ပြည်တွင်း၌ ဖြစ်ပွားခဲ့သည့် ဗုံးပေါက်ကွဲမှု ဖြစ်စဉ်များနှင့်
မပေါက်ကွဲသေးသော ဗုံးတွေ့ရှိ ခဲ့သည့် ဖြစ်စဉ်များ၌ ကျူးလွန်သူမှာ KNU
တပ်ဖွဲ့မှ ဖြစ်ကြောင်း ခိုင်လုံသော အထောက်အထားများ ရရှိနေပြီး
ကျူးလွန်ခဲ့သူ တစ်ဦးနှင့် ပတ်သက်သူတစ်ဦးကို ဖမ်းဆီး စစ်ဆေးနေကြောင်း
မြန်မာနိုင်ငံ ရဲ တပ်ဖွဲ့ဌာနချုပ်မှ ဒုတိယရဲမှူးကြီး မင်းအောင်က အောက်တိုဘာ
၁၆ ရက် ည ၉ နာရီ အချိန် တွင် ပြော ကြားသည်။
ရန်ကုန်မြို့တွင် ဖြစ်ပွားခဲ့သည့်ဗုံးပေါက်ကွဲသည့် ဖြစ်စဉ်နှင့်မပေါက်ကွဲသေးဘဲ တွေ့ရှိ ခဲ့ သည့် ဖြစ်စဉ် များမှ ကျူးလွန်သူကို အောက်တိုဘာ ၁၅
ရက် နံနက် ၇ နာရီခွဲအချိန်တွင် မွန်ပြည်နယ် ဖာပွန်ကား လမ်းတွင် ဖမ်းဆီး
ရမိခဲ့ကြောင်း၊ ယင်းသို့ ကျူးလွန်ခဲ့သူမှာ စောမြင့်လွင် အသက် (၂၇)နှစ်
ကရင် လူမျိုးဖြစ်ပြီး KNU တပ်ဖွဲ့ဝင် တစ်ဦးဖြစ်ကြောင်း သိရသည်။
"သူက KNU အဖွဲ့ကို ၀င်လိုက်ထွက်လိုက်ပါပဲ။ တပ်သားလို့တော့ ပြောလို့မရဘူး။ ဒါပေမဲ့ KNU အဖွဲ့မှာ လက်နက်မကိုင်ဆောင်ရတဲ့ ၀န်ထမ်းတစ်ဦးလို့ ပြောတယ်။ ဆက်စပ် စစ်ဆေးကြည့်တဲ့ အခါ မှာ သူက KNU ရဲ့ စီးပွားရေး လုပ်ငန်းတွေ လုပ်တဲ့အခါမှာ ဘာသာပြန်တဲ့ သူလို့လည်း ထွက် ဆိုထားပါတယ်။ ဒါကတော့ သူ့ဘက်က ပြောတာပဲ ရှိပါသေးတယ်"ဟု မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာန ချုပ်၊ လုံခြုံရေးဌာနမှ ဒုတိယရဲမှူးကြီး မင်းအောင်က ပြောကြားသည်။စောမြင့်လွင်၏ ထွက်ဆို ချက်နှင့် ပတ်သက်ပြီး KNU ဌာနချုပ်သို့ ဆက်သွယ် မေးမြန်းခဲ့ရာ စုံစမ်းမှုများအရ ၎င်းသည် KNU တပ်ဖွဲ့ဝင် မဟုတ်ကြောင်း KNU ၏ တွဲဖက်အတွင်းရေးမှူး-၁ ပဒိုသောသီဘွဲ့က The Daily Eleven သို့ ပြောကြားသည်။
"ကျွန်တော်တို့ သတင်းအရတော့ KNU လူဟောင်း တစ်ယောက်ဆိုတာ ဘယ်လိုမျိုးလဲပေါ့။ အခု လက်ရှိ ကာယကံရှင် လုပ်နေတဲ့ အလုပ်အရတော့ KNU မဟုတ်သေးဘူးလို့ ပြောလို့ရတာပေါ့။ လူဟောင်းလို့ ထွက်ဆိုတာတွေရှိတော့ သူပြောနေတဲ့ နေရာတွေကိုတော့ ကျွန်တော်တို့ စုံစမ်း ဆဲဖြစ် တယ်။ အခုထိ သိရတာတော့ လူဟောင်းလည်း မဟုတ်ဘူး"ဟု ပဒိုသောသီဘွဲ့က ဆိုသည်။ ထို့အပြင် ယခု ဗုံးပေါက်ကွဲရာ နေရာများသည် KNU တပ်ဖွဲ့ဝင်များ အလွယ်တကူ လွတ်လပ်စွာ သွားလာနိုင်သည့် နေရာများ မဟုတ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

ကျွန်တော်တို့ သတင်းအရတော့ KNU လူဟောင်းတစ်ယောက်ဆိုတာ ဘယ်လိုမျိုးလဲပေါ့။ အခုလက်ရှိ ကာယကံရှင်လုပ်နေတဲ့ အလုပ်အရတော့ KNU မဟုတ်သေးဘူးလို့ ပြောလို့ရတာပေါ့။ လူဟောင်းလို့ ထွက်ဆိုတာတွေရှိတော့သူပြောနေတဲ့နေရာတွေကိုတော့ ကျွန်တော်တို့ စုံစမ်းဆဲဖြစ်တယ်။ အခုထိသိရတာတော့ လူဟောင်းလည်း မဟုတ်ဘူး . . . . . |
"ကျွန်တော်တို့က တစ်ချိန်လုံး တွေ့ဆုံ ဆွေးနွေးရေး၊ ပြည်တွင်း
ငြိမ်းချမ်းရေးရှိဖို့တွေကိုတော့ လိုလို လားလားရှိတယ်ဗျ။ အဲ့လို
လိုလိုလားလားနဲ့ လုပ်ဆောင်နေတဲ့အတွက် ပြည်သူတချို့က လည်း ၀မ်းပန်းတသာနဲ့
ကြိုဆိုနေမှာပဲ။ အဲဒီ တွေ့ဆုံဆွေးနွေးတာ၊ ငြိမ်းချမ်းရေး
ဖော်ဆောင် တာတွေ ကတော့ သွားနေတဲ့ ဖြစ်စဉ်ပေါ့ဗျာ။ အားမလိုအားမရ
ဖြစ်တာလေးတွေတော့ ရှိတယ်။ သို့သော် ငြိမ်းချမ်းရေးကို အဖျက်အမှောင့်
လုပ်မယ့်သူ KNU ထဲမှာ မရှိဘူးလို့ ယုံကြည်ပါ တယ်။ နောက်ပြီး အခု
ပြည်တွင်းမှာ ဗုံးပေါက်နေတဲ့ နေရာတွေက KNU တွေ လက်လွတ်စပယ် သွားနိုင်တဲ့
နေရာမျိုး မဟုတ်ဘူးလို့ ယူဆတယ်။ KNU က မည်သူမဆို သွားလာတဲ့အခါမှာ
အထက် အရာရှိတွေကို အသိပေးပြီးမှ သွားလာ ကြတာပါ" ဟု ပဒိုသောသီဘွဲ့က
ပြောကြားသည်။
မြန်မာနိုင် ငံ ရဲတပ်ဖွဲ့ဌာနချုပ်မှ ဒုတိယ ရဲမှူးကြီး မင်းအောင်က
"ပြည်တွင်းမှာ ဖြစ်ပွားခဲ့တဲ့ ဗုံးပေါက်ကွဲမှု ဖြစ်စဉ်တွေကို ပြုလုပ်ခဲ့တဲ့
သူတွေကတော့ KNU တပ်ဖွဲ့ထဲကလို့ ပြောလို့ရပါပြီ။ သူတို့ဘက်ကတော့ ငြင်းချင်
ငြင်းမှာပေါ့။ ဒါပေမဲ့ ကျွန်တော်တို့ဆီမှာ သွားလာလှုပ်ရှားမှုတွေ၊ ဘယ်လို
လှုပ်ရှားခဲ့တာတွေ၊ သွားခဲ့တဲ့ လမ်းကြောင်းတွေ၊ ကားနံပါတ်တွေ၊ လူတွေကို
ခိုင်လုံတဲ့ အထောက်အထားတွေ၊ အပြည့်အစုံရရှိနေပါပြီ" ဟု အောက်တိုဘာ ၁၆ ရက် ည ၉
နာရီတွင် ပြော ကြားသည်။ထို့ပြင် မန္တလေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်း ဒေသကြီးအတွင်း
ဖြစ်ပွားခဲ့သော ဗုံးပေါက်ကွဲမှုဖြစ်စဉ်နှင့် မပေါက်ကွဲသေးသည့်
ဗုံးတွေ့ရှိခဲ့သော ဖြစ်စဉ်များမှ ကျူးလွန်သူမှာ KNU အဖွဲ့မှ
နေတိုးဆိုသူဖြစ်ပြီးယင်းအဖွဲ့တွင်ဗိုလ်အဆင့်အဖြစ်တာဝန်ထမ်းဆောင်နေသူ
ဖြစ်ကြောင်း ဒုတိယရဲမှူးကြီး မင်းအောင် က ပြောကြားသည်။
အဆိုပါ နေတိုးဆိုသူကို ဖမ်းဆီးရမိခြင်း မရှိသေးဘဲ ဗုံးဖောက်ခွဲရာတွင်
ယာဉ်မောင်းအဖြစ် လိုက် ပါ ဆောင်ရွက်ပေးခဲ့သူ ဇော်လတ်မောင် အသက် (၄၂)နှစ်
ဗမာ၊ ဗုဒ္ဓဘာသာကိုလည်း အောက်တို ဘာ ၁၆ ရက် ညနေ ၅ နာရီခွဲ အချိန်တွင်
ဘီလင်းမြို့နယ်အတွင်း ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
တောင်ငူမြို့တွင် ဗုံးပေါက်ကွဲမှုဖြစ်စဉ်မှ ကျူးလွန်သူကို
စုံစမ်းစစ်ဆေးနေဆဲဖြစ်ပြီး ပဲခူး တိုင်းဒေ သကြီး ဇေယျာဟိန်း
ယာဉ်လိုင်းပေါ်တွင် ဗုံးတွေ့ရှိမှု ဖြစ်စဉ်နှင့် ချမ်းမြေ့တည်းခို ရိပ်သာတွင်
ဖြစ် ပွား ခဲ့သည့် ဗုံးပေါက်ကွဲမှု ဖြစ်စဉ်များမှ ပြစ်မှုကျူးလွန်သူဟု
ယူဆရသူမှာ စောထွန်းထွန်း ဆို သူဖြစ်ကြောင်း ပြည်ထဲရေး ၀န်ကြီးဌာနမှ သိရသည်။
Eleven
No comments:
Post a Comment