Saturday, May 25, 2013

ရှားပါးမျိုးနွယ်ဝင် ဧရာဝတီလင်းပိုင် သုံးကောင်ပေါက်ဖွားမှု မိုးဦးကာလ သားပေါက်ရာသီတွင် ပထမဆုံး တွေ့ရှိ

Photo: ရှားပါးမျိုးနွယ်ဝင် ဧရာဝတီလင်းပိုင် သုံးကောင်ပေါက်ဖွားမှု မိုးဦးကာလ သားပေါက်ရာသီတွင် ပထမဆုံး တွေ့ရှိ

ဧရာဝတီလင်းပိုင် ထိန်းသိမ်းရေး ဧရိယာအတွင်း၌ မေလဆန်းပိုင်းက သားပေါက်ကောင်ရေ သုံးကောင် ပေါက်ဖွားခဲ့ကြောင်း သိရပြီး မိုးဦးကျကာလ သားပေါက်ရာသီတွင် ပထမဆုံးအကြိမ် တွေ့ရှိမှတ်တမ်းတင် နိုင်ခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

ယင်းသို့ လင်းပိုင်သားပေါက် သုံးကောင်ကို တစ်လလျှင် နှစ်ကြိမ်ပြုလုပ်လျက်ရှိသော ပုံမှန်လေ့လာမှု ခရီးစဉ်၌ တွေ့ရှိခဲ့ခြင်းဖြစ်ပြီး လက်ရှိအချိန်တွင် ဧရာဝတီလင်းပိုင် အုပ်စုလိုက်မှာ မြစ်ကမ်းကြီးနှင့် ကမ်းဗြူအကြားတွင် ကျက်စားလျက်ရှိသည်။

''မေလဆန်း လေ့လာမှု ခရီးစဉ်တုန်းက ပေါက်ဖွားတာ မတွေ့ခဲ့ရဘူး။ မေ ၁၈ ရက် ခရီးစဉ်မှာတော့ ဆယ်ရက်သားလောက် အကောင်ပေါက် သုံးကောင်နဲ့ ၁၄ ကောင်ရှိတဲ့ လင်းပိုင်အုပ် တွေ့ရတယ်။ လင်းပိုင်း ပေါက်ဖွားတဲ့အချိန်က ဆောင်းတွင်းနဲ့ မိုးဦးကျကာလလို့ သတ်မှတ်ထားပြီး ကျွန်တော်တို့ လေ့လာမှတ်တမ်း တင်နိုင်ခဲ့တာ။ ဒီဇင်ဘာလ အတွင်းမှာ နှစ်ကြိမ်ရှိခဲ့တယ်။ မိုးဦးကျကာလ သားပေါက်ရာသီမှာ အခု ပထမဆုံး မှတ်တမ်းတင်နိုင်တာပါ'' ဟု ဧရာဝတီလင်းပိုင် ထိန်းသိမ်းရေး တာဝန်ခံ တစ်ဦးဖြစ်သူ ဦးဟန်ဝင်း (မျိုးသုဉ်း/ရှားပါး)က ပြောကြားသည်။

မင်းကွန်း-ကျောက်မြောင်းကြား ဧရာဝတီလင်းပိုင် ထိန်းသိမ်းရေး ဧရိယာအတွင်း၌ ၂၀၀၈ ခုနှစ် ၀န်းကျင်က လင်းပိုင်ကောင်ရေ ၁၇ ကောင်ခန့်၊ ၂၀၁၂ ခုနှစ်တွင် ၂၂ ခန့် တွေ့ရှိမှတ်တမ်းတင်ထားပြီး ၂၀၁၃ ခုနှစ်ဆန်းပိုင်းတွင် လင်းပိုင်သုံးကောင် သေဆုံးခဲ့ရာ ရှားပါးမျိုးနွယ်ဝင် လင်းပိုင်များ၏ ရှင်သန်ပေါက်ဖွားမှုမှာ စိုးရိမ်ဖွယ် အခြေအနေ ဖြစ်လာခဲ့သည်ဟု ဧရာဝတီလင်းပိုင် ထိန်းသိမ်းရေး အဖွဲ့မှ သုံးသပ်ထားသည်။

''သားပေါက် သုံးကောင်ကို တစ်နေရာတည်း တစ်ချိန်တည်းမှာ တွေ့ရတာ ၀မ်းသာစရာ အခြေအနေပါ။ ဒါပေမဲ့ နုနယ်ပြီး ခံနိုင်ရည် နည်းသေးတဲ့ ၁၀ ရက်သား (နှစ်ပတ်သား) လောက် အရွယ်ပဲ ရှိသေးတာမို့ မြစ်ကမ်းကြီးနဲ့ ကမ်းဗြူကြား ဧရိယာအတွင်းမှာ အတတ်နိုင်ဆုံး ငါးဖမ်းပိုက်မျောတာ၊ ရှော့ခ်တိုက်ငါးဖမ်းတာမျိုး မလုပ်ကြရင် အကောင်းဆုံးပါ'' ဟု ဦးဟန်ဝင်းက ပြောသည်။

ဧရာဝတီမြစ်ကြောင်းတွင် သွားလာနေသော လင်းပိုင်သားပေါက် တစ်ကောင်နှင့် မိခင်အား တွေ့ရစဉ်။ (ဓာတ်ပုံ -ဧရာဝတီလင်းပိုင်ထိန်းသိမ်းရေးအဖွဲ့)
ဧရာဝတီလင်းပိုင် ထိန်းသိမ်းရေး ဧရိယာ အတွင်း ၌ မေလဆန်းပိုင်းက သားပေါက်ေ ကာင်ရေ သုံးကောင် ပေါက်ဖွားခဲ့ကြောင်း သိရပြီး မိုးဦးကျကာလ သားပေါက်ရာသီတွင် ပထမဆုံး အကြိမ် တွေ့ ရှိမှတ်တမ်း တင် နိုင် ခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။ယင်းသို့  လင်း ပိုင်သားပေါက် သုံးကောင်ကို တစ်လ လျှင် နှစ်ကြိမ်ပြုလုပ်လျက်ရှိသော ပုံမှန်လေ့လာမှု ခရီးစဉ်၌ တွေ့ရှိခဲ့ခြင်းဖြစ်ပြီး လက်ရှိအချိန်တွင် ဧရာဝတီလင်းပိုင် အုပ်စုလိုက်မှာ မြစ်ကမ်းကြီးနှင့် ကမ်းဗြူ အကြားတွင် ကျက်စားလျက်ရှိသည်။
''မေလဆန်း လေ့လာမှု ခရီးစဉ်တုန်းက ပေါက်ဖွားတာ မတွေ့ခဲ့ရဘူး။ မေ ၁၈ ရက် ခရီးစဉ် မှာတော့ ဆယ်ရက်သားလောက် အကောင်ပေါက် သုံးကောင်နဲ့ ၁၄ ကောင်ရှိတဲ့ လင်းပိုင်အုပ် တွေ့ ရတယ်။ လင်းပိုင်း ပေါက်ဖွားတဲ့အချိန်က ဆောင်းတွင်းနဲ့ မိုးဦးကျကာလလို့ သတ်မှတ်ထားပြီး ကျွန်တော် တို့ လေ့လာမှတ်တမ်း တင်နိုင်ခဲ့တာ။ ဒီဇင်ဘာလ အတွင်းမှာ နှစ်ကြိမ်ရှိခဲ့တယ်။ မိုးဦးကျကာလ သားပေါက်ရာသီမှာ အခု ပထမဆုံး မှတ်တမ်းတင်နိုင်တာပါ'' ဟု ဧရာဝတီလင်းပိုင် ထိန်းသိမ်းရေး တာဝန်ခံ တစ်ဦးဖြစ်သူ ဦးဟန်ဝင်း (မျိုးသုဉ်း/ရှားပါး)က ပြောကြားသည်။
မင်းကွန်း-ကျောက်မြောင်းကြား ဧရာဝတီလင်းပိုင် ထိန်းသိမ်းရေး ဧရိယာအတွင်း၌ ၂၀၀၈ ခုနှစ် ၀န်းကျင်က လင်းပိုင်ကောင်ရေ ၁၇ ကောင်ခန့်၊ ၂၀၁၂ ခုနှစ်တွင် ၂၂ ခန့် တွေ့ရှိမှတ်တမ်းတင် ထားပြီး ၂၀၁၃ ခုနှစ်ဆန်းပိုင်းတွင် လင်းပိုင်သုံးကောင် သေဆုံးခဲ့ရာ ရှားပါးမျိုးနွယ်ဝင် လင်းပိုင် များ၏ ရှင်သန်ပေါက်ဖွားမှုမှာ စိုးရိမ်ဖွယ် အခြေအနေ ဖြစ်လာခဲ့သည်ဟု ဧရာဝတီလင်းပိုင် ထိန်း သိမ်းရေး အဖွဲ့မှ သုံးသပ်ထားသည်။
''သားပေါက် သုံးကောင်ကို တစ်နေရာတည်း တစ်ချိန်တည်းမှာ တွေ့ရတာ ၀မ်းသာစရာ အခြေ အနေပါ။ ဒါပေမဲ့ နုနယ်ပြီး ခံနိုင်ရည် နည်းသေးတဲ့ ၁၀ ရက်သား (နှစ်ပတ်သား) လောက် အရွယ်ပဲ ရှိသေး တာမို့ မြစ်ကမ်းကြီးနဲ့ ကမ်းဗြူကြား ဧရိယာအတွင်းမှာ အတတ်နိုင်ဆုံး ငါးဖမ်းပိုက်မျော တာ ၊ ရှော့ခ် တိုက်ငါးဖမ်းတာမျိုး မလုပ်ကြရင် အကောင်းဆုံးပါ'' ဟု ဦးဟန်ဝင်းက ပြောသည်။
 

No comments:

Post a Comment