Saturday, October 19, 2013

ရုပ်ရှင်ဆန်ဆန် ၀ိုင်းဖမ်း၊ မြင်းဆေး ၆၆ ပြားတွေ့

     မနေ့ညက ကရင်ပြည်နယ် ဘားအံမြို့မှာ ရဲကား ၃ စီးက လိုင်စင်မဲ့ကားတစီးကို ရုပ်ရှင်ဆန်ဆန် 
ဝိုင်းဖမ်းကြတယ်လို့ ဒီတပတ်ထုတ် မြန်မာပို့စ်

 ဂျာ နယ်မှာ ရေးထားပါတယ်။ 
  (ဓာတ်ပုံများ - ဇော်ရဲထက်)
ကားထဲမှာ စိတ်ကြွဆေး ၆၆ ပြား တွေ့တယ်၊ လိုင်စင်မဲ့ကားမောင်းသူက   ညွှန်ကြားရေး မှူး အဆင့်ရှိ အစိုးရအရာရှိကြီးတဦးရဲ့ ယောက် ဖ တော်စပ်သူဖြစ်တယ်လို့ ဘားအံ မြို့ ရဲစခန်းကို ကိုးကားပြီး ဂျာနယ်မှာ ရေး ထား ပါတယ်။
ဘားအံ ၉ ရပ်ကွက် ကညနရုံးအနီး မှာရှိတဲ့ အိမ်ထဲက ထွက်လာတဲ့ကားကို ၀ိုင်းဖမ်းကြတာလို့ ဂျာနယ်မှာ ရေးထား တာပါ။ဖမ်းချုပ်ထိန်းသိမ်း ရာမှာ ထင်ထင် ရှားရှားတွေ့ရတယ်လို့ ဆိုနိုင်တာကတော့ လက်ထိပ်ကိုင်ထားတဲ့ အမျိုးသမီးရဲ့ လှုပ်ရှားမှု ပဲ ဖြစ်ပါတယ်။ကိုင်ထားတဲ့လက်ထိပ် နဲ့ တယောက်ကို ခတ်လိုက်တယ်၊ လမ်းပေါ် မှာ မှောက်လျက်အနေအထားရှိ တဲ့ နောက် တယောက်ရဲ့ ဇက်ကို ဒူးနဲ့ ဖိထားတာကို တွေ့ ရပါမယ်။ဘားအံအခြေစိုက် ရဲအရာရှိ တဦးဖြစ် မယ်လို့ ယူဆရပါတယ်။
အိမ်ထဲကအထွက်ပိတ်ဖမ်းတယ်ဆိုတော့သူတို့ဖမ်းရမယ့်သူ(တွေ)ကို စောင့်ကြည့်နေတာလည်း ဖြစ်နိုင်ပါတယ်။
လိုင်စင်မဲ့ကားမောင်းလို့ ဖမ်းတာတော့ မဖြစ်နိုင်ပါဘူး။ ကရင်ပြည်နယ်မှာ လိုင်စင်မဲ့ကား များတဲ့ အတွက် ကားဖမ်းဖို့အတွက်တော့ အဲဒီလောက် လှုပ်ရှားစရာ မလိုပါ။ တခြားအကြောင်း အရာ အတွက် ဖမ်းတာ ဖြစ်မယ်လို့ ထင်ပါတယ်။
မြင်းဆေး ခေါ် စိတ်ကြွဆေး အလုံးခြောက်ဆယ်ကျော် ဖမ်းမိတယ်လို့ သတင်းမှာ ရေးထားတဲ့ အတွက် မူး ယစ်ဆေးအမှုအတွက် သံသယရှိလို့ ဖမ်းတာဖြစ်မယ်လို့ ယူဆရပါတယ်။
မူးယစ်ဆေးအကြောင်း  ဆက်စပ် ဖတ်သင့်တဲ့ဆောင်းပါးတွေထဲက တပုဒ်ကတော့
မူးယစ်ဆေး တိုက်ဖျက်တဲ့ ကိုယ်ထူကိုယ်ထ “အမေများအဖွဲ့” ဖြစ်ပါတယ်။ လင့်က http://burma.irrawaddy.org/%E1%81%80_drug/2013/03/18/35861.html ဖြစ်ပါတယ်။

မူးယစ်ဆေးတိုက်ဖျက်ရေး၊ နှိမ်နင်းရေး လှုပ်ရှားမှုတွေကို တနိုင်ငံလုံးမှာ တွေ့နေရပါတယ်။
သို့သော်လည်း မူးယစ်ဆေးစီးဆင်းမှုက အရှိန်အဟုန်နဲ့ ဆက်ရှိနေပုံရပါတယ်။ ရဲတပ်ဖွဲ့ကို လိုအပ်တဲ့ နည်းပညာ၊ ဘတ်ဂျက် စသဖြင့် အားဖြည့်ပေးမယ် ဆိုရင်ဖြင့် နှိမ်နင်းရေးအရှိန် ပိုသွက်လာဖွယ်ရှိပါတယ်။

No comments:

Post a Comment