Wednesday, October 23, 2013

ဓမ္မစေတီ ခေါင်းလောင်း စာတမ်းဖတ်ပွဲ တက်ရောက်လိုသူ စာရင်းပေးနိုင်

ဓမ္မစေတီခေါင်းလောင်း စာတမ်းဖတ်ပွဲ ကျင်းပမည် တက်ရောက်လေ့လာလိုသူများ စာရင်းပေးသွင်းနိုင်ပြီ လို့ Nge Lay က ဖေ့စ်ဘုတ်မှတဆင့် အသိပေး နှိုးဆော်ထားပါတယ်။
လွန်ခဲ့သော နှစ်ပေါင်း ၄ဝဝ ကျော် က ရွှေတိဂုံစေတီတော်ကြီးသို့ ဓမ္မစေတီ မင်းကြီး လှူဒါန်းခဲ့ပြီး အလေးချိန် ၁၈ဝဝဝဝ ပိဿာ ရှိသည်ဟုဆိုကြသော ဓမ္မစေ တီခေါင်းလောင်းကြီးနှင့်ပတ်သက်၍ စာတမ်းဖတ်ပွဲကို လာမည့် နိုဝင်ဘာလ ၉ ရက်နေ့ (စနေနေ့) နေ့လယ် ၁ နာရီ အချိန်တွင် ရန်ကုန်မြို့ မင်းရဲကျော်စွာလမ်းရှိ စက်မှုလက်မှုနှင့် ကုန်သည်ကြီးများအသင်း (UMFCCI) အစည်းအဝေးခန်းမတွင် ကျင်းပသွားမည် ဖြစ်ပါ သည်။ 

စာတမ်း ဖတ်ကြားမည့်သူများမှာ မောင်ဝင်းမောင်(တမ္ပဝတီ) နှင့် မောင်မြင့်သူ (တမ္ပဝတီ) တို့ဖြစ်ပြီး ဓမ္မစေတီခေါင်းလောင်းကြီးနှင့် ပတ်သက်၍ စာပေအထောက်အထား၊ ခေတ်ပြိုင်သမိုင်းအထောက်အထား၊ သိပ္ပံနည်းကျ အထောက်အထား၊ လက်တွေ့လုပ်ဆောင်မှု ကိုးကား ချက် အထောက်အထား၊ ဖြစ်ပျက်တည် ရှိနေသော အခြေအနေများကို အခြေခံသော အထောက်အထားများနှင့်တကွ တင်ပြဆွေးနွေးသွားမည် ဖြစ် ပါ သည်။ 

ဓမ္မစေတီခေါင်းလောင်းနှင့် ပတ်သက်ပြီး ၁၉၈၉ ခုနှစ်ခန့်ကတည်းက စာနယ်ဇင်းများတွင် စတင်ဖော်ပြ ခဲ့ကြပြီး နိုင်ငံတော်သို့လည်း အကြိမ်ကြိမ် တင်ပြခဲ့ကြ၊ ခွင့်ပြုချက်ဖြင့် ဆယ်ယူရန် အကြိမ်ကြိမ် ကြိုးပမ်း ခဲ့ကြ သည်။ 

ယနေ့မျက်မှောက်ခေတ်တွင်လည်း နိုင်ငံတော်သမ္မတထံ သို့လည်းကောင်း၊ ပြည်သူ့လွှတ်တော် အသီးသီး သို့လည်းကောင်း ဓမ္မစေတီခေါင်းလောင်းကြီး ဆယ်ယူရန် မကြာခဏ တင်ပြကြ တောင်းဆိုကြ သည် ကို တွေ့မြင်နေရပါသည်။ 

ပြီးခဲ့သည့် စက်တင်ဘာလအတွင်းက ကျင်းပခဲ့သော ပထမအကြိမ် ပြည်သူ့လွှတ်တော် သတ္တမ အစည်းအဝေး တွင်လည်း ထပ်မံတင်သွင်းခဲ့သည်ကို တွေ့မြင်ရပါသည်။ 

မကြာခင်ကာလတွင်လည်း ရန်ကုန်တိုင်း အစိုးရအဖွဲ့၏ ခွင့်ပြုချက်ဖြင့် ဆယ်ယူရန် စီစဉ်ဆောင်ရွက်နေ မှုများလည်း ရှိပါသည်။ 

ဓမ္မစေတီခေါင်းလောင်းဆယ်ယူရေး ပြဿနာမှာ ယနေ့အချိန်အထိ မတွေ့နိုင်သေးသော အဖြေမရှိ သည့် လုပ်ငန်းတစ်ရပ်အဖြစ် တည်ရှိနေဆဲ ဖြစ်သည်။ ယခုကျင်းပမည့် ဓမ္မစေတီခေါင်းလောင်း စာတမ်းဖတ်ပွဲ တွင် ဓမ္မစေတီခေါင်းလောင်း အမှန်တကယ် သွန်းလုပ်ခဲ့သလား၊ ရွှေတိဂုံ စေတီတော်တွင် အမှန်တကယ် လှူဒါန်းခဲ့သလား၊ အမှန်တကယ် လှူဒါန်းခဲ့ပါကလည်း ကြေးပိဿာချိန် တစ်သိန်းရှစ်သောင်း ရှိသည်ဆို သည်မှာ ဟုတ်ပါသလား၊ ဓမ္မစေတီခေါင်းလောင်းကို ပေါ်တူဂီလူမျိုး ငဇင်ကာက ဖြုတ်ယူသွားသည်ဆို သည့် အချက်ကကော သမိုင်းအထောက် အထားများအရ မှန်ကန်မှု ရှိနိုင်သလား အစရှိသည့် အငြင်း ပွားဖွယ်ရာ အချက်အလက်များကို ရှင်းလင်းတင်ပြသွားမည် ဖြစ်သည်။ 

ထို့ပြင် စာတမ်းဖတ်ပွဲအခမ်းအနားတွင် မြန်မာ့ရိုးရာ လက်မှုအနုပညာဖြစ်သော ကြေးသွန်းကြေးခတ် အတတ်ပညာမှ ခေါင်းလောင်း သွန်းလုပ်ခြင်း အနုပညာအကြောင်းကို မိတ်ဆက်တင်ပြပြီး ကြေးပိဿာချိန် ၅၅၅၅၅ ရှိသော မင်းကွန်းခေါင်းလောင်းကြီး သွန်းလုပ်ခဲ့ပုံ၊ ခေတ် သစ်တွင် ကြေးပိဿာချိန် တစ်သောင်း
ကျော်ရှိသော ခေါင်းလောင်းကြီး သွန်းလုပ်ပုံ ဗီဒီယိုတို့ကိုလည်း တင်ပြပေးသွားမည် ဖြစ်သည်။ 

အဆိုပါ ဓမ္မစေတီခေါင်းလောင်းစာတမ်းဖတ်ပွဲကို တက်ရောက်လိုသူများ၊ စိတ်ပါဝင်စားသူများ၊ ပါဝင်
ဆွေးနွေး လိုသူများအနေဖြင့် Novel Light Event Management အမှတ် ၁၃၄၊ လမ်း ၄ဝ၊ 
ကျောက်တံတားမြို့နယ်၊ တယ်လီဖုန်းအမှတ် ၃၉၁၁၈၆ နှင့် ၀၉၅ဝ၈ဝ၈၅ဝ၊ အီးမေးလ် novellight@gmail.com တို့သို့ လူကိုယ်တိုင်ဖြစ်စေ၊ တယ်လီဖုန်းဖြင့်ဖြစ်စေ၊ အီးမေးလ်ဖြင့်ဖြစ်စေ ၆၊ နိုဝင်ဘာ၊ ၂ဝ၁၃ နေ့ နောက်ဆုံးထားပြီး စာရင်းပေးသွင်းနိုင်ပါသည်။

No comments:

Post a Comment