Friday, May 17, 2013

အမေရိကန် သမ္မတ အိမ်ဖြူတော်က ဘားမားအစား မြန်မာနိုင်ငံလို့ စတင်သုံးနှုံး

From : ..rfa
  အမေရိကန် သမ္မတ အိမ်ဖြူတော်
က ဘားမားအစား မြန်မာနိုင်ငံလို့ 
စတင်သုံးနှုံး လိုက်ပါတယ်။
အမေရိကန် သမ္မတ အိုမားမားဟာ ဧည့်သည်တော် သမ္မတ ဦးသိန်းစိန် ကို မေလ (၂၀) ရက် တနင်္လာနေ့မှာ အိမ်ဖြူတော်မှာ ကြိုဆိုတွေ့ဆုံမှာဖြစ်ကြောင်း အိမ်ဖြူတော်က မနေ့က ကြေညာချက် ထုတ်ပြန် ပါတယ်။
ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလက သမ္မတ အိုဘားမား မြန်မာနိုင်ငံကို သွားရောက်ခဲ့ပြီးတဲ့နောက်၊ ဦးသိန်းစိန်အစိုးရက ဒေါ်အောင်ဆန်းစုကြည်၊ အရပ်ဘက်အဖွဲ့အစည်းေ တွ၊ နိုင်ငံတကာအသိုင်း အဝိုင်းနဲ့ အနီးကပ် ပူးပေါင်း ဆောင်ရွက်နေတဲ့အပေါ် အမေရိကန်အစိုးရက ဆက်လက် ထောက်ခံ အားပေးနေခဲ့ကြောင်း၊ သမ္မတ အိုဘားမား အနေနဲ့ ဦးသိန်းစိန်နဲ့တွေ့ဆုံတဲ့အခါ  မြန်မာနိုင်ငံတွင်း ဒီမိုကရေစီ တိုးတက်ဖွံ့ဖြိုးရေး၊ ဘာသာရေးနဲ့ လူမျိုးစု ပဋိပက္ခတွေ၊  ပြည်သူတွေအတွက် စီးပွားရေးအခွင့်အလမ်းစတဲ့ ဖြေရှင်းဆောင်ရွက်ရဦးမယ့် ပြဿနာတွေ အကြောင်း ဆွေးနွေး မယ့်အပြင်၊ အမေရိကန်ပြည်ထောင်စုဘက်က အကူအညီတွေဘယ်လိုပေးနိုင်မလဲဆိုတာ ရှာကြံ သွားမှာဖြစ်ကြောင်း ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။
မနေ့ ထုတ်ပြန်ခဲ့တဲ့ အဲဒီ ကြေညာချက်မှာ ခါတိုင်းလို ဘားမားလို့ မသုံးစွဲဘဲ မြန်မာ နိုင်ငံတော် သမ္မတလို့ ဖေါ်ပြခဲ့ပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီးအိမ်ဖြူတော် ပြောခွင့်ရအမျိုးသမီးCaitlinHaydenကအမေရိကန်  ပြည်ထောင်စု အနေနဲ့Myanmarကိုအခြေအနေကိုလိုက်ပြီးအကန့်အသတ်နဲ့စတင်သုံးစွဲနေပါပြီ၊ ပြု ပြင်ပြောင်းလဲရေးတွေ အားစိုက်ဆောင်ရွက်နေတဲ့ အစိုးရတစ်ရပ်အပေါ် လေးစားသမှု ပြသတာဟာ မိမိတို့ အနေ နဲ့အားပေးထောက်ခံနေတယ်၊ ကူညီဖို့ ဆန္ဒရှိတယ်ဆိုတဲ့ သင်္ကေတ လက္ခဏာ ပါပဲလို့ ပြောကြားခဲ့ ပါတယ်။

No comments:

Post a Comment