Monday, July 1, 2013

The Face Of Buddhist Terror ဆောင်းပါး ဖော်ပြခဲ့သည့် TIME မဂ္ဂဇင်းကို မြန်မာနိုင်ငံနည်းတူ သီရိလင်္ကာနိုင်ငံ၌ ဖြန့်ချိခွင့် ပိတ်ပင်

သီရိလင်္ကာနိုင်ငံတွင် ဗုဒ္ဓဘာသာဆိုင်ရာ အဖွဲ့များက ဇူလိုင် ၁ ရက် နေ့စွဲဖြင့် ထုတ်သည့် TIME မဂ္ဂဇင်း၏ The Face Of Buddhist Terror ဆောင်းပါးအား အပြင်းအထန် ကန့်ကွက် ခဲ့ကြ
ပြီးနောက် မြန်မာနိုင်ငံနည်းတူ သီရိလင်္ကာ အစိုးရသည် ယင်းမဂ္ဂဇင်း ဖြန့်ချိခွင့်ကို နိုင်ငံအတွင်း၌ ပိတ် ပ င် သွား လိမ့်မည်ဟု သီရိလင်္ကာနိုင်ငံ၏ Colombo Telegraph သတင်းဌာနက ဇွန် ၂၈ ရက်တွင် ဖော်ပြ ခဲ့သည်။ ယင်းနောက် သီရိလင်္ကာနိုင်ငံ၏ Srilanka Mirror သတင်းဌာနက အဆိုပါ မဂ္ဂဇင်းကို သီရိလင်္ကာနိုင်ငံတွင် ပိတ်ပင်လိုက်ကြောင်း ဇွန် ၂၉ ရက်တွင် ဖော်ပြသည်။ သီရိလင်္ကာနိုင်ငံ၏ Bodu Bala Sena (BBS) အဖွဲ့အစည်းသည် သီရိလင်္ကာနိုင်ငံ၏ မီဒီယာနှင့် ကာကွယ်ရေး ၀န်ကြီးဌာနတို့ကို ဘာသာရေး ထိခိုက်စေသည့် ဆောင်းပါးပါဝင်သည့် အဆိုပါ မဂ္ဂဇင်းအား ဖြန့်ချိခွင့် မပြုရန် တောင်း ဆိုခဲ့သည်။
ဇူလိုင် ၁ ရက် နေ့စွဲတပ်ကာ ထုတ်ဝေသည့် TIME မဂ္ဂဇင်းကို ယခုကဲ့သို့ ပိတ်ပင်လိုက်ခြင်းသည် သီရိလင်္ကာနိုင်ငံနှင့် တိုက်ရိုက်မပတ်သက်သော အကြောင်းအရာအတွက် နိုင်ငံခြား မဂ္ဂဇင်းတစ်စောင်ကို ပထမဆုံး ပိတ်ပင်ခဲ့ခြင်းဖြစ်သည်။
တရားဝင် သတင်းများ ထွက်ပေါ်လာခြင်း မရှိမီကပင် Facebook စာမျက်နှာများတွင် သီရိလင်္ကာနိုင်ငံ၌ အဆိုပါ TIME မဂ္ဂဇင်းဖြန့်ချိမှုကို ပိတ်ပင်ခဲ့ကြောင်းနှင့် The Face Of Buddhist Terror ဆောင်းပါးရေး Hannah Beech ကိုလည်း သီရိလင်္ကာသို့ ပြည်ဝင်ခွင့် ပိတ်ပင်ခဲ့ကြောင်း သတင်းများ ပြန့်နှံ့နေခဲ့သည်။ သီရိလင်္ကာနိုင်ငံသည် ဗုဒ္ဓဘာသာဝင် အများစု နေထိုင်သော နိုင်ငံဖြစ်ပြီး ၂၀၁၁ ခုနှစ် သန်းခေါင်စာရင်း အရ လူဦးရေ၏ ၇၀ ဒသမ ၂ ရာခိုင်နှုန်းသည် ဗုဒ္ဓဘာသာဝင်များ ဖြစ်ကြသည်။ ယင်းဆောင်းပါး ပါဝင်သော TIME မဂ္ဂဇင်းကို မြန်မာနိုင်ငံတွင် ထုတ်ဝေဖြန့်ချိခြင်း မပြုရန် အရေးပေါ်ကာလ စီမံခန့်ခွဲရေး ဗဟိုကော်မတီက ဇွန် ၂၅ ရက်နေ့စွဲဖြင့် ထုတ်ပြန်ခဲ့သည်။ ကြေညာချက်တွင် အဆိုပါ ဆောင်းပါးကို မူရင်းစာစောင်အတိုင်း ဖြစ်စေ၊ မိတ္ထူပွား၍ဖြစ်စေ ထုတ်လုပ်ခြင်း၊ ရောင်းချခြင်း၊ ဖြန့်ချိခြင်း၊ လက်ဝယ် ထားရှိခြင်း မပြုလုပ်ရန် ဟူ၍ ဖြစ်ပါသည်။

From...EMG

No comments:

Post a Comment