန်းဆက်အ ချို့ကို တင်သွင်းမှု များ ပြုလုပ်နေ ကြ သည်။
''ဒီလစပြီး ဂျီတွေ ရောင်းမရောင်း ဆိုတာတော့ သေချာ မပြောနိုင်သေးဘူး။လူကြီးတွေဆုံးဖြတ်ပြီးမှပဲအတည်ပြု ပေးနိုင်မယ်။ ရောင်းမယ် ဆိုရင်လည်း

လိုင်းကျပ်မှု မရှိနိုင်ပါဘူး။ လိုင်းတွေ တိုးချဲ့ ဆောင်ရွက်ထားပါတယ်''ဟု မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ အင် ဂျင်နီယာမှူး တစ်ဦးက ပြောသည်။
ယင်းသို့ အတည်ပြုနိုင်ခြင်း မရှိ သော်လည်း ဆက်သွယ်ရေးနှင့် နီးစပ် သည့် အသိုင်းအဝိုင်းနှင့် မို ဘိုင်းဖုန်းဆိုင်အချို့မှာဂျီဖုန်းရောင်းရန် သေချာသ လောက်ရှိသည့်အနေအထားတွင်ရှိနေ  ကြောင်း သတင်းများထွက်ပေါ်နေသည့် အပြင် ယခင်မိုဘိုင်းအင်ဂျင်နီ ယာချုပ် ဟောင်း ဦးဌေးဝင်း ၏ ပြောပြချက်များ အရ ယခုလတွင် ဂျီဖုန်းများ ရောင်းချရန် မှာ ဖြစ်နိုင်ခြေရှိကြောင်း မိုဘိုင်းဖုန်း ကျွမ်းကျင်ပညာရှင်များက သုံးသပ်ကြ သည်။
ယခင်မိုဘိုင်းအင်ဂျင်နီယာချုပ် က လက်ရှိရောင်းပေးနေသည့် ကျပ် တစ်ထောင့်ငါးရာတန် WCDMA ဖုန်း များ တစ်သန်းရောင်းပေးပြီးပါက ဂျီနှင့် WCDMA ဖုန်းများကိုMPT တံဆိပ် ဖြင့် ဆက် လက်ရောင်းချမည်ဟု ပြော ဆိုထားသည်။ ပုဇွန်တောင်မြို့နယ်မှ Joker မို ဘိုင်းဖုန်းဆိုင် ပိုင် ရှင် တစ်ဦးက ''ကျွန် တော်တို့ အဆက် အသွယ်နဲ့ကြားရသ လောက်ကတော့ ဒီလ ဂျီတွေ ရောင်းမှာ ပါ။
ဒါကြောင့် ဟန်းဆက်အချို့ ထပ် တင်သွင်း တာပါ''ဟုပြောသည်။ ဂျီနှင့် WCDMA ဖုန်းများ ရောင်း ချမည်ဆိုပါက ကျပ်တစ်ထောင့် ငါးရာ နှုန်းဖြင့်သာ ရောင်းမည်ဖြစ်ကြောင်းဖုန်း အရေအတွက်မှာ သုံးသိန်း ငါးသောင်း ရှိမည်ဖြစ်ပြီး လိုင်းကျပ်မှု ရှိမည်မဟုတ် ကြောင်း ဆက်သွယ်ရေး မှ အင်ဂျင်နီ ယာ မှူးထံမှ သိရသည်။

No comments:

Post a Comment