အနီး၌ အမေရိကန်နိုင်ငံထုတ် ဗုန်းအား စားပွဲတင်နာရီနှင့် AA ဓါတ်ခဲ တို့ဖြင့်ချိတ်ဆက်ကာ ချထားခဲ့၍ မန္တလေးမြို့ရှိ စစ်မြေပြင်အင်ဂျင်နီယာတပ်က ရှင်းလင်း
ခဲ့ကြောင်း သိရှိရသည်။
အဆိုပါ ဗုံးကို ရွှေဘဲစားတော်စက်သို့ လာရောက် စားသောက်သော အမျိုးသမီးတစ်ဦး မှဆိုင်အ တွင်းတွင် ချန်ထားခဲ့ခြင်းဖြစ်ပြီး၊ ၎င်းဆိုင်မှဝန်ထမ်းကအိတ်ကျန်ခဲ့သည်ထင်၍ လိုက်ပေးသည် ကို ပြန်မယူပဲ အဆိုပါအမျိုးသမီးကလမ်းထောင့်တွင်ချထားခဲ့ခြင်းဖြစ်ကြောင်း တာဝန်ရှိသူများက ဆိုသည်။“ရွှေဘဲမှာလာစားတဲ့အမျိုးသမီးက စားသောက်ပြီးပြန်ထွက်တော့ကလေးတွေ ကအိတ် ကျန်ခဲ့တယ်ဆိုပြီး လိုက်ပေးတယ် ၊ ပေးတဲ့အချိန်မှာပြန်မယူပဲနဲ့ လမ်းထောင့်မှာချသွားတော့ မသင်္ကာလို့ဖွင့်ကြည့်ရာကနေ ဗုံးကိုစတွေ့တာပဲ ” ဟု အခင်းဖြစ်ပွားရာသို့ရောက် ရှိနေသည့် ရပ်ကွက်တာဝန်ရှိသူများက ဆိုသည်။
အဆိုပါဗုံးမှာ အမေရိကန်နိုင်ငံမှထုတ်လုပ်သည့် M67ဗုံးအမျိုးအစားဖြစ်ပြီး မည်သည့်အဖွဲ့အစည်း မှ လုပ်ဆောင် သည်ကိုမူမသိရှိသေးကြောင်းအဆင့်မြင့်အရာရှိများက ပြောကြားသည်။
ဗုံးအား စစ်မြေပြင်အင်ဂျင်နီယာတပ်ဖွဲ့မှ တာဝန်ရှိသူများက Water Cannon (အရည်တစ် မျိုးဖြင့်ဗုံးအား အသက်မဲ့စေသောစနစ်) စနစ်အား အသုံးပြုပြီး ညနေ(၃) နာရီတွင် ရှင်းလင်း ခဲ့သောကြောင့် ထိခိုက်မှု မရှိခဲ့ကြောင်း သိရှိရသည်။ရန်ကုန်မြို့တွင်လည်း (၁၄)ရက်နေ့ ၌ အလုံမြို့နယ်၊ Waster Park II စားသောက်အတွင်းမှ ချိန်ကိုက်ဗုံးဟု ယူဆရသော အထုပ် တစ်ထုပ်အားတွေ့ရှိခဲ့ပြီး တပ်မတော်အင်ဂျင်နီယာတပ်မှ သိမ်းဆည်းခဲ့ကြောင်း
သိရသည်။
ပြီးခဲ့သည့် အောက်တိုဘာလ(၁၃)ရက်နေ့က ရန်ကုန်မြို့တွင်လည်းလက်လုံးဗုံးနှစ်လုံးပေါက် ကွဲခဲ့ပြီး အသက် ၁၄ နှစ်အရွယ် ကလေးနှစ်ဦးထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်းသိရှိရသည်။
No comments:
Post a Comment