Saturday, October 19, 2013

အမေရိကန် ဂျွန်ဟော့ကင်း တက္ကသိုလ်နှင့် ပူးပေါင်း၍ တက္ကသိုလ် ပညာရေး အဆင့်မြှင့်တင်မှု လုပ်ငန်းများ ဆက်လက် ဆောင်ရွက်မည်

အမေရိကန်နိုင်ငံ ဂျွန်ဟော့ကင်း တက္ကသိုလ်နှင့်  မြန်မာ တက္ကသိုလ်များ ပူးပေါင်း၍ တက္ကသိုလ်အဆင့် ပညာရေး အဆင့်အတန်း မြှင့်တင်ရေး လုပ်ငန်းများကို ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
အဆင့်မြင့် ပညာကဏ္ဍ ပညာရေး အဆင့်အတန်းများ ကို မြန်မာတက္ကသိုလ်များနှင့် နိုင်ငံတကာ တက္ကသိုလ်များ ပူးပေါင်းဆောင်ရွက် လျက်ရှိရာ ဒုတိယအကြိမ်မြောက်အဖြစ် အမေရိကန်နိုင်ငံ Johns Hopkins University School of Medicine (SOM) နှင့် Bloomberg School of Public Health (SPH) တို့မှ Workshop on Reproductive Health ခေါင်း စဉ်ဖြင့်အောက်တိုဘာ ၂၁ ရက်တွင် ရန်ကုန်တက္ကသိုလ်ဝင်း အတွင်း ဖွင့်လှစ်ထားသည့် ICOE ဌာန၌ လာရောက် ပို့ချမည်ဖြစ်သည်။

အမေရိကန်နိုင်ငံ ဂျွန်ဟော့ကင်း တက္ကသိုလ်၊ဲJohns Hopkins University, Perdana University Graduate School of Medicine(PUGSOM) နှင့် ပူးပေါင်း၍ ခေတ်မီ ဆေးပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်သည့် အလုပ်ရုံ ဆွေးနွေးပွဲများအား ပထမဦးဆုံးအဖြစ် စက်တင်ဘာ ၃၀ ရက်မှအောက်တိုဘာ ၁ ရက်အထိ ပြုလုပ်ခဲ့သည်။

အဆိုပါ ဆွေးနွေးပွဲတွင် Johns Hovpkins School of Medicine၊ Perdana University Graduate School of Medicine၊ Pulmonary and Critical Care Medicine စသည့် အဖွဲ့အစည်းများနှင့် ဆေးတက္ကသိုလ် (၁)၊ဆေးတက္ကသိုလ် (၂)၊ သူနာပြုတက္ကသိုလ်၊ တပ်မတော် ဆေးတက္ကသိုလ်၊ တပ်မတော် သူနာပြုတက္ကသိုလ်၊ ရန်ကုန် အနောက်ပိုင်းဆေးရုံ၊ အလုပ်သမားဆေးရုံ၊ အင်းစိန်ဆေးရုံ၊ မင်္ဂလာဒုံဆေးရုံ၊ စံပြဆေးရုံကြီး၊အောင်ရတနာဆေးရုံ၊ အာရှတော်ဝင်ဆေးရုံ၊ ၀ိတိုရိယဆေးရုံ၊ ဆာကူရာဆေးရုံ၊ ဗဟိုစည်ဆေးရုံ၊ မဟာ မြိုင်ဆေးရုံ၊ ပန်းလှိုင်ဆေးရုံ၊မြန်မာနိုင်ငံ ဆရာဝန်အသင်း၊ မြန်မာနိုင်ငံဆေး ပညာကောင်စီ၊ မြန်မာနိုင်ငံဆေးဝါးပညာရှင်များ အသင်းနှင့် ပါမောက္ခချုပ် စသူတို့ တက်ရောက်၍ ပညာရပ်ဆိုင်ရာများ အပြန်အလှန် ဆွေးနွေးခဲ့သည်။

No comments:

Post a Comment