အမေရိကန်ရဲ့ ဖုန်းခိုးနားထောင်မှုကို ဖြေ ရှင်းချက်တောင်းတဲ့ 
ကမ္ဘာ့နိုင်ငံတွေအထဲမှာ အင်ဒိုနီးရှားနိုင်ငံ ကလည်း ပါဝင်လာပြီ 
ဖြစ် ပါတယ်။
အမေရိကန်နိုင်ငံဟာ သူတို့ရဲ့သံရုံးတွေ ကနေ တဆင့်လျှို့ဝှက်ထောက်လှမ်းမှုတွေလုပ်ဆောင် ခဲ့တယ်ဆိုတဲ့ သတင်းတွေထွက်ပေါ် လာ ပြီးနောက်ပိုင်း ဂျာကာတာ 
မြို့တော်အခြေစိုက် အမေရိကန်သံကိုယ်စားလှယ်ကို တရား ၀င် 
ဖြေရှင်း ချက်ပေးဖို့ အင်ဒိုနီးရှား အစိုးရက တောင်းဆိုလိုက်ပါတယ်။
ဒီကိစ္စတွေဟာ မှန်ကန်ခဲ့မယ်ဆိုရင် အမေရိကန်ရဲ့ လုပ်ရပ်ဟာ လုံခြုံရေး 
ချိုးဖောက်မှု၊ ကြီးမားတဲ့ သံတမန် ရေးဆိုင်ရာ ချိုးဖောက်မှု တွေ 
ဖြစ်တဲ့အတွက် မိတ်ဘက်နိုင်ငံများဆိုတဲ့ အချက်နဲ့ ကိုက်ညီမှု 
မရှိဘူးလို့ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး Marty Natalegawa က
 ထုတ်ဖော် ပြောဆိုခဲ့ပါတယ်။
ဝရမ်းပြေး အမေရိကန် ထောက်လှမ်းရေး ၀န်ထမ်းဟောင်း Edward Snowden ရဲ့ 
ထုတ်ဖော်မှုကို အခြေခံ ပြီး ကမ္ဘာ့သတင်းမီဒီယာတွေက အမေရိကန်ရဲ့ 
ဖုန်းကြားဖြတ် နားထောင်မှုအကြောင်း အကျယ်အ၀န့် ဖော်ပြခဲ့ကြတာဖြစ်ပြီး သြစတြေးလျနိုင်ငံ ထုတ် Sydney Morning Herald 
 သတင်းစာရဲ့ အဆိုအရ အရှေ့နဲ့ အရှေ့တောင်အာရှနိုင်ငံတွေမှာ အမေရိကန်က 
စောင့် ကြပ်ထောက် လှမ်းရေး ပစ္စည်းကိရိယာတွေ ထားရှိ တယ်လို့ ဆိုပါတယ်။
အဲဒီမြေပုံမှာ  အမေရိကန်က 
စောင့်ကြပ်ထောက်လှမ်းရေး ပစ္စည်းကိရိယာ ထားရှိတဲ့ နေရာ ၉၀ ကို ပြသတဲ့ 
လျှို့ဝှက် မြေပုံတခုကို ဂျာမနီ သတင်းမီဒီယာ Der Spiegel က ဖော်ပြခဲ့ပါတယ်။
အဲဒီနေရာ ၉၀ ထဲမှာ Indonesia, Malaysia, Thailand, Cambodia နဲ့ Myanmar နိုင်ငံလည်း အပါအ၀င် ဖြစ်ပါတယ်။ဒါပေမယ့်လည်း အမေရိကန်ရဲ့ အထူးမိတ်ဖက်နိုင်ငံတွေဖြစ် တဲ့ Australia, New
 Zealand, Britain, Japan နဲ့ Singapore တွေကတော့ မပါဝင်ဘူးလို့ 
သိရပါတယ်။
တခြားဖြစ်ရပ်တခုမှာတော့ အမေရိကန်အမျိုးသားလုံခြုံရေးအေဂျင်စီဟာ 
ကမ္ဘာ့ကုလသမဂ္ဂရဲ့ လုံခြုံရေး ကွန်ယက်ထဲကို 
ချိုးဖောက်ဝင်ရောက် ထောက်လှမ်းမှုတွေရှိခဲ့တယ်လို့ 
သတင်းတွေထွက်ပေါ်လာပြီးနောက်
ပိုင်းမှာတော့ ကုလသမဂ္ဂကို လျှို့ဝှက်ထောက်လှမ်းမှု 
လုပ်မနေသလို နောက်လည်း လုပ်ဖို့ အစီအစဉ် မရှိဘူးလို့ အမေရိကန် 
အစိုးရက ပြောကြားလိုက်ပါတယ်။
ABC

 
No comments:
Post a Comment