Monday, October 21, 2013

ဗုံးခွဲမှု မူလတရားခံဖေါ်ထုတ်ရေး အစိုးရနဲ့ KNU ဆွေးနွေး

ပြီးခဲ့တဲ့ရက်ပိုင်းက ရန်ကုန်၊ မန္တလေး၊ တောင်ငူစတဲ့ မြို့ကြီးတွေမှာ ဖြစ်ပွားခဲ့တဲ့ ဗုံးဖောက် ခွဲ မူတွေရဲ့ အဓိကတရားခံကိုဖော်ထုတ်နိုင်ဖို့အတွက်
 ပြည်ထောင် စု အစိုးရအဖွဲ့နဲ့ KNU ကရင် အမျိုးသားအစည်းအရုံးကထိပ်တန်းခေါင်းဆောင်တွေ
ဟာ နေပြည်တော်မှာဒီနေ့ တွေ့ဆုံဆွေးနွေး ခဲ့ကြပါတယ်။
KNU နယ်မြေတွေထဲမှာ ဗုံးခွဲသမားတွေရှိနေရင် ဖမ်းဆီးပြီး အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်မယ်လို့ ကရင် အမျိုးသား အစည်းအရုံး ဗဟိုကော်မတီဝင် ပဒို မန်းငြိမ်းမောင်က ပြောပါတယ်။
“ဗုံးခွဲတဲ့သူနဲ့ပတ်သက်လို့ တချို့အထောက်အထားတွေ ကျနော်တို့ပေးပါတယ်၊ ပူးပေါင်းဆောင် ရွက်ဖို့ လည်း သဘောထားရှိပါတယ်၊ တချို့ရတဲ့အချက်အလက်တွေပေါ်မှာ ကျနော်တို့ဘက်က ကူညီနိုင်တာတွေရှိပါတယ်၊ဗုံးခွဲတဲ့သူ ကျနော်တို့နယ်မြေထဲမှာ ရှိနေတယ်ဆိုရင် အရေး ယူဆောင် ရွက်သွားမှာဖြစ်ပါတယ်”
ဗုံးဖောက်ခွဲမူတွေကို ကြိုးကိုင်နေသူလို့ အစိုးရက ကြေညာထားတဲ့ စောနေတိုးဟာ KNU တပ်မ ဟာ ၅ လက်အောက်ခံတပ်ရင်းရဲ့ ဒုတပ်ရင်းမှူး အဆင့်ရှိသူတစ်ဦးဖြစ်တယ်လို့ သိရပါတယ်။
ဗုံးပေါက်ကွဲမှုတွေကြောင့် KNU နဲ့ အစိုးရကြား ငြိမ်းချမ်းရေးတည်ဆောက်မှုလုပ်ငန်းစဉ် ထိခိုက် သွားမှာ မဟုတ်ဘူး ဆိုတာ နှစ်ဘက်လုံးကလက်ခံကြတယ်လို့ ပဒို မန်းငြိမ်းမောင်က ပြောပါတယ်။
“ကျနော်တို့ရဲ့ ငြိမ်းချမ်းရေးတည်ဆောက်မှုဟာ လုံးဝထိခိုက်မှုမဖြစ်ဘူးဆိုတာကို နှစ်ဦးနှစ်ဖက် လက်ခံ ပြီးတော့ ယုံကြည်ချက်အပြည့်အဝဖွင့်ပြပါတယ်၊ ရှုပ်ထွေးနေတဲ့ကာလကြီး မှာ နိုင် ငံတော်အစိုးရနဲ့ ကရင် အမျိုးသား အစည်းအရုံးရဲ့ ငြိမ်းချမ်းရေးခရီးစဉ်ဟာ ပိုမိုခိုင်မာတယ် ဆို တာ ကို လက်တွေ့ဖော်ပြတာ ပဲဖြစ် ပါတယ်”
ဒီနေ့ဆွေးနွေးပွဲကို ပြည်ထောင်စု အစိုးရဘက်က သမ္မတရုံး ပြည်ထောင်စု ဝန်ကြီးတွေဖြစ်တဲ့ ဦးစိုးသိန်း၊ ဦးအောင်မင်းနဲ့ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင် စု ဝန်ကြီး ဦးခင်ရီ၊ ကာ ကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း)က ဒုတိယဗိုလ်ချုပ်ကြီး သက်နိုင်ဝင်းတို့ တက်ရောက်ခဲ့ပြီး၊ ကရင်အမျိုးသား အစည်းအရုံး ဥက္ကဌ ဗိုလ်ချုပ်ကြီး မူတူးစေးဖိုးနဲ့ ကာကွယ်ရေး ဌာနကဗိုလ်မှူးကြီး စောရောဂျာခင်၊ဗိုလ်မှူးကြီးတူးတူးလေးနဲ့ဗဟိုကော်မတီဝင် ဖဒိုမန်းငြိမ်းမောင် တို့ တက်ရောက်ခဲ့ကြပါတယ်။
ဗုံးကွဲမှုတွေနဲ့ပတ်သက်ပြီး KNU ကရင်အမျိုးသား အစည်းအရုံး က တနင်္ဂနွေနေ့မှာ သတင်းစာရှင်းလင်း ပွဲ ခေါ်ယူကျင်းပမယ်လို့ သိရပါတယ်။

No comments:

Post a Comment