Monday, July 1, 2013

ရန်ကုန်မြို့၌ ပထမဆုံး မြန်မာ့စွမ်းအင်ရင်းနှီးမြှုပ်နှံမှု ထိပ်သီးအစည်းအဝေး ကျင်းပ

ပထမဆုံးအကြိမ်အဖြစ် ရန်ကုန်မြို့တွင် မြန်မာ့စွမ်း အင် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ထိပ်သီးအစည်းအဝေး (Myanmar Energy Investment Summit-2013) ကို စက်တင် ဘာ လတွင် ကျင်းပမည်ဖြစ်ကြောင်း  သိရသည်။ အဆိုပါ မြန် မာ့ စွမ်းအင် ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာ ထိပ်သီးအစည်းအဝေး တွင် ရေအားလျှပ်စစ်၊   ရေ အရင်းအမြစ် စွမ်းအင်နှင့် လျှပ် စစ် ဓါတ်အား ကဏ္ဍတို့တွင် လုပ်ကိုင်ရန် ကမ်းလှမ်းမှုများ ရှိလာ ရန် မျှော်လင့်ထားပြီး ကမ္ဘာ့နိုင်ငံ ၂၅ နိုင်ငံမှ စွမ်းအင် ကဏ္ဍဆိုင်ရာ ခေါင်းဆောင်များ အပါအဝင် ကိုယ်စားလှယ်၃၀၀ခန့်တက်ရောက်မည် ဖြစ်ကြောင်း  သိ ရသည်။ ယင်းအခမ်းအနားတွင် မြန်မာ့စွမ်းအင် ဖွံ့ဖြိုးရေး အစီ အစဉ် မြန်မာနိုင်ငံ ၏ ရေအား
လျှပ်စစ်နှင့် ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်ကဏ္ဍ အလားအလာ၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဥပဒေပါ စွမ်းအင်ကဏ္ဍဆိုင်ရာ အကြောင်းအရာများ၊ စွမ်းအင်စီမံကိန်းများအတွက် သဘာဝ ပတ်ဝန်းကျင် ထိခိုက်မှု၊ လေ့လာဆန်းစစ်ချက် (EIA) အစီအစဉ်အကြောင်းတို့ကို အဓိကထား ဆွေးနွေးရန် စီစဉ်ထားပြီး MEIS-2013 ထိပ်သီးအစည်းအဝေးတွင် ဈေးကွက်အလားအလာများနှင့် မြန်မာ့စွမ်းအင်ကဏ္ဍ ဖွံ့ဖြိုးရေး အစီအစဉ်များကို ဆွေးနွေးရန် ရည်ရွယ်ထားကာ စွမ်းအင်ကဏ္ဍ ရင်းနှီးမြှုပ်နှံမှုများကြောင့် စီးပွားရေး တိုးတက်မှု အလားအလာများ ဖန်တီးနိုင်ရေးကိုလည်း ဆွေးနွေးသွားမည် ဖြစ်ကြောင်း သိရသည်။ မြန်မာနိုင်ငံ၏ စွမ်းအင်ထုတ်ယူရေးကဏ္ဍတွင် လာရောက်ရင်းနှီးမြှုပ်နှံသော လုပ်ငန်း မှာ ခြောက် ခုသာ ရှိသေးသော်လည်း စုစုပေါင်းပမာဏ အမေရိကန်ဒေါ်လာ ၁၉ ဘီလျံကျော် ရှိပြီး စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု ပမာဏ ၄၅ ရာခိုင်နှုန်းကျော်ရှိကြောင်း သိရသည်။ ယခုကျင်းပမည့်ထိပ်သီးအစည်းအဝေးကိုစွမ်းအင်ဝန်ကြီးဌာန၊ ရေအားလျှပ်စစ်ဌာနနှင့်  ပြည်ထောင် စုသမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှု လက်မှု လုပ်ငန်းရှင်များအသင်း ချုပ်တို့ ပူေးပါင်း ကျင်းပခြင်းဖြစ်ပြီး လာမည့် စက်တင်ဘာလ ၃ ရက်နှင့် ၄ ရက်များတွင် ကျင်းပသွား မည် ဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment