Friday, May 24, 2013

****မြန်မာ အမျိုးသမီးဘောလုံး အသင်းမှ ပါလက်စတိုင်းကို (၉) ဂိုးပြတ် အနိုင်ရရှိခဲ့ *****

ပါလက်စတိုင်းကို(၉)ဂိုးပြတ်နဲ့ မြန်
မာအမျိုးသမီး ဘောလုံးအသင်းက
 နိုင်ခဲ့ကြောင်းသိရပါတယ်။(၆)ဂိုး
 ပြတ်အနိုင်ရအောင်လုပ်မယ်လို့ 
 ပြောတုန်းက ကြွားတယ် ထင်ခဲ့ပေ မယ့် တကယ်ဖြစ်လာပါတယ်။
ပါလက်စတိုင်းကို (၉)ဂိုးပြတ် သွင်း ယူခဲ့ သူများ
========================
ရီရီဦး(၂၄၊၇၄၊၊၈၀၊၈၅၊၈၈)
မာဂရက်မေရီ(၆၇)ခင်မိုးဝေ (၂၁၊၂၆)မြင့်မြင့်အေး(၇၆)
မြန်မာအသင်းသည် အာရှဖလား ခြေစစ်ပွဲတွင် အုပ်စု(ဃ)၌ အိမ်ရှင် ပါလက်စတိုင်း၊ အိန္ဒိယ၊ တရုတ် (တိုင်ပေ) အမျိုးသမီး အသင်းများနှင့် ကျရောက်လျှက် ရှိရာ အဖွင့်ပွဲတွင် အိန္ဒိယ အသင်းကို ဂိုးပြတ် အနိုင်ကစားပြီး အခြေအနေ ကောင်းလျှက်ရှိသည်။ အုပ်စုတွင်း ပြိုင်ဘက် ဖြစ်သည့် တရုတ် (တိုင်ပေ) အသင်းမှာလည်း အဖွင့်ပွဲတွင် အိမ်ရှင် ပါလက်စတိုင်းကို (၆-၀)ဂိုးဖြင့် အနိုင်ကစားခဲ့ ရာ မြန်မာအသင်း အနေဖြင့် အုပ်စုဗိုလ် နေရာကို ရယူလိုပါက ဒုတိယပွဲဖြစ်သည့် ပါလက်စတိုင်းနှင့် ပွဲတွင် အနည်းဆုံး (၆)ဂိုးနှင့် အထက် သွင်းယူရမည် ဖြစ်သည်။ ထို့ကြောင့် မြန်မာ အမျိုးသမီး လက်ရွေးစင် အသင်းနည်းပြချုပ် ကုမာဒါက "ပထမပွဲမှာ တရုတ်(တိုင်ပေ)က (၆)ဂိုးပြတ်နဲ့ ပါလက်စ တိုင်းကို နိုင်ထားတယ်။  ဂိုးများများ ရထားဖို့လိုတယ်။ နောက်ဆုံးပွဲစဉ် ဖြစ်တဲ့ တရုတ်(တိုင်ပေ)နဲ့ ပွဲကိုလည်းအနိုင်ကစားမှာပါ။ဒါပေမဲ့ဒီအုပ်စုမှာအဓိကပြိုင်ဘက်ဖြစ်တဲ့တိုင်ပေထက်  လောလောဆယ် ရဂိုးပိုများဖို့ လိုပါတယ်"ဟု မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ၀က်ဘ်ဆိုက် ဖြစ်သည့် themff.org သို့ ပြောကြားခဲ့ကြောင်း သိရသည်။
themff.org ၏ ဖော်ပြချက်အရ မြန်မာအသင်းနှင့် အုပ်စုနောက်ဆုံး ပွဲတွင် တွေ့ဆုံရမည့် တရုတ်(တိုင်ပေ) အသင်းမှာ မြန်မာအသင်းနှင့် တွေ့ဆုံမည် အုပ်စုနောက်ဆုံးပွဲကို ရှေ့(၁)ရက်တိုး ကစားပေးရန် လာရောက် ညှိနှိုင်းခဲ့ကြောင်း သိရသည်။ ခြေစစ်ပွဲအောင်ရန် ရေပန်းစားနေသည့် တရုတ်(တိုင်ပေ) အသင်းအနေဖြင့် နေရပ်သို့ စောစီးစွာ ပြန်လိုသဖြင့် လာရောက် ညှိနှိုင်းခဲ့ခြင်း ဖြစ်ရာ လက်ခံလိုက်ပါက ပွဲ(၂)ပွဲကို ဆက်တိုက် ကစားရပြီး မြန်မာအသင်းအတွက် ပွဲပန်းမည် ဖြစ်ကာ အရေးကြီးသည့် ရလဒ်များလည်း အပြောင်းအလဲ ဖြစ်သွားနိုင် သောကြောင့် အသင်းတာဝန်ရှိသူများက လက်မခံဘဲ ငြင်းဆိုလိုက်ကြောင်း သိရသည်။
OE-

No comments:

Post a Comment