Wednesday, July 10, 2013

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဖိတ်ခေါ် ချစ်ကြည်ရေး ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနား တက်ရောက် ကြည့်ရှု အားပေး

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဖိတ်ခေါ် ချစ်ကြည်ရေး ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနား တက်ရောက် ကြည့်ရှု အားပေး
မြန်မာ့တပ်မတော် ဘောလုံး အဆင့်အတန်း မြင့် မား တိုးတက်စေရန်၊ ဒေသတွင်း နိုင်ငံများမှ  တပ်မတော် သားအချင်းချင်းချစ်ခင်ရင်းနှီးမှုရရှိစေရန်နှင့် တပ် မတော်အားကစားလက်ရွေးစင်များမှတစ်ဆင့်  နိုင်ငံ
ဂုဏ်ဆောင် အားကစားသမားများ ပေါ်ထွက်လာစေ ရန် ရည်ရွယ်၍ ဖိတ်ခေါ် ချစ်ကြည်ရေး ဘောလုံးပြိုင် ပွဲ ဖွင့်ပွဲ အခမ်းအနားကို ယနေ့ ညနေ ၃ နာရီခွဲ တွင် နေပြည်တော်ရှိ ဇေယျာသီရိ တပ်မတော် အားကစား ကွင်း၌ ကျင်းပပြုလုပ်ရာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက် အားပေး ချီးမြှင့်သည်။
အဆိုပါ အခမ်းအနားသို့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၏ ဇနီး ဒေါ်ကြူကြူလှ၊ ထိုင်းဘုရင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် General Tanasak Patimapragorn နှင့်ဇနီး၊  ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ် (ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် ဇနီး ဒေါ်သန်းသန်းနွယ်၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ တပ်မတော် အရာရှိကြီးများ နှင့်ဇနီးများ၊ ထိုင်းဘုရင့် တပ်မတော်မှ အရာရှိကြီးများနှင့် ဇနီး များ၊ နေပြည်တော်တိုင်း စစ်ဌာနချုပ် တိုင်းမှူး၊ တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ် များ၊ နိုင်ငံတော် ကာကွယ် ရေး တက္ကသိုလ်မှ သင်တန်းသား အရာရှိကြီးများ၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း၊ ရေ၊ လေ)မှ အရာရှိ/ စစ်သည်၊ မိသားစုများ၊ နေပြည်တော် စစ်မှုထမ်းဟောင်း ကြီးကြပ်ရေး အဖွဲ့ ကွပ်ကဲ မှုအောက်ရှိ ပျဉ်းမနား၊ လယ်ဝေး၊ တပ်ကုန်း မြို့နယ် များမှ စစ်မှု ထမ်းဟောင်း အဖွဲ့ဝင်များ၊ နေပြည်တော်တိုင်း စစ်ဌာနချုပ်ရှိ တပ်နယ် (၆)ခုမှ အရာရှိ၊ စစ် သည်၊ မိသားစု များ၊ ဖိတ်ကြားထားသည့်  ဧည့်သည်တော် များနှင့် ဒေသခံ ပြည်သူများ တက်ရောက် ကြသည်။
ဖွင့်ပွဲအခမ်းအနား မစတင်မီ မြဝတီ တေးဂီတအဖွဲ့မှ တေးသံသာများဖြင့် သီဆို ဖျော်ဖြေကြသည်။
ထို့နောက် တပ်မတော်(ကြည်း) ကိုယ်စားပြု စစ်တီးဝိုင်း တပ်ဖွဲ့၊ တပ်မတော် (ရေ) ကိုယ်စားပြု စစ်တီးဝိုင်း တပ်ဖွဲ့နှင့် တပ်မတော် (လေ)ကိုယ်စားပြု စစ်တီးဝိုင်း တပ်ဖွဲ့များက အားကစား ကွင်းအတွင်း တစ်ပြိုင်တည်း ဝင်ရောက် နေရာယူကြကာ စစ်ချီသီချင်းများ တီးမှုတ်ကြပြီး ကိုယ်စား ပုံဖော်သရုပ် ပြသကြသည်။
ယင်းနောက် စစ်ရေးပြမှူးကြီး ဦးဆောင်သော အလံတော် အဖွဲ့နှင့် အိမ်ရှင် ပြည်ထောင်စု သမ္မ တ မြန်မာနိုင်ငံ တပ်မတော် ဘောလုံးအသင်း၊ အိန္ဒိယ သမ္မတနိုင်ငံ တပ်မတော် ဘော လုံးအသင်း၊ စင်ကာပူသမ္မတနိုင်ငံတပ်မတော် ဘောလုံးအသင်းနှင့် ထိုင်းနိုင်ငံ ထိုင်းဘုရင့် တပ်မတော် ဘောလုံး အသင်းများက ကွင်းအတွင်း ဝင်ရောက် နေရာ ယူကြပြီး ဖိတ်ခေါ် ချစ်ကြည်ရေး ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနား ဖွင့် လှစ်ကြောင်း ကြေညာချိန်တွင် တပ်မတော် အားကစားနှင့် ကာယပညာ အုပ်ချုပ်မှု ကော်မတီ ဥက္ကဋ္ဌ၊ စစ်ရေးချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး ခင်ဇော်ဦးက ဖဲကြိုးဖြတ်၍ မိုးပျံပူေ ဖာင်းများ လွှတ်တင်ကာ အခမ်းအနား တက်ရောက် လာကြသူများက လက်ခုပ်သြဘာ တီး၍ အခမ်း အနား အား အောင်မြင်စွာ ဖွင့်လှစ်လိုက်သည်။
ထို့နောက်ဒုတိယဗိုလ်ချုပ်ကြီးခင်ဇော်ဦးက
 နိုင်ငံအလိုက်ဘောလုံး အားကစား သမားများ အား ရင်းရင်းနှီးနှီး လိုက်လံ နှုတ်ဆက်သည်။
၎င်းနောက် စစ်ရေးပြမှူးကြီး ဦးဆောင်သော အလံတော် အဖွဲ့နှင့် နိုင်ငံအလိုက် ဘောလုံး အသင်းများက ကစားကွင်းအတွင်းမှ ပြန်လည် ထွက်ခွာကြပြီး ပထမနေ့ ပြိုင်ပွဲ ပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစားမည့်ပြည်ထောင်စုသမ္မတ မြန် မာနိုင်ငံတပ်မတော် ဘောလုံးအသင်းနှင့်ထိုင်းနိုင် ငံ ထိုင်းဘုရင့် တပ်မတော် ဘောလုံး အသင်း များ က ဘောလုံးကွင်း အတွင်း ဝင်ရောက် နေရာယူ ကြသည်။
ဆက်လက်၍ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ထိုင်း ဘုရင့် တပ်မတော် ကာကွယ်ရေးဦးချုပ် General Tanasak Patimapragorn နှင့်အတူ ယှဉ်ပြိုင် ကစား ကြ မည့် ဘောလုံးအား ကစားသမား များအား ရင်းရင်းနှီးနှီး လိုက်လံ နှုတ်ဆက်ကြသည်။
ထို့နောက်ဘောလုံးအားကစားသမားများအား
 မြန်မာအမျိုးသမီးငယ်လေးများက ဂုဏ်ပြု ပန်း စည်းများ ပေးအပ်ကြပြီး နှစ်ဖက် အသင်းကစား သမားများက အပြန်အလှန် နှုတ်ဆက်ကြကာ အသင်း ခေါင်းဆောင်များက နှစ်နိုင်ငံ အလံများ လဲလှယ်၍ အသင်းအလိုက် အမှတ် တရ စုပေါင်း ဓာတ်ပုံရိုက် ကြသည်။
ယင်းနောက် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံ တပ်မတော် ဘောလုံးအသင်းနှင့်ထိုင်းနိုင်ငံထိုင်း ဘုရင့် တပ်မတော် ဘောလုံး အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့်ဇနီး ဒေါ်ကြူကြူလှ၊ ထိုင်းဘုရင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် General Tanasak Patimapragorn နှင့်ဇနီးတို့ နှင့်အတူ အခမ်းအနားသို့ တက်ရောက် ကြသူများက ကြည့်ရှု အားပေးကြသည်။
ယနေ့ကျင်းပပြုလုပ်သောဖိတ်ခေါ်ချစ်ကြည်ေ ရး ဘောလုံးပြိုင်ပွဲ ပထမနေ့ ပွဲစဉ်တွင် အိမ် ရှင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတပ်
မတော် ဘောလုံးအသင်းကထိုင်းဘုရင့်တပ်
မတော် ဘောလုံးအသင်းအား ၁ဂိုး- ဂိုးမရှိဖြင့် အနိုင်ရရှိ ခဲ့ပြီး ဖိတ်ခေါ် ချစ်ကြည်ရေး ဘောလုံး ပိုင်ပွဲအား ဇူလိုင် ၈ ရက်မှ ၁၄ ရက်အထိ အိမ် ရှင် ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံ၊ အိန္ဒိယ သမ္မတနိုင်ငံ၊ စင်ကာပူ သမ္မတ နိုင်ငံနှင့် ထိုင်းနို င် ငံ တို့မှ တပ်မတော် ဘောလုံးအသင်း ၄ သင်းတို့မှ ယှဉ်ပြိုင် ကစား သွားကြမည် ဖြစ်ကြောင်း သတင်း ရရှိသည်။

မြ၀တီ

No comments:

Post a Comment