Wednesday, May 29, 2013

အမြန်လမ်းမပေါ်၌ သတ်မှတ် မိုင်နှုန်းထက် ပိုမောင်းသော ယာဉ်အစီး ဂ၀ဝ ကျော်ရှိ

ရန်ကုန်  မေ ၂၈
ရန်ကုန်-မန္တလေး အမြန်လမ်းမပေါ်၌ သတ်မှတ် မိုင်နှုန်းထက် ပိုမိုမောင်းနှင်သောယာဉ် ဖမ်းဆီးရမှု အရေအ တွက်နှစ်လ အတွင်း ၈ဝဝ ကျော်ရှိပြီး အများစုမှာ အိမ်စီးကားများ ဖြစ်ကြောင်း အမြန် လမ်းမကြီး ရဲတပ်ဖွဲ့မှ သိရသည်။
သတ်မှတ် မိုင်နှုန်းထက် ပိုမိုမောင်းနှင်သော ယာဉ်များကို ဧပြီ ၁ ရက်မှ စတင် ဖမ်းဆီးခဲ့ခြင်း ဖြစ်ပြီး ဖမ်းဆီး ခဲ့သည့် အကြိမ် (၂၇) ကြိမ် ရှိပြီဖြစ်ကြောင်း၊ သတ်မှတ် မိုင်နှုန်းထက် ပိုမို မောင်းနှင်သော ယာဉ်များကို မောင်းနှင်သူများမှာ အများအားဖြင့် အသက် ၃ဝ ကျော်အရွယ် ယောက်ျားေ လး များ ဖြစ်ကြောင်း သိရသည်။
သတ်မှတ် မိုင်နှုန်းထက် ပိုမိုမောင်းနှင်သော ယာဉ်များကို ယာဉ်စည်းကမ်း ဥပဒေအရ ဒဏ်ငွေ ငွေ ကျပ် ၃ဝဝဝဝ မှ ၅ဝဝဝဝ အထိ ဒဏ်ရိုက်နိုင်ကြောင်း သိရသည်။
အမြန်လမ်းမကြီးရဲတပ်ဖွဲ့အနေဖြင့်သတ်မှတ်မိုင်နှုန်းထက်ပိုမိုမောင်းနှင်သောယာဉ်များကိုပညာပေး ကာလ အဖြစ် ဖေဖော်ဝါရီလမှ မတ်လကုန်အထိ ပြုလုပ်ခဲ့သည်ဟုသိရသည်။ အမြန်လမ်း မကြီးမှာ ကွန်ကရစ် လမ်း ဖြစ်သောကြောင့် သဲများ လမ်းပေါ်ရောက်လျှင် စလစ်ဖြစ်တတ်သဖြင့် ကားကီ လိုမီတာကို မကြာခဏ ပြန်ကြည့် သင့်ကြောင်း ခရီးသွား တစ်ဦးက ဆိုသည်။

No comments:

Post a Comment