ယခုလာမည့် ၂၀၁၃-၁၄ ပညာသင်နှစ်မှစတင်ကာ အခြေခံ ပညာ ကျောင်းများတွင် စိုက်ပျိုးရေး ဘာသာရပ်အား တွဲဖက် သင်ရိုးဝင်ဘာသာရပ်အဖြစ်သင်ကြားပေးနိုင်ရန်စီစဉ်
ထားကြောင်း ပညာရေး ၀န်ကြီးဌာနမှ သိရသည်။
ထို့ပြင် တစ်နိုင်ငံလုံး အတိုင်းအတာအရ အခြေခံ
ပညာကျောင်းများတွင် ကွန်ပျူတာအိုင်စီတီ ဘာသာရပ်များ ၊ လူ့အခွင့်အရေးနှင့်
သက်ဆိုင်သည့် ဘာသာရပ်များအား တွဲဖက်သင်ရိုးဝင် ဘာသာရပ် များအဖြစ်
သင်ကြားပေးနိုင်ရန် စီစဉ်လျက်ရှိနေကြောင်း သိရ သည်။ အခြေခံပညာကဏ္ဍ၌
တွဲဖက် သင်ရိုးဝင် ဘာသာရပ်များအဖြစ် မူလတန်းအဆင့်တွင် ကာယပညာ၊ ရသပညာနှင့်
ကျောင်း လုပ်ငန်းဆောင်ရွက်မှု၊ အလယ်တန်းအဆင့်တွင် စာရိတ္တနှင့် လောကနီတိ၊
ဘ၀တွက်တာ ကျွမ်းကျင်စရာ၊ ကာယပညာ၊ အိမ်တွင်းမှု၊ ရသပညာ၊ ကျောင်းလုပ်ငန်း
ဆောင်ရွက်မှုနှင့် သက်မွေးပညာ စသည်တို့ကို သင်ကြားရန် ပြဋ္ဌာန်းထားသည်။
No comments:
Post a Comment