Tuesday, October 22, 2013

ဗုံးဖောက်ခွဲမှုများကို ကြိုးကိုင်သူ စောနေတိုးနှင့် အပေါင်းအပါများကို အစိုးရနှင့် KNU ပူးပေါင်းရှာဖွေ ဖော်ထုတ်အရေးယူမည်

ဗုံး ဖောက်ခွဲမှုများတွင် နောက်ကွယ် မှကြိုးကိုင်သူ စောနေတိုးအပါအ ဝင် အပေါင်းအပါများ ကို အစိုးရ နှင့် ပူးပေါင်း၍ရှာဖွေဖော်ထုတ် အရေးယူသွားမည်ဖြစ်ကြောင်း KNU ဗဟိုကော်မတီဝင် ပဒိုမန်း ငြိမ်းမောင် က ပြောသည်။ အောက်တိုဘာ၂ဝ ရက် က မြန်မာငြိမ်းချမ်းရေးစင်တာ တွင်ပြုလုပ်သည့် သတင်းစာရှင်း လင်းပွဲ၌ ယင်းကဲ့သို့ပြောကြားခဲ့ ခြင်းဖြစ်သည်။
ပဒိုမန်းငြိမ်းမောင်က''ဗုံးဖောက်ခွဲမှုဖြစ်စဉ်မှာ ပါတဲ့သူကို တရားမျှတစွာ စုံစမ်း ဖော် ထုတ် ပြီးတော့ တရားဥပဒေအရအရေး ယူသွားမယ်။ တစ်ချိန်တည်းမှာ ပဲ အာဏာပိုင်တွေနဲ့နိုင်ငံတော် အစိုးရနဲ့ ကျွန်တော်တို့ ပူးပေါင်း ပါဝင်ဖြေရှင်းသွားမယ်''ဟု ပြော သည်။
ယင်းကဲ့သို့ ဗုံးဖောက်ခွဲမှု များတွင် KNU နှင့်ပတ်သက်၍ တာဝန်ယူတာဝန်ခံမှုရှိ၍ စုံစမ်း ဖော်ထုတ်သွားမည်ဖြစ်ပြီး သံသ ယရှိသူ စောနေတိုးမှာ KNU ဗဟို မှမဟုတ်ဘဲ အောက်ခြေအဆင့် တာဝန်ရှိသူသာဖြစ်ကြောင်း လည်း ပဒို မန်းငြိမ်း မောင် ကပြော သည်။ ယင်းကဆက်လက်၍ ''သူ က ဒေသဆိုင်ရာအဆင့်ပဲရှိတယ်။ KNU ရဲ့ဖွဲ့စည်းပုံက အောက် ခြေအနိမ့်ဆုံးကမြို့နယ်၊ ပြီးမှ တပ်ရင်း၊ ခရိုင်၊ တပ်မဟာ၊ ဗဟို အဲလိုရှိတော့ သူက မြို့နယ်အ ဆင့်ပဲရှိတယ်။ အောက်ခြေ ပေါ့။ အောက်ခြေရဲ့ စီးပွားရေးတာဝန် ခံ။ KNU ဗဟိုရဲ့ စီးပွားရေးတာ ဝန်ခံမဟုတ်ဘူး။ စီးပွားရေးတာ ဝန်ခံဆိုတော့ စီးပွားရေးသမား တွေနဲ့ပေါင်းပြီးတော့ သူ့မှာနိုင်ငံ ရေးခေါင်းရှိချင်မှ ရှိမှာပေါ့။ ကိုယ် ကျိုးစီးပွားရေး ကလဲရှိ တော့ အ သုံးချခံရတာလဲ ဖြစ်မှာပေါ့။ KNU နဲ့တစ်စုံတစ်ရာပတ်သက်ရင် တာဝန်ယူတယ်။ တာဝန်ခံတယ် '' ဟု ယင်းကဆိုသည်။
ယင်းသို့နောက်ကွယ်မှ ကြိုး ကိုင်သည့်သူများကို ဖော်ထုတ်ရာ တွင် မည်သည့်အဖွဲ့အစည်းမဆို အပြီးအပြတ်ထိန်းချုပ်၍မရ ကြောင်း၊ ယခုအချိန်တွင် အဖွဲ့ အစည်းအသီးသီး၌ လက်ရှိနိုင် ငံရေးအလှည့်အပြောင်းကို ယုံ ကြည်လက်ခံ သူများရှိ သလို သံသ ယရှိပြီး လက်မခံသူများလည်းရှိ ကြောင်း၊ ယင်းမှာလည်း သဘာဝ ကျသည့်ကိစ္စဖြစ်ပြီး ယင်းတို့နှင့် ပတ်သက်၍ တစ်ဦးနှင့်တစ်ဦး ခွင့် လွှတ်သည်းခံခြင်းဖြင့် ရှေ့ခရီးကို ဆက်လက်သွားနိုင်ရန် KNU အ နေဖြင့်ခံယူ ထား ကြောင်း ပဒို မန်းငြိမ်းမောင်မှပြောသည်။
ပဒိုမန်းငြိမ်းမောင်က ''နိုင်ငံတော်အစိုးရတောင်မှ အ ကျင့်ပျက်ခြစားမှုတွေ တရားဥပ ဒေစိုးမိုးမှုတွေကို အခုထိလက် တွေ့အကောင်အထည် မဖော်နိုင် သေးဘူး။ ကျွန်တော်တို့အဖွဲ့အ စည်းမှာ ဗဟိုဦးစီးချုပ်ကိုင်မှုကို မနာခံတဲ့သူက အနည်း နဲ့ အများ ရှိ မှာပဲ။ ဒါကလဲ သဘာဝကျတယ် လို့ထင်တယ်။ ဘာဖြစ်လို့လဲဆို တော့ တိုင်းပြည်မှာ နှစ်ပေါင်း ၆၀ လောက် ပဋိပက္ခတွေဖြစ်တယ်။ ရှင်းရှင်းလင်းလင်းပြောရရင် သတ်နေကြတာ တိုင်းရင်းသား ညီအစ်ကိုအချင်းချင်း။ နှစ် ပေါင်း ၆ဝ လောက်ပဋိပက္ခကြီး က ရန်ငြိုးရန်စတွေ သံသယတွေ ကရှိကြမှာပဲ။ တစ်ဦးကိုတစ်ဦး ခွင့်လွှတ်ခြင်း၊ သည်းခံခြင်းနှင့် ရှေ့ ခရီးကို သွားနိုင်မယ်။ ကျွန်တော် တို့လဲ ဒီလိုပဲခံယူထားတယ်''ဟု ပြောသည်။
ပြီးခဲ့သည့် အောက်တိုဘာ ၉ရက်မှစတင်ကာ ရန်ကုန်၊ မန္တလေး၊ စစ်ကိုင်းနှင့် တောင်ငူ မြို့များတွင် ဗုံးပေါက်ကွဲမှု ၁၀ ကြိမ်ဖြစ် ပွားခဲ့ပြီး ပြည်သူနှစ်ဦး သေဆုံးခဲ့ပြီး သုံးဦးဒဏ်ရာရရှိခဲ့ ကာ ယခုအချိန်ထိတရားခံဟုယူ ဆရသူရှစ်ဦးကို ဖမ်းဆီး စစ်ဆေး လျက်ရှိကြောင်း သိရသည်။

No comments:

Post a Comment