![](http://1.bp.blogspot.com/-hd1oNYurjs4/UmVMtYuB9BI/AAAAAAAAjyU/TymhHmnn-f4/s320/1097972_152806541581471_129399853_n.jpg)
ဘာ လ ၈ ရက်နေ့ နေ့စွဲဖြင့် ပြဋ္ဌာန်းလိုက်
သည့် ဆက်သွယ်ရေး ဥပဒေကို နည်းပညာ နယ်မှ ကြိုဆိုခဲ့ကြောင်း သိရသည်။ ဆက်သွယ်ရေး ဥပဒေကြမ်း ထွက်ရှိစဉ် က ဆွေးနွေးပွဲများ ပြုလုပ်၍ ပြင်းထန်စွာ ဝေ ဖန်ခဲ့သော ကွန်ပျူတာအသင်းများ အနေဖြင့် ပြင်ဆင်ထွက်ရှိလာသည့် ဆက်သွယ်ရေး ဥပဒေကို ကြိုဆိုခဲ့ကြောင်း သိရသည်။ “တစ်ချက်ပဲ။ အကိုတို့က
ဆက်သွယ်ရေး ကော်မရှင်ကို ချက်ချင်း ဖွဲ့စေချင်တယ်။ လွှတ်တော်အနေနဲ့ကတော့ နှစ်နှစ်အတွင်း ဖွဲ့ရမယ်ဆိုပြီးတော့ ပြင်လိုက်တယ်။ ဒီလောက်ပါပဲ။ ကျန်တာတွေ အားလုံးက ဝိုင်းဝန်း အကြံပြုတဲ့ အချက်အလက်တွေ ပါလာပါတယ်” ဟု မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ် ဥက္ကဋ္ဌ ဦးခွန်ဦး က ပြောသည်။ အခန်း ၁၉ ခန်းနှင့် ပုဒ်မ ၈၉ခုပါဝင်သည့်ဆက်သွယ်ရေးဥပဒေ၌ ပြစ်ဒဏ် လျှော့ပေါ့ ထားသည့်အပြင် ရေးဆွဲထားသည့် အချက်အလက်များမှာလည်း ပြည့်စုံမှု ရှိကြောင်း အရပ်ဖက် အဖွဲ့အစည်းများက ဆိုသည်။ “တယ်လီကွန်း အော်ပရေတာတွေ အတွက်လည်း အရမ်းလို အပ်နေတယ်။ မျှော်လင့်နေတာတွေ ထွက်ရှိလာတော့ ကောင်းတာပေါ့။ ဒါပေမယ့် ကော်မရှင် ဖွဲ့ဖို့ဆိုတဲ့ နေရာမှာ မြန်မြန် ဖွဲ့စေချင်တယ်။ နှစ်နှစ်အတွင်းဆိုတာ များနေတယ်။ လွတ်လပ်ပြီး ပညာရှင်တွေ ပါတဲ့ ကော်မရှင်ကို မြန်မြန် ဖွဲ့စေချင်တယ်” ဟု Myanmar ICT Development Organization မှ ကိုနေဘုန်းလတ်က ပြောပြခဲ့ကြောင်း ၂၀၁၃ ခုနှစ် အောက်တိုဘာလ ၂၄ ရက်နေ့ထုတ် Internet ဂျာနယ်တွင် ဖော်ပြထားပါသည်။
No comments:
Post a Comment