Friday, May 3, 2013

နေမျိုးဇင် ထောင် သုံးလ ကျမှု လူထုဝမ်းသာ

 ဧရာဝတီတိုင်း၊ ပန်းတနော်မြို့နယ်၊ အောက်ကဇင်းကျေးရွာ တွင် လယ်သမားများနှင့် တွေ့ဆုံ ဆွေးနွေးရာ၌ရဲတပ်ဖွဲ့အပေါ်စော်ကားပုတ်ခတ်မှုများ ပြုလုပ်ခဲ့သည့် နေမျိုးဇင်၏ အမှုအား ယနေ့ တွင်ပန်းတနော်တရားရုံးမှအမိန့်ချမှတ်လိုက်ပါသည်။တရားရုံးမှအမိန့်ချမှတ်ခဲ့မှုတွင်နေမျိုးဇင်အား  ဒဏ်ငွေ၂ သောင်း(သို့မဟုတ်)ထောင်ဒဏ်၃လကျခံစေဟု အမိန့်ချမှတ်ခဲ့ပြီး နေမျိုးဇင်မှ ထောင်ဒ ဏ် ၃ လကို ရွေးချယ် ခဲ့သည့် အတွက် ယခု မအူပင် အကျဉ်းထောင်သို့ ပို့ဆောင်လိုက်ကြောင်း သိရသည်။
ထိုသို့ ပို့ဆောင်ရာတွင်လက်ပြန်ကြိုးတုတ်ပြီးသံခြေကျင်းခတ်ကာထောင်သားတို့၏ပုံစံအတိုင်း ခေါ် သွားခြင်းဖြစ်ပြီးထိုဖြစ်ရပ်အတွက်“ အရင်တုန်းက သူ့ကိုယ်သူရိုက်ခိုင်းပြီး တင်တဲ့ ဗီဒီယို ရှိ တယ်။ ရဲ တစ်ယောက် လက်ထိပ်ခတ်တော့ ငါ့လက်နာနေပြီကွ ဆိုပြီး ငိုသံပါကြီးနဲ့ပြောတာ။ အခုတော့ ဘယ်လိုမျက်နှာနဲ့ပါသွားလဲမသိဘူး”ဟု ၄င်း၏ လက်ထိပ်ခတ်တုန်းက ငိုသံနဲ့ပြောဆိုခဲ့သည့် ဗီဒီယို အား ကြည့်ခဲ့ သူ ၁ ဦးက ဆိုသည်။
ဗိုလ်ကြီးဟောင်းအမည်ခံနေမျိုးဇင်၏ထောင်ဒဏ်၃ လ အား ရွေးသည့် အကြောင်းနှင့် စပ်လျှဉ်းပြီး မေးမြန်းရာ“ဒဏ်ငွေ၂သောင်းဆောင်လိုက်လို့ဘာအကျိုးမှမရှိဘူး။ထောင်ထဲဝင်လိုက်ရင်အလုပ်လဲ လုပ်စရာမလို၊အထောက်အပံ့တွေကလည်းရ၊မီဒီယာတွေဝိုင်းဖွရင်နာမည်ကြီးပြီးဆုရနိုင်တာပေါ့ ” ဟု အချို့က ဆိုပါ သည်။ အချို့သူများကတော့ “ အခုက ထောင်ကျရင် ပျော်တဲ့ခေတ် ရောက် နေပြီ။နော်အုံးလှတို့ ၊ရဲမင်းဦး တို့ ၈၈ တို့ ၊ အကုန်လုံးက ဖမ်းပါစေ ထောင်ချပါစေ ဆိုပြီး အတင်း အမှုရှာနေကြတာ။ နေမျိုးဇင် ကတော့ အကြိုက် ဖြစ် သွားတာပေါ့၊ ဒါပေမယ့် သူသိပ်ကံ ကောင်း မယ် မထင်ဘူး  ”ဟု ဆိုပါ သည်။
ပြည်သူလူထုမှ ထိုသို့ ဆိုကြသော်လည်း နေမျိုးဇင်၏ ညီဖြစ်သူ ခင်မောင်ဌေးဟု အမည်ရှိသူ မှ “ပြည် သူတွေ အားလုံး ၀ိုင်းပြီး တောင်းဆိုဖို့ ကျွန်တော့်အစ်ကိုက မှာခဲ့ပါတယ်။” ဟု ပြောခဲ့သည်။
နေမျိုးဇင်သည် ရဲတပ်ဖွဲ့ဝင်များကို အကြိမ်ကြိမ် စော်ကားခြင်း၊ ပါးစပ် စည်းကမ်းမရှိခြင်းနှင့် ၄င်း ၏ အသက် ထက် ၀က် ငယ်သော အရာရှိငယ် တစ်ဦး၏ ဓာတ်ပုံကို အသုံးပြုပြီး တိုက်ခိုက် ပြော ဆို ခဲ့ခြင်း တို့ကြောင့် မြန် မာ့ တပ်မတော် အရာရှိများ၏ အမြင်မကြည်မှုကို ခံရကာ၊ ပြည်သူ အများစု ကလည်း နှစ်သက်လက် ခံခြင်း မရှိပေ။
Lu Zoe Mg Mg  မင်္ဂလာရှိတဲ့ သတင်းပါ။ ၃ လ လောက်တော့ မျက်စိနောက်သက်သာသွားပြီ။ ထောင်ထဲမှာ ထပ်မမွှေဖို့ပဲ ထိန်းရမှာ။
Zaw Gyi သေဒဏ်ပေးလိုက်ပါလါးးးမြန်မာပြည်ကိုချောက်ထဲတွန်းချနေတဲ့ ရာသက်ပန်ဗိုလ်ကြီးး ဟောင်းကို ----ဒါမှမဟုတ်ဆေးးထိုးပီးးသတ်လိုက်
မိုထက် ကင်း ဒဏ်ငွေမဆောင်ပဲ...ထောင်ကျခံတယ်ဆိုတော့..ထောင်ထဲကအနေအစားပိုချောင်လို့ ထင်တယ်
Aye Thu နံမည်ကြီချင်တာ
 HtinaungLattထပ်ခါထပ်ခါlikeလို့ရလား.....ဟိဟိ....ဘာရယ်တော့မဟုတ်ပါဘူး....စောက်မြင် ကပ် လို့  ပါ.......
 KyawKyaw Soe  တပ်ထွက် NLD လုပ် တပ်နှင့်ရဲကို အပြစ်ပြောတဲ့ သူ သစ္စဖောက်ကိုထောင်ကို ပို့ လိုက်ပြီ ထောင်ပိုင်ကြီး ရေ တန်းစီးကို လက်တို့ပေးဖိုပဲကျန်တော့တယ် လှော်လိုက်တော့ဟေ့ အတော်ပဲ့တဲ့ လူ
ZawMyoThwinတပ်မတော်ကမင်းလိုလူကိုမွေးထုတ်ပေးတာဝမ်းနည်းတယ်ကွာမင်းသစ္စာဆိုခဲ့တာ စူးလိမ့်မယ်ကွ
 Moe Myint သေလိုက်ကြည့်မရတာကြာပြီ ခုအေးရောသုံးလမဟုတ်ဘူး သုံးနှစ်လောက်ဖြစ်ရ မှာ
 Sayar Rapper     ဝမ်းသာလွန်းလို့ ထပ်ခါထပ်ခါ like လို့ရရင်ကောင်းမယ်
Ko Paing  Very goooood...
Winmin Thein  နည်းလိုက်တာ သူများကို ပြသနာတက်အောင် လိုက်ဖွတဲ့သူကဒီလောက်ပဲလား
 Htinlin Htike အေးကောင်းတယ်ကွ

 .. www.MyanmarExpress.net
 

No comments:

Post a Comment