Thursday, October 24, 2013

ဇာတ်ရုပ်ပီပြင်အောင် သရုပ်ဆောင်ရတာ ဖြစ်တဲ့အတွက် ခွင့်လွှတ်စေ ချင်တယ် ဆိုတဲ့ ဝါဝါအောင်

ဇာတ်ပို့တစ်ယောက်အနေနဲ့ ပီပြင်စွာ သရုပ်ဆောင်လေ့ရှိတဲ့ ဝါဝါ အောင်က ‘ကမ္ဘာထက်လည်တဲ့ဂျင်’ ဆိုတဲ့ ဇာတ်ကားမှာ လူလိမ်တစ်ယောက်အဖြစ် သရုပ်ဆောင် ထားပါတယ်။ဒီဇာတ်ကားမှာပရိသတ်တွေ 
 မြင်နေကျ အမေ၊ အဒေါ်ဇာတ်ရုပ်မဟုတ်ဘဲ အဝတ်အစားဒီဇိုင်းကအစ ပြောင်းလဲပြီး သရုပ်ဆောင် ထားတာကြောင့်..”ဒီကားမှာ က တော်တော်လေးလည်း လုပ်ခွင့်ရတယ်။ အန်တီဝါဆို ဇာတ်သိမ်းအထိကို ပါဝင်ခွင့်ရတယ်။ 
ဇာတ်လမ်း သဘောအရကို ဇာတ်ကောင်တစ်ခုစီကို လုပ်ခွင့်ပေးတာ  ။ ကျေနပ်ပါတယ်။ ခါတိုင်း ရိုက် နေကျဆို အမေခန်းတွေရိုက်တာများတယ်။ ရှုတင်မှာ မိုးလင်းကတည်းက ဆံထုံးတစ်ခါ ထုံးထားရင် အင်္ကျီလောက်ပဲလဲရတာ။ အခုကျတော့ ဆံပင်ကအစ အကောက်တွေလုပ်ရ၊ တစ် ဆင်း(န်) ပြီးတာနဲ့အင်္ကျီ လဲရင်း ဖန်စီဝတ်ထားတဲ့ပစ္စည်း တွေပါအကုန်လဲရတာ။ ကိုယ့်လုပ်ရိုး လုပ်စဉ် မဟုတ်ဘူး။ ခါတိုင်းဆို သိပ်အပြောင်းအလဲမရှိဘူး။ အလုပ်လေးနည်းနည်းရှုပ်တာပါ။ အိုက်တင်၊ သရုပ်ဆောင်ရတာက သိပ်တော့ မကွာပါဘူး။ 
အရင်တုန်းကလည်း ဒီလိုလုပ်ဖူးပေမယ့် ပန့် ပုံစံကိုပဲ မတူဘူးလေ။ပရိသတ်တွေမြင်နေကျ ပုံစံမဟုတ်ဘူး။ ဘောင်းဘီနဲ့ ဆံပင်ကအတွန့်နဲ့ ဆိုတော့ ပြောင်းမြင်ရမှာပေါ့။ အမြင်တစ်မျိုး ဆန်းသွားနိုင်တယ်။ အန်တီဝါ့ အသက်အရွယ်နဲ့ ကြည့်ရတာ ကလက်တဲ့ပုံစံမျိုးမြင်နေရင်လည်း ခွင့်လွှတ်ပါ။ အန်တီဝါရဲ့ ဇာတ်ကောင်ကို အတတ်နိုင်ဆုံးလုပ်ရတာပါ။ အပြစ်လို့ မမြင်ဘဲ အန်တီဝါရဲ့ သရုပ်ဆောင်မှုကို ကြည့်ပေးကြပါ” လို့ ပြောပြ ပါတယ်။ 
ဇာတ်ကား တွေကို ဆက်တိုက်ရိုက်ကူးသွားမယ့် ဝါဝါအောင်က လတ်တလောမှာ စိုင်းစိုင်းခမ်းလှိုင်၊ အိန္ဒြာကျော် ဇင်တို့နဲ့ ဇာတ်ကားရိုက်ကူးနေပါတယ်။

No comments:

Post a Comment